Sunday, December 8, 2013

ကဲ ကောင်းကြသေးရဲ့လားဗျာ ။
စီးပွားရေးအဆင်မပြေလို့ KTV တို့ မာဆက်
တို့မှာလုပ်စားနေရတဲ့ ကောင်မလေးတွေကို
အာဏာပိုင်တွေက အတင်းအကျပ် ကြံ့မွတ်ပါတီဝင်ခိုင်းပြီး
မဲရအောင်ယုတ်မာနေကြပြီ ။
ဒါကြောင့်လည်း မသိမသာတစ်မျိုး
သိသိသာသာတစ်မျိုး လွှတ်ထားရတာကိုး။
အနုပညာရှင်တွေ မူးယစ်ဆေးသုံးစွဲရင်
အရေးမယူဘဲ ပေါ်လစီကားတွေ
အကျပ်ကိုင်ပြီး ရိုက်ခိုင်းတယ်ဆိုတာ အခုမှ တကယ်ယုံတော့တယ် ။်
ကေတီဗွီနှင့်မာဆက်မှ မိန်းကလေးအများအပြား ပြည်ခိုင်ဖြိုးပါတီသို့ဝင်ရောက် မုံရွာမြို့ရှိ ကေတီဗွီနှင့်မာဆက်မှ မိန်းကလေးအများအပြား ပြည်ခိုင်ဖြိုးပါတီသို့ ဝင်ရောက်နေလျက်ရှိကြာင်း သတင်းရရှိသည်။ "အာဏာပိုင်တွေနဲ့ပါတီကလူတွေနဲ့ ဆိုင်ကိုလာကြပါတယ်။ ကျွန်တော်တို့ကလည်း ဆိုင်အခြေအနေအရမို့ ဝင်ရောက်ကြရတာပါ။ တော်ကြာ ဆိုင်ကိုတစ်ခုခု လုပ်ပစ်မှာစိုးတယ်လေ။ သူတို့က ပါတီဝင်ကတ်ပြားတွေ ထုတ်ပေးပါတယ်" ဟု မုံရွာမြို့ရှိ ကေတီဗွီမန်နေဂျာတစ်ဦးက ပြောကြားသည်။ "ဟုတ်ပါတယ်။ အခုတစ်လော ကျွန်တော်တို့ဆိုင်ကို ကေတီဗွီဆိုင်က ကောင်မလေးတွေရဲ့ ပြည်ခိုင်ဖြိုးပါတီဝင်ကတ်ပြားတွေကို ပလတ်စတစ်လာလောင်းကြပါတယ်။ အခု ကျွန်တော်ရေတွက်ကြည့်သလောက် နှစ်ရာနီးပါး လောင်းပေးခဲ့ရပြီးပြီ" ဟု မုံရွာမြို့ပေါ်တွင် ကွန်ပျူတာစာစီစာရိုက်ဆိုင် ဖွင့်လှစ်ထားသူတစ်ဦးက ပြောကြားသည်။ "မသိပါဘူး။ ဂျာကြီးက နင်တို့ဝင်လိုက်ဆိုလို့ ဓာတ်ပုံတွေပေး၊ ကိုယ်ရေးအချက်အလက်တွေ ပေးလိုက်တာ။ ညီမတို့ကတော့ ဘာခံယူချက်မှမရှိပါဘူး" ဟု ကေတီဗွီဆိုင်တစ်ခုတွင် အလုပ်လုပ်နေသော မိန်းကလေးငယ်တစ်ဦးမှ ပြောသည်။ ၂၀၁၅ ရွေးကောက်ပွဲနီးလာသောကြောင့် ပြည်ခိုင်ဖြိုးပါတီမှ အာဏာပိုင်များနှင့်ပူးပေါင်းပြီး ယခုကဲ့သို့ နည်းလမ်းပေါင်းစုံဖြင့် ပါတီဝင်အရေအတွက်များစေရန် လုပ်ဆောင်နေခြင်း ဖြစ်နိုင်ကြောင်း၊ ပါတီဝင်တစ်ယောက်ဖြစ်စေရန် မဲဆွယ်စည်းရုံးနိုင်သော်လည်း ယခုကဲ့သို့ စီးပွားရေးသမားများ၏ အကြောက်တရားကို အခွင့်အရေးတစ်ခုအဖွယ်အသုံးချခြင်းမှ မဖြစ်သင့်ကြောင့် မုံရွာမြို့ရှိ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးမှ ပြောကြားသည်။

0 comments:

Post a Comment