
7:47 AM

Unknown
* ရန်ကုန်မြို့ မြောက်ဥက္ကလာပ တည်းခိုခန်း တစ်ခုတွင် အမျိုးသမီး တစ်ဦး အသတ်ခံရ *
( နိရဉ္စရာ- ၂ နိုဝင်္ဘာလ ၂၀၁၃) / ခိုင်မောင်ဦး (ရန်ကုန်)
ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာမြို့ နယ်၊ တည်းခိုခန်း တစ်ခုတွင် အောက်တိုဘာလ
၃၁ ရက်နေ့က အသက်၂၆ အရွယ်ရှိ ရခိုင်အ မျိုးသမီးတစ်ဦးအသတ်ခံခဲ့ရသည်။အသတ်ခံရသူ
သူအမျိုးသမီးမှာ ရခိုင်ပြည်နယ်၊ မြေပုံမြို့၊ သဲတန်း ရပ်ကွက်မှ
ဦးသိန်းထွန်း၏ သမီး မမိမိစံ (၂၆) နှစ် ဖြစ်ကြောင်း သိရသည်။မမိမိစံ
အသက်ခံရမူနှင့် ပတ်သက်ပြီး ကိုယ်တိုင်သွားရောက် ကြည့်ခဲ့သူ မြောက်ဥက္ကလာမြို
့နယ် သာရေးနာအသင်းမှ အတွင်းရေးမှူး ဦးသန်းကြည်က နိရဉ္စရာသို
့ယခုလိုပြောသည်။“ အောက်တိုဘာလ ၃၁ ရက်နေ့ ညနေ ၈ နာရီခန့်မှာ အသတ်ခံ ရတယ်လို့
သိရပါတယ်။ ကျွန်တော် တို့ သတင်းရလို့  သွားကြည့်တာက နိုဝင်္ဘာလ ၁ ရက်နေ့ နေ
့လယ် ၃ နာရီလောက်မှာ ဆိုတော့ နည်းနည်း နောက်ကျနေပြီ။ အသက်ခံ ရတဲ့
ပုံစံကတော့ ထိုးသွင်း ဒဏ်ရာ(၁)ချက်၊ ၀ဲပခုံး ထိုးသွင်း ဒဏ်ရာ(၁)ချက်၊ နောက်
ဝဲမျက်ခုံး ဖူးယောင်ဒဏ်ရာ (၁)ချက်နဲ့ သေဆုံး နေတာကို တွေ့ရ ပါတယ်” ဟု
ယင်းက ပြောသည်။မြောက်ဥက္ကလာပမြို့ နယ် ကျောက်ရေတွင်း ရပ်ကွက်၊ တိမ်တံခွန်
အအေးခန်း ဧည့်ရိပ်မွန်တွင် တည်းခို
နေထိုင်စဉ် အသတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း၊ အသတ်ခံရသည့်နေ့က သူမသည် သူမ၏
ချစ်သူနှင့် ချိန်းဆို ထားပြီး ချစ်သူအလာကို စောင့်နေစဉ် အသတ်ခံခဲ့ရသည်ဟု
ကြားသိရကြောင်း ဦးသန်းကြည်က ဆိုသည်။သေဆုံးနေသူ မမိမိစံ၏ အနီးတွင်
လက်ပတော့ပ် ကွန်ပျူတာ တစ်လုံး၊ လက်ကိုင် ဖုန်းတစ်လုံး၊ သိုးမွှေး အရုပ်ကြီး
တစ်ရုပ်နှင့် သူငယ်ချင်းများနှင့် အတူ ရိုတ်ကူးထားတော့ ဓါက်ပုံများကို
တွေ့ရှိရပြီး၊ သူမသည် သိုးမွှေး အရုပ်ကြီးကို ပွေ့ဖက်ကာ
သေဆုံးနေကြောင်းသာရေး နာအသင်းမှ အတွင်းရေးမှူး ဦးသန်းကြည်မှ အသေးစိတ်
သူသိသမျှကို နိရဉ္စရာသို့  ပြောကြားသည်။“ ဘယ်သူ သတ်သွားတယ်ဆိုတာ
အတိအကျပြောလို့  မရသေးဘူး ။ ကျွန်တော်တို့လည်း စုံးစမ်းနေတယ်။ အငြိုး
ရန်စနဲ့ တစ်ယောက်ယောက် လာပြီး သက်သွားတာလား။ သတ်တဲ့ သူကတော့ ပြတင်းပေါက်ကနေ
ထွက်ပြေးသွားတဲ့ ပုံစံမျိုးတွေ့  ရတယ်လို့ ရဲက ပြောပါတယ်” ဟု ၎င်းမှ
ဆက်ပြောသည်။မမိမိစံအား အသက်ခံရမူနှင့် ပတ်သက်ပြီး မြောက်ဥက္ကလာပ ဆေးရုံးတွင်
စစ်ဆေးမူများ ပြုလုပ်နေပြီး ယင်း၏ မြို့နယ် ရဲစခန်းမှ (ပ)၈၈၉/၂၀၁၃၊
ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားသည်ဟု သိရသည်။တရားခံအား ဖော်ထုတ်
ဖမ်းဆီးရမိရေး အတွက် ရဲစခန်းမှ စုံစမ်း ဆောင်ရွက်လျှက်ရှိနေကြောင်း သိရှိ
ရသော်လည်း အသေးစိတ် သိရှိနိုင်ရန်အတွက် ရဲစခန်းသို့ ဆက်သွယ်ရာ အဆက်အသွယ်
မရရှိခဲ့ပါ။သူမအား သင်္ဂြိုလ်မည့် နေ့ရက်ကိုလည်း လောလောဆယ်တွင် အတိကျ
မသိရသေးကြောင်း ဦးသန်းကြည်မှ ပြောသည်။
Credit To > နိရဉ္စရာ
0 comments:
Post a Comment