Sunday, October 6, 2013

 
MyanmarDaily.net shared Eleven Media Group's photo.
နောက်ဆုံးနစ်နာသွားတာက ဒီ တိုင်းပြည် ကြီး နဲ့ ဒီပြည်သူတွေချည်းပဲ
ပြောကိုမပြောချစ်တော့ဘူး မပြောချင်လည်းထပ်ထပ်ပြီးပြောနေရအုံးမယ်။
လေပါတယ်ကွာ ။
တစ်ခါဖြစ် မသိလိုက်လို့ .....
နှစ်ခါဖြစ် သတိမထားမိလို့.....
သုံးကြိမ်မှားတော့ ................။
ပဋိပက္ခ ဖြစ်စဉ်ကြောင့် သံတွဲမြို့နယ် အတွင်းရှိ အခြေခံ ပညာကျောင်း ၃၀ ကျော်မှ ကျောင်းသား၊ ကျောင်းသူဦးရေ ၇၀၂၀ လာရောက် ပညာသင်ကြားနိုင်ခြင်း မရှိ သံတွဲမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခ ဖြစ်စဉ်ကြောင့် မြို့နယ်အတွင်းရှိ အခြေခံ ပညာကျောင်း ၃၄ ကျောင်းတွင် ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူဦးရေ ၇၀၂၀ မှာ လာရောက်ပညာသင်ကြားနိုင်ခြင်း မရှိသေးကြောင်း သံတွဲမြို့နယ် ပညာရေးမှူး ဦးမောင်သိန်းရွှေက အောက်တိုဘာ ၄ ရက် ညနေပိုင်းတွင် ပြောကြားခဲ့သည်။ သံတွဲမြို့၏ ပဋိပက္ခ ဖြစ်စဉ်မှာ စက်တင်ဘာ ၂၉ ရက်တွင် စတင်ဖြစ်ပွားခဲ့ပြီး စက်တင်ဘာ ၃၀ ရက်မှ စတင်ကာ မြို့နယ်အတွင်းရှိ အခြေခံပညာ ၃၄ ကျောင်းမှ ကျောင်းသားကျောင်းသူများ အောက်တိုဘာ ၄ ရက်အထိ လာရောက်ပညာသင်ကြားခြင်း မရှိသေးကြောင်း သိရသည်။ ကျောင်းသူ ကျောင်းသားများ လာရောက်နိုင်ခြင်း မရှိသည့် အခြေခံပညာ ကျောင်းများမှာ မြို့ပေါ်တွင် ရှိသည့် ၁၁ ကျောင်းနှင့် ကျေးရွာများတွင် ရှိသည့် ၂၃ ကျောင်းတို့ဖြစ်ကြောင်း သိရသည်။ "ဒီလို ပဋိပက္ခဖြစ်စဉ် ဖြစ်ပွားနေပေမယ့် သံတွဲမြို့နယ် အတွင်းမှာရှိတဲ့ ကျောင်းတွေကို မပိတ်ခိုင်းထားဘူး။ ဒါပေမဲ့ အခက်အခဲ မျိုးစုံတွေကြောင့် ကျောင်းသားကျောင်းသူတွေ ကျောင်းမတက်နိုင်တဲ့ ကျောင်းအရေအတွက်က ၃၄ ကျောင်း ရှိပါတယ်။ အကယ်၍ ကျောင်းသားကျောင်းသူတွေ နောက်ထပ်ကျောင်း မတက်နိုင်ဘူး ဆိုရင်တော့ ပညာရေးပိုင်းကို ထိခိုက်လာနိုင်တယ်။ ဒါကြောင့် ပညာရေးက တာဝန်ရှိသူတွေက အောက်တိုဘာ ၅ ရက်မှာ ကွင်းဆင်းပြီးတော့ ကျောင်းသားမိဘတွေနဲ့ တွေ့ဆုံဆွေးနွေးမယ်။ ရရှိလာတဲ့ အဖြေကို အမြန်ဆုံး အကောင်အထည် ဖော်ပြီးတော့ ကျောင်းသားကျောင်းသူတွေ အမြန်ဆုံး ကျောင်းပြန်တက်နိုင်အောင် စီစဉ်သွားပါမယ်" ဟု သံတွဲမြို့နယ် ပညာရေးမှူး ဦးမောင်သိန်းရွှေက ဆိုသည်။ ကျောင်းသားကျောင်းသူ အများစု ကျောင်းမတက်နိုင်သည့် အခြေခံပညာ ကျောင်းများမှာ အထက်တန်းကျောင်း လေးကျောင်း၊ အထက်တန်းကျောင်းခွဲ နှစ်ကျောင်းနှင့် အလယ်တန်းကျောင်း ၂၈ ကျောင်းဖြစ်ကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။ သံတွဲမြို့နယ်အတွင်း အခြေခံပညာ ကျောင်းပေါင်း ၁၈၉ ကျောင်းတွင် ကျောင်းသားကျောင်းသူဦးရေ ၂၀၃၃၂ ရှိကာ ဆရာ၊ ဆရာမဦးရေ ၁၀၁၀ ရှိကြောင်း သိရသည်။ သံတွဲမြို့နယ် မြင်းစိုင်းမော်ရွာရှိ ပိတ်ထားသော အခြေခံပညာ မူလတန်းကျောင်းအား တွေ့ရစဉ်

0 comments:

Post a Comment