Saturday, September 21, 2013

ရက္ခိတ မှ ဓညဝတီ ချစ်သားသား shared Chit Thu Sky's photo.
စစ်တွေ ကျားမသောက်တွင် ရုတ်ရုတ်ဖြစ်၍ ရဲက အခြေအနေကို လာထိန်း

(နိရဉ္စရာ- ၂၁ စက်တင်္ဘာ ၂၀၁၃)

ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ကျားမသောက် ကျေးရွာ အနီးတွင် ပြဿနာ တစ်ခု ပေါ်ပေါက်ပြီး ရုတ်ရုတ်သဲသဲ ဖြစ်သွားသဖြင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့က အခြေအနေကို အချိန်မီ လာရောက်ထိန်းသိမ်းခဲ့ရသည်ဟု သတင်း ရရှိသည်။

ဖြစ်ပွားပုံနှင့် ပတ်သက်ပြီး ကျားမသောက် ဒေသခံ ဦးမောင်ယောင်းချေက နိရဉ္စရာသို့ ယခုလို ပြောသည်။
“ ဒီနေ့နံနက်က ၉ နာရီကျော်မှာ ကျောက်တန်းချေရွာက ဦးအေးထွန်းစိန်က သင်ပုန်းတန်း တံတားနားမှာ နွားတွေကို လှန်ဖို့သွားတော့ သင်ပုန်တန်း တံတားဘက်က ဘင်္ဂလီ သုံးဦးက ဓါးနဲ့ ခုတ်ဖို့ လိုက်ရာကနေ ပြဿနာ စဖြစ်တာပါ” ဟု ဆိုသည်။

ထိုသို့ လိုက်လာရာ ဦးအေးထွန်းစိန်မှ ထွက်ပြေးပြီး သင်ပုန်းတန်း တံတားအခြား တစ်ဘက်သို့ ရောက်စဉ် ထိုအနီးတွင် နွားလှန်နေသော ရခိုင်အချို့နှင့် တွေ့သည်ဟု ဆိုသည်။ ထိုအထဲတွင် နွားလှန်နေသော ကျားမသောက်ကျေးရွာမှ ဦးမောင်မောင်လှတွင် လက်ကိုင် ဖုံးပါလာ၍ ကျားမသောက် ကျေးရွာသို့ ဖုံးဖြင့် အကြောင်းကြားရာ ရွာသားများက စုပေါင်းပြီး တုတ်ဓါးများကိုင်၍ လိုက်ပါလာသဖြင့် ကျားမသောက် အပါအ၀င် အနီးအနားကျေးရွာများရှိ ဒေသခံများ အကြားတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်ဟု ဦးမောင်ယောင်းချေက ပြောပြသည်။
၎င်းနောက်ပိုင်းတွင် ဓါးနှင့် ခုတ်ရန် ကြိုးပမ်းသူ ဘင်္ဂလီ (၃) ဦးမှာ ထွက်ပြေးသွားကြကြောင်း၊ သူတို့မှာ မည်သည့်ရွာက ဖြစ်သည်ကို မသိရှိရသေးကြောင်း၊ အနီးအနားရှိ ကတင်ပိုင် ရွာချေမှ ဖြစ်နိုင်ကြောင်း သူက ဆိုသည်။

အဆိုပါ သတင်းကြောင့် အနီးအနား ကျေးရွာများသို့ တမဟုတ်ချင်း ပျံ့နှံ့သွားရာ ရဲတပ်ဖွဲ့မှ ကားဖြင့် လိုက်ပါလာပြီး အခြေအနေကို ချက်ချင်း တည်ငြိမ်အောင် ထိန်းသိမ်းခဲ့ရသည်ဟု ဆိုသည်။


http://www.narinjara.com/burmese

Tuesday, September 17, 2013


Wednesday, September 11, 2013

photo.
အိန္ဒိယနိုင်ငံ၊ အူတရာ ပရာဒက် ပြည်နယ်တွင် ဟိန္ဒူ နှင့် မွတ်ဆလင် အဓိကရုဏ်း ဖြစ်ပွားရာ ၂၂ ဦးသေဆုံး
@@@@@@@@@@@@@@@@@@@@@

အိန္ဒိယနိုင်ငံ၊ အူတရာ ပရာဒက် ပြည်နယ်တွင် ဟိန္ဒူ နှင့် မွတ်ဆလင် အဓိကရုဏ်း ဖြစ်ပွားရာ ၂၂ ဦးသေဆုံး ခဲ့ပါသည်။ ပြည်နယ်အစိုးရ အနေဖြင့် စစ်သားရာပေါင်းများစွာ တပ်ဖြန့် ချထားပြီး တည်ငြိမ်ရေးအတွက် ဆောင်ရွက်လျက် ရှိကြောင်းသိရပါသည်။ တိုက်ခိုက်မှုများသည် လျင်မြန်စွာ ပျံနှံ့သွားကြောင်း၊ စစ်သားများသည် တစ်အိမ်တက်ဆင်း လက်နက်များအား ရှာဖွေလျက် ရှိကြောင်း၊တိုက်ခိုက် မှုများဟာ သေချာပြင်ဆင်ပြီး တိုက်ခိုက်မှုများ ဖြစ်ကြောင်း သိရပါသည်။ အူတရာ ပရာဒက် ပြည်နယ်တွင် လူဦးရေ သန်း ၂၀၀ ခန့် နေထိုင်ကြောင်းသိရပါသည်။

ps; ယခု သေဆုံးသူ ၃၀ ကျော်သွားပြီဟုသိရပါသည်

Tuesday, September 3, 2013

အဲယားကွန်းပါသော ဂျပန် RBE ရထားအား မြို့ပတ်ရထားအဖြစ် ပြေးဆွဲရန် စီစဉ်


အတွဲလိုက် အင်ဂျင်ပါဝင်ပြီး အဲယားကွန်းများ တပ်ဆင်ထားသော RBE ရထားအား မြို့ပတ်ရထားအဖြစ် ပထမဆုံး ပြေးဆွဲရန် စီစဉ်နေကြောင်း ရန်ကုန်ဘူတာကြီးမှ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

ယခုနှစ်အတွင်း ဂျပန်နိုင်ငံမှ ၀ယ်ယူလိုက်သော RBE ရထားတွဲအား စက်တင်ဘာ ၁ ရက်က ရန်ကုန်မြို့ အတွင်း စမ်းသပ်ပြေးဆွဲလျက် ရှိနေကြောင်း သိရသည်။

ရန်ကုန်ဘူတာကြီးမှ ဒုတိယရုံပိုင်ချုပ် ဦးရဲလွင်က ''အခုရောက်ရှိနေတဲ့ RBE ရထားတွဲက ဂျပန်နိုင်ငံမှာ သုံးပြီးသားကို ၀ယ်ယူထားတာ ဖြစ်ပေမယ့် အားလုံး အကောင်းအတိုင်းပါပဲ။ ရထားတွဲက ၁၀ တွဲပါတယ်။ အားလုံးမှာ အင်ဂျင်တပ်ထားတယ်။ ဂျပန်နိုင်ငံက ရထားလမ်း စနစ်နဲ့ဆိုရင်တော့ တစ်တွဲမှာ တစ်မြို့နယ်စီ တင်ပြီးတော့ တစ်ဂိတ်ကို တစ်တွဲဖြုတ်နိုင်ပေမယ့် ကျွန်တော်တို့ စီမှာတော့ မရနိုင်သေးဘူး။ ဒါပေမဲ့ အဲဒီလို ဖြစ်နိုင်အောင် နောက်ပိုင်းတွေ စီစဉ်မှာပါ'' ဟု ပြောကြားသည်။

စမ်းသပ်ပြေးဆွဲရာတွင် ရန်ကုန်မြို့ပတ် ရထားလမ်း အခြေအနေနှင့် ကိုက်ညီမှု မရှိသေးသော နေရာများ တွေ့ ရှိခဲ့ရပြီး ပြင်ဆင်မှုများ ပြုလုပ်သွားပြီး စတင်ပြေးဆွဲ သွားမည်ဖြစ်ကြောင်း ဦးရဲလွင်က ပြောကြား ခဲ့သည်။

RBE ရထားတွဲအား မြို့ပတ်ရထားအဖြစ် ပြေးဆွဲရာတွင် တစ်ဦးလျှင် ကျပ် ၃၀၀ နှုန်း ကောက်ခံသွားမည် ဖြစ်သည့်အပြင် ကျိုက်ထီးရိုးသို့ ပို့ဆောင်မည့် လမ်းကြောင်း များပါ ပြေးဆွဲသွားမည် ဖြစ်ကြောင်း ဈေးနှုန်း မသတ်မှတ် ရသေးကြောင်း သိရသည်။

ဦးရဲလွင်က ''သီတင်းကျွတ်က ရောက်တော့မယ်။ ကျိုက်ထီးရိုးကို ပြေးဆွဲဖို့လည်း စီစဉ်နေတယ်။ ရန်ကုန်ကို ရောက်တဲ့ နိုင်ငံခြားသားတွေ အနေနဲ့ကလည်း ရထားနဲ့ သွားချင်တာ ဖြစ်တဲ့အတွက် ပို့ဆောင်ဖို့ စီစဉ်နေ ပါတယ်'' ဟု ဆိုသည်။

မြန်မာနိုင်ငံရှိ ရထားလမ်း ပို့ဆောင်ရေး စနစ်များအတွက် ဂျပန်နိုင်ငံနှင့် ပူးပေါင်းလုပ်ဆောင်ရန် ၂၀၁၂ ခုနှစ် နှစ်ကုန်းပိုင်းမှ သဘောတူညီမှု ရရှိခဲ့သည့်အတွက် ရထားလမ်းများအား ဂျပန်နိုင်ငံရှိ ပညာရှင်များနှင့် ရထားလမ်း စစ်ဆေးပြုပြင်မှုများ ပြုလုပ်နေပြီ ဖြစ်ကြောင်း ရန်ကုန်ဘူတာကြီးမှ သိရသည်။

Eleven Media Group






http://www.oppositeyes.info/2013/09/blog-post_3153.html

Sunday, September 1, 2013


လူကိုယူပါဘုရားကိုချမ်းသာပေးပါ

ကမ္ဘာဂြိုလ်နှင့် အနီးဆုံးဂူဗိမာန် shared Wira Thu's photo.
“လူကိုယူပါ ဘုရားကိုချမ်းသာပေးပါ  

^^^^^^^^^^^^^^^^^^^
ရန်ကုန်တိုင်း၊ သံလျင်မြို့၊ သိပ္ပံလမ်းမှာနေသည့် ဗမာမိန်းကလေးတစ်ယောက်။ အမည်က(……)၊ အသက်(…..) နှစ်။ ဘွဲ့ရပြီးသူ
သူမအလုပ်လုပ်သည့်ဆိုင်ရှင် အိမ်အမှတ်(၁၄)၊ သီရိလမ်းမှ ဦးဝင်းမောင်+ဒေါ်သန်းသန်းဝင်း၏သား အောင်ကျော်ထွန်းနှင့် လက်ထပ်ယူကြသည်။ မယူခင် လွတ်လပ်စွာကိုးကွယ်ကြဖို့ ကတိပေးခဲ့ကြသော်လည်း ရက်ပိုင်းအတွင်း အောင်ကျော်ထွန်း သဘောထားပြောင်းလဲလာခဲ့။
နှစ်ဖက်မိဘများအိမ်မှာ မနေကြဘဲ အိမ်ငှားနေကြခြင်း၏ ရည်ရွယ်ချက်က ဘာသာရေးလွတ်လပ်မှု ရှိစေချင်၍ ဖြစ်သော်လည်း အစ္စလာမ်ဘာသာထဲ ဝင်ရမည်ဟု အောင်ကျော်ထွန်းက ဆိုလာသည်။ ဗလီတက်ပြီး ပြန်လာချိန်မှ စဖောက်ခြင်းဖြစ်သည်ဟု မိန်းကလေးက ဆိုလာသည်။
မိန်းကလေးက မကူးပြောင်းသည့်အခါ အောင်ကျော်ထွန်းက ပညာစပြတော့သည်။ ဈေးဖိုးလုံးဝ မပေးတော့။ ဟင်းချက်စရာမရှိ၍ ထမင်းမချက်ဘဲ ကောင်မလေးက သူမ မိဘများအိမ် လိုက်စားဖို့ အောင်ကျော်ထွန်းကို ခေါ်သွားသည်။ ဘုရားစင်မြင်လျှင် စားမရ-သောက်မရဟုဆိုကာ ထမင်းလည်းမစားနိုင်၊ ရေလည်းမသောက်နိုင် ဖြစ်ခဲ့သူက အောင်ကျော်ထွန်း။
ဤသို့ဖြင့် လင်မယားနှစ်ယောက်လုံး သူ့အိမ်သူပြန်စား၊ ကိုယ့်အိမ်ကိုယ်ပြန်စားစနစ်ဖြင့် ဆက်လက်ပေါင်းသင်း နေထိုင်ကြလေ၏။
မကြာလိုက်ပါ အောင်ကျော်ထွန်းက ကိုယ်ထိလက်ရောက် နှိပ်စက်ညှဉ်းပန်းမှု ပြုလာတော့သည်။ မဝင်လျှင် ကွာရှင်းပေးရမည်ဟု အောင်ကျော်ထွန်းက တောင်းဆိုလာသည်။ ကောင်မလေးက "ခုယူ ခုကွဲ မလုပ်နိုင်" အရှက်တရားဖြင့် ရပ်တည်ရသောမိန်းကလေးတစ်ယောက်ဖြစ်၍ ချက်ခြင်းကြီး မကွာရှင်းနိုင်ဟု ငြင်းဆိုလိုက်သည့် အခါ အောင်ကျော်ထွန်းက ရှေ့နေခေါ်လာပြီး လက်မှတ်ထိုး ကွာရှင်းခိုင်းတော့၏။ ကောင်မလေးဘက်မှ အသိသက်သေမရှိသည့်အခါ ဆိုင်ကယ် ကယ်ရီသမားကို လက်မှတ်ထိုးခိုင်းကြလေသည်။
15.8.2013 ရက်နေ့မှာ လက်မှတ်ထိုးကွာရှင်းပေးပြီးသည့်အခါ ကောင်မလေးက ညှဉ်းပန်းနှိပ်စက်ပြီး ဘာသာသိမ်းသွင်းမှုဖြင့် တရားစွဲလိုက်၏။ ရဲစခန်းက တရားရုံးကို ဦးတိုက် လျှောက်ခိုင်း၏။ တရားရုံးက လက်ခံပြီး ရဲကိုပင် ပြန်စစ်ဆေးခိုင်း၏။ ယခုလ (၆) ရက်နေ့ (6.9.2013) မှာ တရားခွင်မှာ စတင်စစ်ဆေးမည် ဖြစ်သည်။
အောင်ကျော်ထွန်း(ခ) ဘစ်တာ ကလည်း ပြန်တိုက်သည်။ မီးရှို့မည်၊ အကြမ်းဖက်မည်ဟု ခြိမ်းခြောက်သည်ဟု ကောင်မလေး၏ မိဘများကို ပြန်တရားစွဲခြင်း ဖြစ်၏။
သူတို့ဇာတ်လမ်းလေးက သိပ်မကြာလိုက်
3.7.2013 မှာ မန္တလေးသို့ ခိုးပြေးကြသည်။
6.7.2013 မှာ ပြန်ရောက်သည်။
15.8.2013 မှာ ကွာရှင်းသည်။
6.9.2013 မှာ တရားရုံးချိန်းသည်။
ဤမျှသာ ဖြစ်ပါ၏။
သူတို့နှစ်ယောက်သည် တိုက်အမှတ် (၆)၊ အခန်း (၄)၊ အောင်နိမိတ်လမ်း၊ အောင်မင်္ဂလာရပ်ကွက်မှာ အိမ်ငှားနေထိုင်ကြပြီးမှ ကွာရှင်းခဲ့ကြခြင်းဖြစ်ရာ အိမ်ရှင်များက မိန်းကလေးဘက်မှ သက်သေလိုက်ပေးကြမည် ဆို၏။
အောင်ကျော်ထွန်း(ခ) ဘစ်တာက ပထမ-အေးအေးဆေးဆေး သိမ်းသွင်း၏။ ဒုတိယ-အကြမ်းဖက်လာ၏။ တတိယ- ဓားကြိမ်းကြိမ်းလာ၏။
မိန်းမယူထားပြီး မိန်းမကို ဘာသာသိမ်းသွင်းနိုင်မှ ငါ့အသိုင်းအဝိုင်းမှ လက်မထောင်နိုင်မှာ။ မသိမ်းသွင်းနိုင်ရင် မျက်နှာငယ်ရတယ်။ ဘာသာခြားမိန်းကလေးတွေကို လက်ထပ်ယူပြီးရင် ဘာသာသိမ်းသွင်းရတာဟာ အစ္စလာမ်ရဲ့ တာဝန်ပဲ ဟု အောင်ကျော်ထွန်း(ခ)ဘစ်တာက အမြဲပြောသည်ဆို၏။
ယခုတော့ ဘာသာမတူ၍ အိမ်သူမဖြစ်နိုင်တော့။ တစ်ခြားမည်သည့်အကြောင်းမျှ မရှိဘဲ၊ ချစ်သူနှစ်ဦး လမ်းခွဲလိုက်ကြ၏။
ဘာသာက အဓိကလား၊ လူကအဓိကလား….?
ဘာသာကိုချစ်တာလား၊ လူကိုချစ်တာလား….?
ဘာသာကိုယူတာလား၊ လူကိုယူတာလား…..?
ဘာသာကိုလိုချင်တာလား၊ လူကိုလိုချင်တာလား….?
အားနွဲ့သည့် လူများစုကို လွတ်လပ်စွာ ကိုးကွယ်ခွင့် ပေးကြပါဗျာဟု ဗျိုး….ဟစ်လိုက်ချင်တော့၏။
လူကိုယူပါ၊ ဘုရားကိုချမ်းသာပေးပါ မစ္စတာကုလားတို့ရာ- ဟုတ်ဘူးလား….?။
အကြောင်းစုံသိလိုက-ဦးပညာဓဇ=09-421007251 သို့ဆက်သွယ်ပြီး၊ ကောင်မလေးနှင့် တိုက်ရိုက် ပြောနိုင်ပါသည်။