ပုံဂံမြို့
ရွှေနန်းတော်ဟိုတယ်တွင်ကျင်းပသည့် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ
သီးသန့် အစည်း အဝေးနှင့် ဆက်စပ်လျက် ပြည်ထောင်စု သမ္မတ
မြန်မာနိုင်ငံတော်အစိုးရနှင့် မလေးရှားနိုင်ငံ အစိုးရတို့အကြား စီးပွားရေး
သိပ္ပံနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေုးဆိုင်ရာ ပူးတွဲ ကော်မရှင်
တည်ထောင်မှု သဘောတူစာချုပ် လက်မှတ် ရေးထိုးပွဲ တစ်ရပ်ကို ဇန်နဝါရီ ၁၇ ရက်နေ့
က ပုဂံမြို့ ရွှေနန်းတော် ဟိုတယ်၌ ကျင်းပသည်။
မြန်မာ- မလေးရှား နှစ်နိုင်ငံ အကြား သဘောတူစာချုပ် ချုပ်ဆို
***********
နေပြည်တော် ဇန်နဝါရီ ၁၇
ပုံဂံမြို့ ရွှေနန်းတော်ဟိုတယ်တွင်ကျင်းပသည့် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ
သီးသန့် အစည်း အဝေးနှင့် ဆက်စပ်လျက် ပြည်ထောင်စု သမ္မတ
မြန်မာနိုင်ငံတော်အစိုးရနှင့် မလေးရှားနိုင်ငံ အစိုးရတို့အကြား စီးပွားရေး
သိပ္ပံနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေုးဆိုင်ရာ ပူးတွဲ ကော်မရှင်
တည်ထောင်မှု သဘောတူစာချုပ် လက်မှတ် ရေးထိုးပွဲ တစ်ရပ်ကို ဇန်နဝါရီ ၁၇ ရက်နေ့
က ပုဂံမြို့ ရွှေနန်းတော် ဟိုတယ်၌ ကျင်းပသည်။
အဆိုပါ သဘောတူ စာချုပ်ကို နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးဝဏ္ဏမောင်လွင်နှင့် မလေးရှား နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး
ဒါတိုဆရီအာနီဖန်အာမန်တို့က လက်မှတ်ရေးထိုးခဲ့ကြသည်။
လက်မှတ် ရေးထိုးပွဲ အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး
ဦတင်ဦးလွင်နှင့် နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဌာနမှ
အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။
မြန်မာ-မလေးရှား စီးပွားရေး သိပ္ပံနှင့် နည်းပညာ
ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ပူးတွဲကော်မရှင် တည်ထောင်မှု သဘောတူ
စာချုပ်ကို နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက် မှုတို့ ရေရှည်
တည်တံခိုင်မြဲစေရေး အတွက် တိုးမြှင့် ဆောင်ရွက်နိုင်ရေးကို အခြေခံ ၍
နှစ်နိုင်ငံ အကြား စီးပွားရေး၊ သိပ္ပံနှင့် အထောက်အကူပြု စေရန် ရည်ရွယ် ၍
လက်မှတ်ထိုးစာချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
Saturday, January 18, 2014
Subscribe to:
Post Comments (Atom)
RSS Feed
Twitter
5:14 AM
Unknown

Posted in

Time in Rangoon 
0 comments:
Post a Comment