ပငကျေးရွာ ရော်ဘာခြံမှတွေ့ရသော သတ္တုဟုယူဆရသည့် အစိတ်အပိုင်း
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ၀ဲကလိ၊ ပင၊ ၀ဲဘိုးတောင်ရွာတို့ရှိ ကန်ချုံချောင်းနှင့် ရော်ဘာခြံအတွင်းသို့ အာကာသယာဉ်ပို့ဆောင်သည့် ဒုံး၏ လောင်စာရည် (ဟီလီယန်တင့်) ဟုယူဆရသည့် ပစ္စည်းနှင့် ဆက်စပ်ပစ္စည်းအချို့ နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက်(၆)နာရီခန့်တွင် မိုးချိန်းသံကဲ့သို့ ဆက်တိုက်အသံမြည်ပြီး အရောင်တောက်ပစွာဖြင့် ကောင်းကင်မှ ကျရောက်ခဲ့ကြောင်း၊ ထိခိုက်မှုတစ်စုံတစ်ရာ မရှိကြောင်း သိရှိရပါသည်။

ကန်ချုံချောင်းမှ ဆယ်ယူရရှိသော ဟီလီယန်တင့်
“နိုဝင်ဘာလ
၂၂ရက်နေ့ နံနက် ၆ နာရီကျော်လောက်မှာ မိုးချိန်းသံလို ဆက်တိုက်အသံကျယ်
ကြားလိုက်ရပါတယ်၊ မကြာပါဘူး ဘုရားလေးဆူရပ်ကွက်က ကန်ချုံချောင်းနားမှာ
ဝါးခုတ်နေတဲ့ လူငယ်တစ်ဦး လာပြောတာနဲ့ ချောင်းထဲကို လိုက်ကြည့်ပါတယ်၊
ချောင်းရေက တိမ်နေတော့ ကြည့်လိုက်တဲ့အခါ အလုံးကြီးတစ်လုံးတွေ့ရတယ်၊
ဘာမှန်းမသိတော့ အသာလေး တုတ်နဲ့ကော်ထိုး ကြည့်ပါတယ်၊

သံဖြူဇရပ်မြို့နယ် ၀ဲကလိကျေးရွာ၊ ဘုရားလေးဆူရပ်ရှိ ကန်ချုံချောင်းတွင် ဟီလီယန်တင့်ကို တွေ့ရှိသည့် နေရာ
ဗုံးလား၊
ဘာလားသေချာမသိတော့ အနားကတပ်ကို အကြောင်းကြားပါတယ်၊ ခဏကြာတော့ တပ်က
တာဝန်ရှိသူတွေ လာဆယ်ယူသွားကြပါတယ်၊ ဒီအနီးအနားက လူတွေပြောတာကတော့
အဲဒီအလုံးကျချိန်မှာ မီးရောင်လိုတောက်နေတာ မြင်ကြတယ်လို့ ပြောပါတယ်” ဟု
ဦးဇော်နေ၀င်း(၅၁-နှစ်) ၀ဲကလိကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်က ပြောပါသည်။
အဆိုပါအလုံးသည်
ပတ်လည် (၄၃) လက်မ၊ အရှည် (၄၇) လက်မရှိကြောင်း သိရသည်၊ ယင်းနေ့ နံနက် (၆)
နာရီ ၀န်းကျင်းတွင် ပငကျေးရွာ တမံဦးပိုင်းနေ ဦးပန်း၏ ရော်ဘာခြံတွင်လည်း
အရှည် (၂ ဒသမ ၈) လက်မ၊ ဗျက် (၈) လက်မရှိသည့် သတ္တုဟု ယူဆရသည့်
ပစ္စည်းကိုလည်းကောင်း၊ ၀ဲဝင်ဂရာ ကျေးရွာ၊ ၀ဲဘိုးတောင်ရွာ၊ ရော်ဘာခြံတွင်လည်း
(၈) လက်မအရှည် သတ္တုဟု ယူဆရသည့် အပိုင်းစတိုကို တွေ့ရှိရ၍ သက်ဆိုင်ရာ
ကျေးရွာအုပ်ချုပ်ရေးမှူးမှတဆင့် သက်ဆိုင်ရာဌာနသို့ ပေးပို့အပ်ခဲ့သည်ဟု
သိရှိရသည်။
RSS Feed
Twitter
8:44 AM
Unknown

Posted in:
Posted in

Time in Rangoon 
0 comments:
Post a Comment