မိတ္ထီလာတွင် လုံခြုံရေးအခြေအနေ အရေးပေါ်တိုးမြှင့် ။
*************************************
ရန်ကုန်၊ ဇန်နဝါရီ ၁၁
ပဋိပက္ခကြောင့် လူ၅၀ ကျော် သေဆုံးခဲ့သောမိတ္ထီလာမြို့ တွင် ဇန်နဝါရီလ ၁၁ ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့သောလူသတ်မှု တစ်ခု ကြောင့် ပဋိပက္ခပြန်လည်ဖြစ်ပွားမလာစေရန် လုံခြုံရေးအခြေအနေ အရေးပေါ် တိုးမြင့်ခဲ့ကြောင်း မိတ္ထီလာမြို့နယ်အုပ်ချုပ်ရေးမှုရုံး ထံမှ သိရသည်။
မိတ္ထီလာမြို့ ပြည်သာယာရပ်ကွက် တွင် တစ်အိမ်တည်းအတူနေထိုင်သော မယားညီအကိုနှစ်ဦး အရက်အတူ သောက်ရာမှစကားများရန်ဖြစ်ခဲ့ရာ အစ်မဖြစ်သူ၏ အမျိုးသားဖြစ်သူ ဝင်းကိုကို(ခ) ဖိုးဖြူ ဝဲဘက် ဗိုက်တွင် ဓားဒဏ်ရာရရှိကာ သေဆုံးခဲ့ကြောင်း ပြည်သာရပ်ကွက်တွင် နေထိုင်သူများထံမှ စုံစမ်းသိရသည်။
ယင်းကဲသို့ လူသတ်မှုဖြစ်ပွားခဲ့ပြီး နာရီပိုင်းအတွင်း၌ ထွက်ပေါ်လာသောသတင်းများကြောင့် မိတ္ထီလာမြို့ပေါ်ရှိ လမ်းဆုံ၊ လမ်းခွများ၊ ဒုက္ခသည် စခန်းများနှင့် မိတ္ထီလာကန်၏ တံတားတို့တွင် လုံခြုံရေးများ ချထားပေးကြောင်း မိတ္ထီလာမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“ သေတဲ့ လူက အမ ယောက်ကျား ဗမာ ဗုဒ္ဒဘာသာပါ၊ သတ်တာက ညီမယောက်ျား အစ္စလာမ် ဘာသာဝင်ပါ။မယား ညီအကိုနှစ်ယောက် အရက်သောက်ပြီးဖြစ်ကြတာ ” ဟု မှုခင်း ဖြစ်ပွားရာ လမ်းသို့ ရောက်ရှိနေသော အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အသင်းဝင် တစ်ဦးက ပြောကြားသည်။
The Voice Weekly

RSS Feed
Twitter
11:29 PM
Unknown

Posted in

Time in Rangoon 
0 comments:
Post a Comment