ပုံဂံမြို့
ရွှေနန်းတော်ဟိုတယ်တွင်ကျင်းပသည့် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ
သီးသန့် အစည်း အဝေးနှင့် ဆက်စပ်လျက် ပြည်ထောင်စု သမ္မတ
မြန်မာနိုင်ငံတော်အစိုးရနှင့် မလေးရှားနိုင်ငံ အစိုးရတို့အကြား စီးပွားရေး
သိပ္ပံနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေုးဆိုင်ရာ ပူးတွဲ ကော်မရှင်
တည်ထောင်မှု သဘောတူစာချုပ် လက်မှတ် ရေးထိုးပွဲ တစ်ရပ်ကို ဇန်နဝါရီ ၁၇ ရက်နေ့
က ပုဂံမြို့ ရွှေနန်းတော် ဟိုတယ်၌ ကျင်းပသည်။
မြန်မာ- မလေးရှား နှစ်နိုင်ငံ အကြား သဘောတူစာချုပ် ချုပ်ဆို
***********
နေပြည်တော် ဇန်နဝါရီ ၁၇
ပုံဂံမြို့ ရွှေနန်းတော်ဟိုတယ်တွင်ကျင်းပသည့် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ
သီးသန့် အစည်း အဝေးနှင့် ဆက်စပ်လျက် ပြည်ထောင်စု သမ္မတ
မြန်မာနိုင်ငံတော်အစိုးရနှင့် မလေးရှားနိုင်ငံ အစိုးရတို့အကြား စီးပွားရေး
သိပ္ပံနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေုးဆိုင်ရာ ပူးတွဲ ကော်မရှင်
တည်ထောင်မှု သဘောတူစာချုပ် လက်မှတ် ရေးထိုးပွဲ တစ်ရပ်ကို ဇန်နဝါရီ ၁၇ ရက်နေ့
က ပုဂံမြို့ ရွှေနန်းတော် ဟိုတယ်၌ ကျင်းပသည်။
အဆိုပါ သဘောတူ စာချုပ်ကို နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးဝဏ္ဏမောင်လွင်နှင့် မလေးရှား နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး
ဒါတိုဆရီအာနီဖန်အာမန်တို့က လက်မှတ်ရေးထိုးခဲ့ကြသည်။
လက်မှတ် ရေးထိုးပွဲ အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး
ဦတင်ဦးလွင်နှင့် နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဌာနမှ
အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။
မြန်မာ-မလေးရှား စီးပွားရေး သိပ္ပံနှင့် နည်းပညာ
ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ပူးတွဲကော်မရှင် တည်ထောင်မှု သဘောတူ
စာချုပ်ကို နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက် မှုတို့ ရေရှည်
တည်တံခိုင်မြဲစေရေး အတွက် တိုးမြှင့် ဆောင်ရွက်နိုင်ရေးကို အခြေခံ ၍
နှစ်နိုင်ငံ အကြား စီးပွားရေး၊ သိပ္ပံနှင့် အထောက်အကူပြု စေရန် ရည်ရွယ် ၍
လက်မှတ်ထိုးစာချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။Saturday, January 18, 2014
Saturday, January 11, 2014
11:33 PM
Unknown
မလေးရှားတွင်နေထိုင်သေားမြန်မာ နိုင်ငံသားများအတွက် အရေးပေါ် ကြေ ငြာချက်၊ရှယ်ပေးပါဖြန့်ဝေပေးကြပါ။
မလေးရှား နိုင်ငံတွင်တရားမ၀င်နေထိုင်သူများအာ ယ္ခုလ (၂၀/၀၁/၁၄) မှ
စတင်ပြီး စုံစမ်းစစ်ဆေးဖမ်ဆီးသွားမည်ဟု မလေးရှား နိုင်ငံ ပြည်ထဲးရေးဝန်
ကြီး (DR. AHMAD Zahid Hamidi ) က တရားဝင်ထုတ်ပြန်ကြေငြာလိုက်သည်။
ယ္ခုဖမ်းဆီးမှုတွင် ပြည်ထဲးရေလက်အောက်ရှိ အဖွဲ့ (၃) ဖွဲ့ မှ ပှုပေါင်
ဖမ်းဆီမည် ဖြစ်ကြောင်း နှင့် တရားမ၀င်အလုပ်သမား လက်ခံထားသေား အလုပ် ရှင်
များ ကိုပါတိတိကျကျ အရေး ယူသွားမည် ဖြစ်ကြောင်းနှင့်၊ ဖမ်းဆီးရမိသေား
တရားမ၀င် အလုပ်သမားများအား သက်ဆိုင်ရာ နိုင်ငံ အသီးသီး သို့ ပြန်လည်
ပို့ဆောင်မည် ဖြစ်ကြောင်း။
==========================================
လက်ရှိ မလေး ရှား နိုင်ငံတွင် ရောက်ရှိနေသေား မြန်မာ နိုင်ငံသားများ အား
လုံး မိမိတို့ ရဲ့ နိုင်ငံကူး လက်မှတ်များကိုယ် မိမိနှင့်တကွ
အမြဲးဆောင်ထားကြပါ၊မိမိတို့ နိုင်ငံကူးလက်မှတ် များကိုယ် မိတ္တူ အပို များ
ကူးထားကြပါရန်၊ UNHCR ကိုင်ဆောင်ထားသူများ မိမိတို့ ၏ UNHCR ကဒ်များ ကိုယ်
မိတ္တူ အပို များ ကူးထားပြီး ရင်နှီးသေား မိတ်ဆွေများ ထံ ပေး ထားကြပါရန်၊
UNHCR ကဒ်မရသေ သူများ စာရွက်စာတမ်းကိုင်ဆောင်သူများ မိမိတို့ ရဲ့
စာရွက်စာတမ်းများအာ အပိုထား ရှိကြပါရန်နှင့်၊ မည်သည့်အထောက် အထားမှ
မရှိသေား မြန်မာနိုင်ငံသား များ အသွား အလာ နှင့် မိမိတို့ အလုပ်ထဲးတွင်
ဂရုစိုက်ကြပါ ရန် စေတနာရှေ့ ထား နိုးဆော်အပ်ပါတယ်ခင်ဗျား။
11:29 PM
Unknown
မိတ္ထီလာတွင် လုံခြုံရေးအခြေအနေ အရေးပေါ်တိုးမြှင့် ။
*************************************
ရန်ကုန်၊ ဇန်နဝါရီ ၁၁
ပဋိပက္ခကြောင့် လူ၅၀ ကျော် သေဆုံးခဲ့သောမိတ္ထီလာမြို့ တွင် ဇန်နဝါရီလ ၁၁ ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့သောလူသတ်မှု တစ်ခု ကြောင့် ပဋိပက္ခပြန်လည်ဖြစ်ပွားမလာစေရန် လုံခြုံရေးအခြေအနေ အရေးပေါ် တိုးမြင့်ခဲ့ကြောင်း မိတ္ထီလာမြို့နယ်အုပ်ချုပ်ရေးမှုရုံး ထံမှ သိရသည်။
မိတ္ထီလာမြို့ ပြည်သာယာရပ်ကွက် တွင် တစ်အိမ်တည်းအတူနေထိုင်သော မယားညီအကိုနှစ်ဦး အရက်အတူ သောက်ရာမှစကားများရန်ဖြစ်ခဲ့ရာ အစ်မဖြစ်သူ၏ အမျိုးသားဖြစ်သူ ဝင်းကိုကို(ခ) ဖိုးဖြူ ဝဲဘက် ဗိုက်တွင် ဓားဒဏ်ရာရရှိကာ သေဆုံးခဲ့ကြောင်း ပြည်သာရပ်ကွက်တွင် နေထိုင်သူများထံမှ စုံစမ်းသိရသည်။
ယင်းကဲသို့ လူသတ်မှုဖြစ်ပွားခဲ့ပြီး နာရီပိုင်းအတွင်း၌ ထွက်ပေါ်လာသောသတင်းများကြောင့် မိတ္ထီလာမြို့ပေါ်ရှိ လမ်းဆုံ၊ လမ်းခွများ၊ ဒုက္ခသည် စခန်းများနှင့် မိတ္ထီလာကန်၏ တံတားတို့တွင် လုံခြုံရေးများ ချထားပေးကြောင်း မိတ္ထီလာမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“ သေတဲ့ လူက အမ ယောက်ကျား ဗမာ ဗုဒ္ဒဘာသာပါ၊ သတ်တာက ညီမယောက်ျား အစ္စလာမ် ဘာသာဝင်ပါ။မယား ညီအကိုနှစ်ယောက် အရက်သောက်ပြီးဖြစ်ကြတာ ” ဟု မှုခင်း ဖြစ်ပွားရာ လမ်းသို့ ရောက်ရှိနေသော အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အသင်းဝင် တစ်ဦးက ပြောကြားသည်။
The Voice Weekly

Subscribe to:
Comments (Atom)
RSS Feed
Twitter

Time in Rangoon 