Saturday, January 18, 2014

ပုံဂံမြို့ ရွှေနန်းတော်ဟိုတယ်တွင်ကျင်းပသည့် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ သီးသန့် အစည်း အဝေးနှင့် ဆက်စပ်လျက် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့် မလေးရှားနိုင်ငံ အစိုးရတို့အကြား စီးပွားရေး သိပ္ပံနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေုးဆိုင်ရာ ပူးတွဲ ကော်မရှင် တည်ထောင်မှု သဘောတူစာချုပ် လက်မှတ် ရေးထိုးပွဲ တစ်ရပ်ကို ဇန်နဝါရီ ၁၇ ရက်နေ့ က ပုဂံမြို့ ရွှေနန်းတော် ဟိုတယ်၌ ကျင်းပသည်။
မြန်မာ- မလေးရှား နှစ်နိုင်ငံ အကြား သဘောတူစာချုပ် ချုပ်ဆို *********** နေပြည်တော် ဇန်နဝါရီ ၁၇ ပုံဂံမြို့ ရွှေနန်းတော်ဟိုတယ်တွင်ကျင်းပသည့် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ သီးသန့် အစည်း အဝေးနှင့် ဆက်စပ်လျက် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့် မလေးရှားနိုင်ငံ အစိုးရတို့အကြား စီးပွားရေး သိပ္ပံနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေုးဆိုင်ရာ ပူးတွဲ ကော်မရှင် တည်ထောင်မှု သဘောတူစာချုပ် လက်မှတ် ရေးထိုးပွဲ တစ်ရပ်ကို ဇန်နဝါရီ ၁၇ ရက်နေ့ က ပုဂံမြို့ ရွှေနန်းတော် ဟိုတယ်၌ ကျင်းပသည်။ အဆိုပါ သဘောတူ စာချုပ်ကို နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် မလေးရှား နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဒါတိုဆရီအာနီဖန်အာမန်တို့က လက်မှတ်ရေးထိုးခဲ့ကြသည်။ လက်မှတ် ရေးထိုးပွဲ အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦတင်ဦးလွင်နှင့် နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဌာနမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။ မြန်မာ-မလေးရှား စီးပွားရေး သိပ္ပံနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ပူးတွဲကော်မရှင် တည်ထောင်မှု သဘောတူ စာချုပ်ကို နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက် မှုတို့ ရေရှည် တည်တံခိုင်မြဲစေရေး အတွက် တိုးမြှင့် ဆောင်ရွက်နိုင်ရေးကို အခြေခံ ၍ နှစ်နိုင်ငံ အကြား စီးပွားရေး၊ သိပ္ပံနှင့် အထောက်အကူပြု စေရန် ရည်ရွယ် ၍ လက်မှတ်ထိုးစာချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

Saturday, January 11, 2014

shared Min Burma's photo.
မလေးရှားတွင်နေထိုင်သေားမြန်မာ နိုင်ငံသားများအတွက် အရေးပေါ် ကြေ ငြာချက်၊ရှယ်ပေးပါဖြန့်ဝေပေးကြပါ။ မလေးရှား နိုင်ငံတွင်တရားမ၀င်နေထိုင်သူများအာ ယ္ခုလ (၂၀/၀၁/၁၄) မှ စတင်ပြီး စုံစမ်းစစ်ဆေးဖမ်ဆီးသွားမည်ဟု မလေးရှား နိုင်ငံ ပြည်ထဲးရေးဝန် ကြီး (DR. AHMAD Zahid Hamidi ) က တရားဝင်ထုတ်ပြန်ကြေငြာလိုက်သည်။ ယ္ခုဖမ်းဆီးမှုတွင် ပြည်ထဲးရေလက်အောက်ရှိ အဖွဲ့ (၃) ဖွဲ့ မှ ပှုပေါင် ဖမ်းဆီမည် ဖြစ်ကြောင်း နှင့် တရားမ၀င်အလုပ်သမား လက်ခံထားသေား အလုပ် ရှင် များ ကိုပါတိတိကျကျ အရေး ယူသွားမည် ဖြစ်ကြောင်းနှင့်၊ ဖမ်းဆီးရမိသေား တရားမ၀င် အလုပ်သမားများအား သက်ဆိုင်ရာ နိုင်ငံ အသီးသီး သို့ ပြန်လည် ပို့ဆောင်မည် ဖြစ်ကြောင်း။ ========================================== လက်ရှိ မလေး ရှား နိုင်ငံတွင် ရောက်ရှိနေသေား မြန်မာ နိုင်ငံသားများ အား လုံး မိမိတို့ ရဲ့ နိုင်ငံကူး လက်မှတ်များကိုယ် မိမိနှင့်တကွ အမြဲးဆောင်ထားကြပါ၊မိမိတို့ နိုင်ငံကူးလက်မှတ် များကိုယ် မိတ္တူ အပို များ ကူးထားကြပါရန်၊ UNHCR ကိုင်ဆောင်ထားသူများ မိမိတို့ ၏ UNHCR ကဒ်များ ကိုယ် မိတ္တူ အပို များ ကူးထားပြီး ရင်နှီးသေား မိတ်ဆွေများ ထံ ပေး ထားကြပါရန်၊ UNHCR ကဒ်မရသေ သူများ စာရွက်စာတမ်းကိုင်ဆောင်သူများ မိမိတို့ ရဲ့ စာရွက်စာတမ်းများအာ အပိုထား ရှိကြပါရန်နှင့်၊ မည်သည့်အထောက် အထားမှ မရှိသေား မြန်မာနိုင်ငံသား များ အသွား အလာ နှင့် မိမိတို့ အလုပ်ထဲးတွင် ဂရုစိုက်ကြပါ ရန် စေတနာရှေ့ ထား နိုးဆော်အပ်ပါတယ်ခင်ဗျား။
မိတ္ထီလာတွင် လုံခြုံရေးအခြေအနေ အရေးပေါ်တိုးမြှင့် ။
*************************************
ရန်ကုန်၊ ဇန်နဝါရီ ၁၁

ပဋိပက္ခကြောင့် လူ၅၀ ကျော် သေဆုံးခဲ့သောမိတ္ထီလာမြို့ တွင် ဇန်နဝါရီလ ၁၁ ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့သောလူသတ်မှု တစ်ခု ကြောင့် ပဋိပက္ခပြန်လည်ဖြစ်ပွားမလာစေရန် လုံခြုံရေးအခြေအနေ အရေးပေါ် တိုးမြင့်ခဲ့ကြောင်း မိတ္ထီလာမြို့နယ်အုပ်ချုပ်ရေးမှုရုံး ထံမှ သိရသည်။

မိတ္ထီလာမြို့ ပြည်သာယာရပ်ကွက် တွင် တစ်အိမ်တည်းအတူနေထိုင်သော မယားညီအကိုနှစ်ဦး အရက်အတူ သောက်ရာမှစကားများရန်ဖြစ်ခဲ့ရာ အစ်မဖြစ်သူ၏ အမျိုးသားဖြစ်သူ ဝင်းကိုကို(ခ) ဖိုးဖြူ ဝဲဘက် ဗိုက်တွင် ဓားဒဏ်ရာရရှိကာ သေဆုံးခဲ့ကြောင်း ပြည်သာရပ်ကွက်တွင် နေထိုင်သူများထံမှ စုံစမ်းသိရသည်။

ယင်းကဲသို့ လူသတ်မှုဖြစ်ပွားခဲ့ပြီး နာရီပိုင်းအတွင်း၌ ထွက်ပေါ်လာသောသတင်းများကြောင့် မိတ္ထီလာမြို့ပေါ်ရှိ လမ်းဆုံ၊ လမ်းခွများ၊ ဒုက္ခသည် စခန်းများနှင့် မိတ္ထီလာကန်၏ တံတားတို့တွင် လုံခြုံရေးများ ချထားပေးကြောင်း မိတ္ထီလာမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ သေတဲ့ လူက အမ ယောက်ကျား ဗမာ ဗုဒ္ဒဘာသာပါ၊ သတ်တာက ညီမယောက်ျား အစ္စလာမ် ဘာသာဝင်ပါ။မယား ညီအကိုနှစ်ယောက် အရက်သောက်ပြီးဖြစ်ကြတာ ” ဟု မှုခင်း ဖြစ်ပွားရာ လမ်းသို့ ရောက်ရှိနေသော အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အသင်းဝင် တစ်ဦးက ပြောကြားသည်။

The Voice Weekly

Saturday, December 28, 2013

နေပြည်တော်ထွက် ခရမ်းချဉ်သီးများ အီတလီဝယ်ယူမည်


နယ်ဈေးတစ်ခုအတွင်းမှ ခရမ်းချဉ်သီးဆိုင်တစ်ဆိုင်ကို တွေ့ရစဉ် ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)

ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ စိုက်ပျိုးဖြစ်ထွန်းသော နေပြည်တော်မှ ထွက်ရှိသည့် ခရမ်းချဉ်သီးကို အီတလီနိုင်ငံက ၀ယ်ယူတင်သွင်းမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ထိုကဲ့သို့ ၀ယ်ယူတင်သွင်းရန်အတွက် အီတလီနိုင်ငံ သံအမတ်ကြီးက လယ်/ဆည်ဝန်ကြီးဌာနနှင့် ဆက်သွယ်ညှိနှိုင်းလာခြင်းဖြစ်ပြီး ၄င်းတို့လိုအပ်သော ပမာဏနှင့် အရည်အသွေးရရှိရန်အတွက် မျိုးစေ့ပေးပြီး စိုက်ပျိုးစေမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က ဒီဇင်ဘာ ၂၆ ရက်တွင် ပြောကြားသည်။
““နေ့စဉ် ဧက ၃၆၀ က ထွက်တဲ့ဟာကို နေ့စဉ်အနှစ်ထုတ်၊ ကုန်ချောပြုလုပ်ပြီး ၀ယ်ယူတင်သွင်းဖို့ရှိပါတယ်””ဟု ၀န်ကြီးဌာနတွင်ပြုလုပ်သော လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ ပြောကြားခဲ့ခြင်းဖြစ်သည်။တစ်နိုင်ငံလုံးက လိုက်ပါဆောင်ရွက်နိုင်ရန် စံပြအဖြစ် စိုက်ပျိုးထုတ်လုပ်လျက်ရှိသော နေပြည်တော်ထွက် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကို ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ ရုရှား၊ ယူကရိန်းနိုင်ငံတို့ကလည်း ၀ယ်ယူတင်သွင်းကြမည်ဟုဆိုသည်။
ဂျပန်နိုင်ငံသည် တစ်နှစ်လျှင် အနည်းဆုံး တန် ၅၀၀၀ ၀ယ်ယူရန်ရှိပြီး ၀ယ်ယူလိုသော ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံအမည်များကိုလည်း ပေးပို့ထားပြီးဖြစ်သည်။
““ဂျပန်အကြိုက်ဆုံးကတော့ ပိန်းဥပါ””ဟု စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူက ပြောကြားသည်။

အပြည့်အစုံသို့ --> နေပြည်တော်ထွက် ခရမ်းချဉ်သီးများ အီတလီဝယ်ယူမည် http://www.myanmarcnn.com/2013/12/blog-post_3724.html#ixzz2oqA9C6uB

Cherry QQ ကားများကြောင့်တက္ကစီစလစ်များ ဈေးနှုန်းကျဆင်း


Cherry QQကားများကို အပ်နှံခွင့်ပေးလိုက်ပြီး နောက်တက္ကစီ စလစ်ဈေးနှုန်းများ ကျဆင်းသွားခဲ့ကြောင်း ကားဝယ်/ရောင်းများထံမှ သိရှိရသည်။

ဒီဇင်ဘာလ ဆန်းပိုင်းက Cherry QQ ကားများကို အပ်နှံခွင့်ပေးလိုက်ပြီး နောက်ပိုင်းထိုကားများ၏ ဈေးကွက်မှာ မြင့်တက်သွားခဲ့ပြီး ကကြီးတန်းကားများမှာ ဈေးနှုန်းများကျဆင်းသွားခဲ့သည်။ အလားတူ တက္ကစီစလစ်ဈေးကွက်၌ QQ ကားများပါဝင်လာခြင်းကြောင့် လည်းအငှားယာဉ်စလစ်ဈေးများလည်း ကျဆင်းသွားခဲ့သည်။

ယခုတစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သောစလစ်ဈေးကွက်နှင့်ပတ်သက်၍ကားဝယ်/ရောင်းတစ်ဦးက “လဆန်းပိုင်း လောက်က Cherry QQ တွေကို အပ်နှံခွင့်ပေးတယ်ဆိုတာ အတိအကျမသိကြသေးတဲ့အတွက် စလစ်ဈေးအလှုပ်အခတ်မဖြစ်ခဲ့ပါဘူး၊ ဒါပေမဲ့ Cherry QQ တွေကို တရားဝင်အပ်နှံခွင့်ပြုတယ်ဆိုတဲ့ သတင်း ထွက်ပေါ်လာပြီး နောက်ပိုင်းမှာတော့ တက္ကစီစလစ်ဈေးကွက် ကမောက်ကမ ဖြစ်သွားခဲ့ပါတယ်၊ အရင်ကသိန်းငါးဆယ်ဝန်းကျင်မှာရှိတဲ့ Cherry QQ ကားတွေကသိန်း ခြောက်ဆယ်နားကပ်သွားပြီး ၆၈သိန်းဝန်းကျင်မှာရှိတဲ့ ကကြီးတန်းကားတွေက ၆၃သိန်းနားကပ်သွားခဲ့ပါတယ်၊ မြန်မာနိုင်ငံမှာ Cherry QQ ကားတွေဘယ်လောက်ထိအပ်နှံကြမလဲဆိုတာမသိသေးတဲ့အတွက် တက္ကစီစလစ်ဈေးကခန့်မှန်းလို့မရ ဖြစ်နေပါတယ်” ဟုဆိုခဲ့သည်။
Cherry QQ ကားများအပ်နှံခွင့်ပေးခဲ့ပြီးနောက်ပိုင်း ဖြစ်ပေါ်ခဲ့သော တက္ကစီစလစ်ဈေးများမှာ Cherry QQ ကားသည် ၆၁သိန်းဝန်းကျင်၊ ကကြီးတန်းကားသည် ၆၃သိန်းဝန်းကျင်နှင့် အမည်ပေါက်တက္ကစီစလစ် တစ်စောင်သည် ကျပ် ၆၈သိန်း ၀န်းကျင် ပေါက်ဈေး ရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

အပြည့်အစုံသို့ --> Cherry QQ ကားများကြောင့်တက္ကစီစလစ်များ ဈေးနှုန်းကျဆင်း http://www.myanmarcnn.com/2013/12/cherry-qq.html#ixzz2oq9lUfSd
ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းတစ်ခု စတင်ဖြစ်ပေါ်နေပါပြီ။
Weather News Update
28-12-2013
8;23 pm
ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းတစ်ခု စတင်ဖြစ်ပေါ်နေပါပြီ။ Weather News Update 28-12-2013 8;23 pm လေထုဖိအားတိုင်းတာမှုမှာရော…၊ ပေ(၂၀၀၀)အမြင့်လေထုအတွင်း လေတိုက်ခတ်မှုတိုင်းတာချက်မှာရော…၊ မိုးလေ၀သဂြိုဟ်တုတိမ်ပုံတိုင်းတာချက်မှာရော.. ဘင်္ဂလား ပင်လယ်အော် အရှေ့တောင်ပိုင်းမှာ လေထုမငြိမ်မသက် ဖြစ်ရာကနေ အခုဆိုရင် လေဖိအားနည်းရပ်ဝန်းတစ်ခုစတင်ဖြစ်ပေါ်နေပါပြီ။ မုန်တိုင်းဖြစ်ဖို့ အလားအလာ အနေနဲ့တော့ သင်္ချာပုံစံတွက်ချက်မှုအရ ၁၂% ခန့် ရှိနေတယ်လို့ အဖြေထွက်ပါတယ်။ ဒီနှစ်မှာ မုန်တိုင်းတွေဟာ မိုးရာသီကာလအလွန်မှာ အဖြစ်များနေ ပါတယ်။ မုန်တိုင်းအဆင့်အထိ မသေချာသေးပေမယ့် ရေလုပ်သားများ အနေနဲ့တော့ လှိုင်းနဲ့လေကို သတိပြုဖို့လိုပါလိမ့်မယ်။ ဒေါက်တာထွန်းလွင်

ပဲခူးမြို့ရှိ ဗလီတစ်ခုအား မွတ်စလင်ဘာသာဝင်(၈)ဦး ၀င်ရောက်ဖျက်ဆီး

ပဲခူးမြို့၊ အမှတ်(၂)ရဲစခန်းအပိုင်၊ ဇိုင်ဂနိုင်း မြောက်ပိုင်း ရပ်ကွက်၊ (၅)လမ်းရှိ ဂျာမေဗလီအား(၂၈.၁၂.၂၀၁၃)နေ့ နေ့လည်(၁၂း၀၀)အချိန်ခန့်က မွတ်စလင်ဘာသာဝင်(၈)ဦး လာရောက်ဖျက်ဆီးမှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း Myanmar News Now မှ သတင်းရရှိ ပါတယ်။

အဆိုပါ ဗလီအား ပဲခူးမြို့ မှာ နေထိုင်သူတွေ ဖြစ်တဲ့ အီစွတ်(ခ)အောင်ကိုလတ်၊ ရာဂျဟန်(ခ)ကျော်စိုးမိုး၊ ရှဖီး(ခ)မျိုးဇော်ဝင်း၊ ဘာဘူ(ခ)ကျော်နိုင်၊ စွပ်တန်(ခ)သိန်းတန်၊ လသစ်(ခ)ရဲနောင်၊ ကာစင်(ခ) မင်းအောင်ထွန်းနှင့် စလေမန်(ခ)ဇော်လွင် တို့ က ဖျက်ဆီး ခဲ့တာဖြစ်ပါတယ်။

ဗလီအ၀င် ဘာဂျာတံခါးသော့အား ဖျက်ဆီးခြင်း၊ အလူမီနီယံ မှန်ဘောင် သော့(၂)ချောင်းအား ဖျက်ဆီးခြင်း၊ ဗလီအတွင်းရှိ သုံးထပ်သား သင်ပုန်အား ဖြုတ်ချခြင်း၊ ဗလီရုံးခန်း တံခါးသော့များအား ဖျက်ဆီးခဲ့ခြင်းများ ရှိခဲ့တယ်လို့ ဖျက်ဆီးခံရစဉ်မှာ ကိုယ်တိုင်ရှိနေတဲ့ ဂျာမေဗလီဥက္ကဌ ဦးတင်လှ က ပြောပါတယ်။

ယခုအခါ ဗလီအား လာရောက် ဖျက်ဆီးသူများအား ဦးတင်လှ မှ တရားလိုပြုလုပ်၍ ပဲခူးအမှတ်(၂)စခန်းသို့ တိုင်ကြားခဲ့ရာ စခန်းမှ (ပ)၄၄၆/၂၀၁၃ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ၂၉၅ (ဘာသာ သာသနာ ပစ္စည်းများ ဖျက်ဆီးခြင်း)/၄၄၈ (အဆောက်အဦးအတွင်း ကျူးကျော်ဝင်ရောက်ခြင်း) /၄၂၇(အကျိုးဖျက်ဆီးခြင်း)များ အရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိတယ်။