Wednesday, July 31, 2013





မိုးများ အဆက် မပြတ် ရွာသွန်း မှုကြောင့် ကျုံဒိုးမြို့ လမ်းများပေါ် ရေရောက်၍ ယာဉ်များ တိမ်းမှောက် ..........

29.7.2013

ကရင်ပြည်နယ် ကော့ကရိတ် မြို့နယ် ကျုံဒိုးမြို့တွင် မိုးများ အဆက်မပြတ် ရွာသွန်းမှုကြောင့် ချောင်း၊ မြစ်ရေများ ရေတိုး ခဲ့ပြီး လမ်းများ ရေကျော်၍ ကျုံဒိုးမြို့နှင့် ပတ်ဝန်းကျင် ကျေးရွာများ အသွားအလာ အခက်အခဲများ ဖြစ်ပေါ်ခဲ့ပြီး လှေများ ဖြင့်သာ သွားလာ ခဲ့ကြရသည်။

ဇူလိုင် ၂၈ ရက်တွင် မိုးများ အဆက်မပြတ် ရွာသွန်းမှုကြောင့် ကရင်ပြည်နယ်၏ အဓိကလမ်းမကြီး ကော့ကရိတ်-ကျုံဒိုး ကားလမ်းပေါ် တောင်ကျရေများ စီးဆင်းလာ၍ ဆိုင်ကယ်များ၊ ကားများနှင့် ကုန်တင် ယာဉ်ကြီးများ အသွားအလာ အခက်အခဲ ဖြစ်ပေါ်ခဲ့ပြီး ရေစီး သန်ခြင်းကြောင့် ဒိုင်နာယာဉ်နှင့် ၁၂ဘီး ယာဉ်ကြီးများ လမ်းဘေးသို့ ချော်ကာ တိမ်း မှောက်မှုများ ဖြစ်ပေါ်ခဲ့သည်။

အဆိုပါ ကားလမ်းအား ကားများနှင့် ဆိုင်ကယ်များ လမ်းကြော ပိတ်ဆို့မှုများ မဖြစ်ပေါ်စေရေး အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေး အသင်းအဖွဲ့များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံ ပြည်သူ များ စုပေါင်း၍ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

နိုင်နိုင်ထွန်း(ကျုံဒိုး)


မြန်မာနိုင်ငံအတွင်း အင်တာနက်လိုင်းများ ပြန်လည်ကောင်းမွန်
===================================
မြန်မာနိုင်ငံအတွင်း အင်တာနက် လိုင်းများ ပြန်လည်ကောင်းမွန်စေရန် ရန်ကုန်ရုံးချုပ် ပြည်ပဆက် သွယ်ရေးမှ အင်ဂျင်နီယာမှူးအဖွဲ့နှင့် ဖျာပုံမြို့ ပြည်ပ ဆက်သွယ်ရေးရုံးမှ လက်ထောက် အင်ဂျင်နီ ယာအဖွဲ့တို့ ပူးပေါင်းပြင်ဆင်ခဲ့ရာ ဇူလိုင် ၃ဝ ရက် ညနေ ၅ နာရီမှ စတင်ကာ အင်တာ နက်လိုင်းများ ပြန်လည်ကောင်းမွန်ခဲ့ ပြီ ဖြစ်သည်။

ဧရာဝတီ တိုင်းဒေသကြီး ဖျာပုံခရိုင် ဖျာပုံမြို့အနီးတွင် ပင်လယ် ရေအောက် ကေဘယ်ဆက် ကြောင်းနှင့် ဆက်သွယ်ထားသော ကုန်းတွင်းပိုင်း ဆက်ကြောင်း ပြတ်တောက်နေမှုကို အဆိုပါ အဖွဲ့နှစ်ဖွဲ့က ပူးပေါင်းကာ ရှစ်ရက်ခန့်ကြာမျှ ကြိုးစားပြင်ဆင်ခဲ့ ကြခြင်းဖြစ်သည်။

ထိုသို့ပြင်ဆင်ရာတွင် ဖျာပုံမြို့နယ် ကုလားထိပ်ကျေးရွာ ပင်လယ်ကမ်းစပ် ရှိ Beach Man Hole ရှိJoint ကို ဖွင့်ပြီး ပင်လယ်ရေအောက်ကေဘယ် နှင့် ကုန်းတွင်းပိုင်း မြေအောက် ကေဘယ်ကြိုး Joint အဆက်ကို ပြန်လည်ဆက်သွယ်နိုင်ခဲ့ရာမှ ဇူလိုင် ၃ဝ ရက် ညနေ ၅ နာရီတွင် အင်တာနက်လိုင်းများ ပြန်လည် ကောင်းမွန်သွားခြင်း ဖြစ်သည်။

အင်တာနက်ကေဘယ်ဆက်ကြောင်း ချွတ်ယွင်းသွားမှုမှာ ဖျာပုံမြို့နှင့် နှစ်မိုင် တစ်ဖာလုံနှင့် နှစ်မိုင် ခြောက်ဖာလုံကြား ကုန်းတွင်းပိုင်းမြေအောက်မြှုပ် ထားသော ပါဝါကေဘယ်ကြိုးပေါက်ပြီး ပါဝါယိုစိမ့်မှုဖြစ် ပေါ်နေခြင်းကို ပါဝါ ကေဘယ်ကြိုး အရှည်မီတာ ၅ဝဝ ဖြင့် အစားထိုးပြုပြင်ခဲ့ခြင်းဖြစ်သည်။ ယခုအခါ မြန်မာနိုင်ငံ အတွင်း အင်တာနက်လိုင်းများ ပြန်လည်ကောင်းမွန်သွားပြီဖြစ် သည်။

(မြန်မာ့အလင်း)

Saturday, July 27, 2013

ဘုရားရှင်ဟာ မဇ္ဈိမပဋိပါဒါလမ်းစဉ်ကို ဟောကြားခဲ့ပါတယ်။ မဇ္ဈိမပဋိပဒါလမ်းစဉ်ဆိုတာ အလယ်အလတ် လမ်းစဉ်ပါ။ အစွန်းမရောက်တာသည် မဇ္ဈိမပဋိပဒါလမ်းစဉ်ဖြစ်တယ်။
ကိုယ်က အကောင်းမြင်ရှိသူဆိုပြီး အားလုံးကို အကောင်းကြီး မြင်နေရင် ဒါကလည်း အစွန်းရောက်သွားတာပဲ။ မကောင်းတာကိုတော့ မကောင်းဘူးလို့ ပြတ်ပြတ်သားသား ပြောရမယ်၊ မကောင်းတာကို ကောင်းတယ်လို ပြောနေရင် အဲဒါက အစွန်းရောက်သွားတာပဲ။ အဲဒါ မဇ္ဈိမပဋိပဒါလမ်းစဉ်မဟုတ်တော့ဘူး၊ အစွန်းရောက် လမ်းစဉ် ဖြစ်တယ်။
အဲဒီလိုပဲ ကောင်းနေတဲ့လုပ်ရပ်ကိုလည်း ကောင်းတယ်လို့ ပြောရမယ်၊ မြင်ရမယ်။ ကိုယ်နဲ့မတည့်လို့၊ ကိုယ်နဲ့ အမြင်မတူလို့၊ ဘာသာမတူလို့ဆိုပြီး မကောင်းချည်းပြောနေမယ်ဆိုရင်လည်း အဲဒါလည်း အစွန်းရောက်လမ်းစဉ်ပဲ။ မဇ္ဈိမပဋိပဒါလမ်းစဉ်မဟုတ်ဘူး။ ဘုရားချီးမွမ်းတဲ့လမ်းစဉ် မဟုတ်ဘူး။
ဘယ်ကိစ္စမဆို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး အားလုံးတိုင်းမှာ မဇ္ဈိမပဋိပဒါ လမ်းစဉ်ပဲ ကောင်းတယ်။
(သီတဂူဆရာတော်ကြီး၏ ၀ါဆိုလပြည့်နေ့သြ၀ါဒကို အနှစ်ချုပ်ကြည့်ခြင်းဖြစ်ပါသည်)
Ashin Pannya'
ဘာသာရေးအစွန်းရောက်သည့် ရန်လိုမှုများကို တိုက်ဖျက်သွားရန် အစိုးရ ကြေညာချက် ထုတ်ပြန်

မြန်မာအစိုးရက ၂၀၁၃ ခုနှစ် ၊ ဇူလိုင်လ ၂၆ ရက် နေ့စွဲဖြင့်
မနေ့ကသတင်းထုတ်ပြန်ချက်တစ်ရပ်ကိုထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပ
ဒေအရ နိုင်ငံသားအားလုံးသည် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာနှင့် နတ်ကိုးကွယ်သည့်ဘာသာတို့ကို လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့် ရှိကြောင်း၂၀၁၂ ခုနှစ်၊နှင့် ၂၀၁၃ ခုနှစ်၊ အတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများကို အမြန်ဆုံး ရပ်တန့်ရန် ဆောင်ရွက်ခဲ့ပြီး ဥပဒေ ချိုးဖောက်သူများ ကိုလည်း မည်သည့် လူမျိုးနှင့် ဘာသာဝင်မဆို ခွဲခြားခြင်းမပြုဘဲ ပြစ်ဒဏ်များ ချမှတ်အရေးယူခဲ့ကြောင်း ဗုဒ္ဓဘာသာနှင့် မွတ်ဆလင် ဘာသာဝင်များအကြား ယုံကြည်မှုနှင့် သဟဇာဖြစ်မှုတို့သည် မြန်မာပြည်သူများ အကြားရေရှည် တည်ငြိမ်အေးချမ်းမှုအတွက် အရေးကြီး သည့် ကိစ္စရပ် ဖြစ်သလို ဘာသာရေး အစွန်းရောက်သည့် ရန်လို မုန်းတီးမှုများကို ဆန့်ကျင်တိုက်ဖျက်သွားရန် လိုအပ်ကြောင်းနဲ့နိုင်ငံတော် အစိုးရသည် လူမျိုးဘာသာ မခွဲခြားဘဲ ထိခိုက်နစ်နာခဲ့သူများအား ပြန်လည်နေရာချထားရေး၊ နှင့်၊ ငြိမ်းချမ်းရေးအတ
ွက် စေတနာရှင် နိုင်ငံများ၊ ကမ္ဘာ့ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၊နှင့်ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း စသဖြင့် ဖော်ပြထားပါသည်။
သမ္မတကြီး ဦးသိန်းစိန် မျိုးစောင့် ဥပဒေကို လက်ခံပြီ ။

ကျွန်တော်တို့ရဲ့ နိုင်ငံမှာ ဗုဒ္ဓဘာသာ ၊ နောက်တစ်ခါ ခရစ်ယာန်၊ ဟိန္ဒူ၊ မူဆလင် ..စသဖြင့် ဒီဘာသာကြီး ၄ မျိုးနဲ့ ပတ်သက်ပြီးတော့ အသိအမှတ်ပြုထားတဲ့ ဘာသာတွေ လည်း ဖြစ် ပါတယ်။ အဲ့ဒီတော့ မိမိ ယုံကြည်ရာ ကိုးကွယ်ခွင့် ရှိပါတယ် ။

မျိုးစောင့်ဥပဒေကို လုပ်လိုက်တာလဲ နိုင်ငံတော် ဘာသာ ဖြစ်တဲ့ ဗုဒ္ဓဘာသာ ၀င်များကို ကို ကူညီထောက်ပံ့ ခြင်း ဖြစ်တဲ့အတွက်ကောင်းတယ်လို့  ယူဆရပါတယ် ။
ကျန်တဲ့ ဘာသာတွေမှာလဲ မျိုးစောင့် ဥပဒေတွေ ရှိတယ်လို့ သိရပါတယ် ။

ဒါကြောင့် မျိုးစောင့် ဥပဒေ ကို ကျွန်တော့်အနေနဲ့  လက်ခံပါတယ် ။

သမ္မတကြီး ဦးသိန်းစိန်

Tuesday, July 23, 2013










ဝမ်းမြောက်ဖွယ်ရာ သတင်းစကား

အမေစု မျိုးစောင့် ဥပဒေအတွက် လက်မှတ်ရေးထိုးလိုက်တဲ့အတွက် ဒေါ်စု ဘဝမှ အမေစုဘဝသို့ ရောက်သွားပါပြီ။ကုလားတွေပဲတစ်ချိန်လုံးအားပေးတဲအမေစု
ကိုအမျိုးဘာသာသာသနာကိုချစ်တတ်သေးတယ်ပေါ




ဇူလိုင်လ ၂၂ ရက်နေ့က ဗဟန်းမြို့နယ်ရှီ တော်ဝင်နှင်းဆီ ခမ်းမတွင် ပြုလုပ်တဲ့ ပြည်ထောင်စု တိုင်းရင်းသား သက်ကြီးဝါရင့် နိုင်ငံရေး ခေါင်းဆောင်ကြီးများအား ဂါရ၀ပြုပွဲအခမ်းအနားတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က သက်ကြီးဝါရင့် ခေါင်းဆောင်ကြီးများအား ဦးချ ဂါရ၀ပြုစဉ်။ ဓါတ်ပုံ ဟိန်းထက်၊ မဇ္ဈိမ

Saturday, July 20, 2013


ဒီမှာ download လုပ်ပါ



မြန်မာနိုင်ငံတွင်း အဖျက်လုပ်ငန်းတွေလုပ်ဖို့ ရိုဟင်ဂျာ မွတ်စလင် ၃ဝဝ စစ်သင်တန်းတက်



မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာတွေကို နှိပ်စက်သတ်ဖြတ်မှုတွေကို တန်ပြန်ဖို့အတွက် ရိုဟင်ဂျာ မွတ်စလင် ၃ဝဝ လောက်ကို ရခိုင်ပြည်နယ်တွင်းမှာ စစ်သင်တန်း ပို့ချပေးနေတယ်လို့ အင်ဒိုနီးရှားနိုင်ငံထုတ် Jakarta Post သတင်းစာမှာ ဒီကနေ့ဖော်ပြထားပါတယ်။

အဖျက်လုပ်ငန်းရည်ရွယ်ချက်နဲ့ ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ RSO က ခေါင်းဆောင်နှစ်ဦးဟာ အင်ဒိုနီးရှားနိုင်ငံကို မကြာသေးခင်က သွားရောက်ခဲ့ပြီး လိုအပ်တဲ့အထောက်အပံ့တွေရရှိနိုင်ဖို့ သဘောထားတင်းမာတဲ့ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့လဲ သတင်းမှာဖော်ပြထားပါတယ်။ အဲဒီခေါင်းဆောင်နှစ်ဦးဟာ တိုက်ခိုက်ရေးသမားတွေ၊ လက်နက်တွေ၊ ငွေကြေးအထောက်အပံ့တွေနဲ့ ဗုံးလုပ်နည်း သင်ပြနိုင်သူတွေကို ကူညီဖို့ တောင်းခံခဲ့တယ်လို့ ဆိုပါတယ်။

အင်ဒိုနီးရှားနိုင်ငံသား Muhammad Jibril ရဲ့ အင်တာနက်ဝက်ဘ်ဆိုဒ်မှာ ရခိုင်ပြည်နယ်ထဲက ရိုဟင်ဂျာမွတ်စလင်တွေ စစ်ရေးလေ့ကျင့်နေတဲ့ ဓါတ်ပုံ ၂၈ ပုံ ကို မနေ့က ဖော်ပြထားတယ်လို့ ဆိုပါတယ်။

Muhammad Jibril ဟာ ပါကစ္စတန် နိုင်ငံ ကရာချိမြို့အခြေစိုက်တဲ့ Jemaah Islamiah (JI) အစွန်းရောက် မွတ်စလင်အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး၊ ကမ္ဘာကျော် အယ်လ်ခိုက်ဒါ အကြမ်းဖက်အဖွဲ့၊ တာလီဘန်အကြမ်းဖက်အဖွဲ့ တို့နဲ့ အဆက်အသွယ်ရှိတဲ့အတွက် အမေရိကန်ပြည်ထောင်စုက ၂ဝ၁၁ ခုနှစ်မှာ နာမည်ပျက်စာရင်းသွင်းထားခြင်းကို ခံထားရပါတယ်။

Thursday, July 11, 2013


Sunday, July 7, 2013



ဗမာပြည်ဖွား ညီနောင်များ

ဗုဒ္ဓဂယာ ဗုံးပေါက်ကွဲမှုများကြောင့် ဝမ်းနည်း စိတ်ထိခိုက်နေသည့် သီရိလင်္ကာ သမ္မတ ရာဇပက်ကသျှ ”

သီရိလင်္ကာ သမ္မတ မဟိန္ဒ ရာဇပက်ကသျှသည် အပြည်ပြည်ဆိုင်ရာတွင်လည်း ကျော်ကြားပြီး ဗုဒ္ဓဘာသာဝင်များ အတွက်လည်း ဘာသာရေးအရ ထူးမြတ်သည့် နေရာ တစ်ခုဖြစ်သည့် အိန္ဒိယနိုင်ငံ မဟာဗောဓိ စေတီတော်ကျောင်းတွင် တနင်္ဂနွေနေ့က ဆက်တိုက် ဗုံးပေါက်ကွဲမှု သတင်းကြောင့် စိတ်ထိခိုက် တုန်လှုပ်ချောက်ချားခဲ့ရသည်။

“ဒီသတင်းကြောင့် သမ္မတကြီး ရာဇပက်ကသျှ စိတ်ထိခိုက် တုန်လှုပ်ချောက်ချားခဲ့ရပါတယ်”ဟု သမ္မတ၏ မီဒီယာ ညှိနိုင်းဆောင်ရွက်ရေးမှုး ဝိဇယနန္ဒ ဟယ်ရာက ပြောကြားသည်။

သမ္မတကြီးက မဟာဗောဓိ ဘုရားကျောင်း အကြီးအကဲနှင့် စကားပြောခဲ့ကြောင်းနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် ဒေလီမြို့တော်ရှိ သီရိလင်္ကာ သံရုံးတို့ကို စုံစမ်းစစ်ဆေးပြီး ၄င်းထံ တင်ပြရန် ပြောကြားခဲ့ကြောင်း အရာရှိက ဆိုသည်။

မဟာဗောဓိ ရင်ပြင်တော်ပေါ်ရှိ လူလေးဦး အပါအဝင် ရဟန်းတော် နှစ်ပါးကို ထိခိုက်ဒဏ်ရာ ရရှိစေခဲ့သည့် တနင်္ဂနွေနေ့က ဗုံးရှစ်လုံး အတွဲလိုက် ပေါက်ကွဲခဲ့မှုသည် ဗီဟာပြည်နယ်ရှိ ဘုရားကျောင်း မြို့ ဗုဒ္ဓဂါယာကို တုန်လှုပ်သွားစေခဲ့သည်။

ဗုဒ္ဓဘာသာဝင် အများစုဖြစ်သည့် သီရိလင်္ကာနိုင်ငံမှ လူထောင်ပေါင်းများစွာသည် ဗုဒ္ဓဂါယာသို့ ဘုရားဖူးခရီးအဖြစ် သွားရောက်ကြသည်။ ၄င်းနေရာသည် ဗုဒ္ဓရှင်တော်မြတ် သဗ္ဗညုတဉာဏ်တော် ရရှိတော်မူရာ နေရာ တနည်းအားဖြင့် ဗုဒ္ဓအဖြစ်သို့ ရောက်ရှိတော်မူခဲ့ရာ နေရာဟု ဆိုကြသည်။

ယခုနှစ်အစောပိုင်းကလည်း ချနိုင်း အခြေစိုက် ဗုဒ္ဓဂါယာ အသင်းနှင့် တွဲဖက် အုပ်ချုပ်ရေး အဖွဲ့ဖြစ်သည့် မဟာဗောဓိရုံးများသည်လည်း သံသယရှိနေသည့် တမီးလ် အုပ်စုများ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသေးသည်။