" မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာ တက္ကသိုလ်ကျောင်းသားများ ကွန်ယက်ကို ဖွဲ့စည်းတည်ထောင်ဖို့ သင့်ပါပြီ။ "
နောက်မကျသေးပါဘူး။ ၂၀၁၄ ခုနှစ် မတိုင်မီမှာ စည်းကမ်းတကျနဲ
့
ဖွဲ့စည်းတည်ထောင်ဖို့ လိုအပ်ပါတယ်။
တက္ကသိုလ် အဖွဲ့အစည်းတွေဟာ အစိုးရကို ဆန္ဒပြဆန့်ကျင်ဖို့သက်သက်လို့
အထင်မှားအမြင်မှားတွေကို ယုံစားပြီး အသင်းအဖွဲ့ကို
ဝေးဝေးကရှောင်ရှားတတ်တဲ့စိတ်တွေကို ပယ်ဖျောက်ပစ်ကြပါ။
အခုတော့ တို့မြန်မာနိုင်ငံရဲ့ အထိမ်းအမှတ် နေ့ကြီးရက်ကြီး "အမျိုးသားနေ့"
ကို သူတို့ရဲ့ သမိုင်းဝင် နေ့တစ်နေ့အဖြစ် မှတ်တမ်းတင်ပြသွားပါပြီ။ ဒါပေမယ့်
ဒါဟာ စိတ်ပျက်စရာတော့ မဟုတ်ပါဘူး။ တက္ကသိုလ်ကျောင်းသားချင်း အတူတူ ဘယ်သူက
သွေးပိုစည်းသလဲဆိုတာကို သူတို့ဖော်ပြလိုက်တာဟာ ဗုဒ္ဓဘာသာဝင်တက္ကသိုလ်
ကျောင်းသားတွေရဲ့ ဘာသာရေးနဲ့ပတ်သက်ပြီး ချိတ်ဆက်ဆောင်ရွက်ဖို့
အိပ်ပျော်နေကြောင်းကို ဖော်ထုတ်ပြသရုံ သာမက အမျိုးသားရေးမှာ
သွေးအေးနေကြောင်းကိုပါ သတိပေးလိုက်တာပါပဲ။
ဒီတော့ တို့တွေလုပ်ဖို့လိုတယ်။ လုပ်ကိုလုပ်ရမယ်။ လုပ်ပြတာမျိုး မဟုတ်ပဲနဲ့
တစ်ကယ် လုပ်တာမျိုး ဖြစ်ဖို့လိုပါတယ်။ ကောက်ရိုးမီးလို
ဟုံးကနဲထတောက်တာမျိုး အခုဖွဲ့ နောက်ရက်မေ့လဲ မဖြစ်ဖို့ ဖွဲမီးလို တရဲရဲ
တစ်ငွေ့ငွေ့ တောက်လောင်နေမှုမျိုးနဲ့ မမေ့မလျော့ အမြဲရှိနေ
ချိတ်ဆက်နေရမှာဖြစ်ပါတယ်။
ကျောင်းပြင်ပရောက်နေလို့ မိမိကိုယ်တိုင် မဖွဲ့စည်းနိုင်ပေမယ့်
အကောင်းဆုံးဖွဲ့စည်းပေးနိုင်မယ့် တက္ကသိုလ်ပေါင်းစုံက ကျောင်းသားများကို
တိုက်တွန်းအားပေးရင်း မျှော်လင့်ချက် ကြီးကြီးထားမိနေကြောင်းပါ။
အနာဂတ်နိုင်ငံတော်နဲ့ အနာဂတ်သာသနာဟာ တက္ကသိုလ်ကျောင်းသားလူငယ်တွေရဲ့
တစ်ယောက်တစ်လက် ကျောင်းသားလက် အားကို မလွှဲမသွေရယူရမယ်ဆိုတာ အသိပေးရင်း
အောင်မြင်စွာ ဆောင်ရွက်နိုင်ကြပါစေလို့ ဆန္ဒပြုလျက်-
ကိုသီရိ ™ (8. Dec. 2013. Sunday)
ဓာတ်ပုံ- သမ္မတရုံးမှလျှို့ဝှက်သတင်းများ
0 comments:
Post a Comment