ဗမာပြည်ဖွား ညီနောင်များ shared Angle Black Angle's photo.
သာကေတမြို့နယ် မြကန်သာ သောက်သုံးရေကန်တွင် အစ္စလာမ်ဘာသာဝင် သုံးဦးက အဆိပ်ခတ်သည်ဟု သတင်းထွက်ပေါ်ပြီးနောက် သက်ဆိုင်ရာက ရေနမူနာယူပြီး စစ်ဆေးနေWednesday, 28 August 2013 23:12 ..http://www.news-eleven.com/
Eleven Media Group
အဆိပ်ခတ်သည်ဟု သတင်းထွက်ပေါ်ခဲ့သည့် သာကေတမြို့နယ်ရှိ မြကန်သာ သောက်ရေကန်အား တွေ့ရစဉ် (ဓာတ်ပုံ - အောင်ကျော်ထက်)
သာကေတမြို့နယ် ၄/တောင်ရပ်ကွက်ရှိ မြကန်သာ သောက်သုံးရေကန် အတွင်းသို့ အစ္စလာမ် ဘာသာဝင် သုံးဦး အဆိပ်လာခတ်သည်ဟု သတင်းထွက်ပေါ်ခဲ့ပြီးနောက် လူစုလူဝေး ဖြစ်ပေါ်ခဲ့သောကြောင့် သက်ဆိုင်ရာမှ အဆိုပါ သောက်သုံးရေကန်အတွင်းမှ ရေကိုနမူနာယူကာ စတင်စစ်ဆေးနေပြီဖြစ်ကြောင်း သတင်းရရှိသည်။
သြဂုတ် ၂၇ ရက် နံနက် ၁ နာရီခန့်တွင် သာကေတမြို့နယ်၊ ၄/တောင်ရပ်ကွက်ရှိ မြကန်သာ သောက်သုံးရေကန် အတွင်းသို့ အမည်မသိ အစ္စလာမ်ဘာသာဝင်သုံးဦး ဆင်းသွားပြီး ပြန်တက်လာသည်ကို ၄/မြောက်ရပ်ကွက်၊ မြို့မ (၉)လမ်းနေ ဦးထွန်းထွန်း (၄၉)နှစ်မှ မြင်တွေ့ခဲ့ရပြီး ၎င်းတို့သုံးဦးအနက် တစ်ဦးဖြစ်သူက "လုပ်ပြီးပြီလား" ဟုမေးရာ ကျန်နှစ်ဦးက "လုပ်ပြီးပြီ" ဟု ဖြေဆိုသံကြားသဖြင့် ရေကန်အတွင်းသို့ တက်ကြည့်ခဲ့ကြောင်း ရေကန်အတွင်းရှိ ရေများတွင် အစိမ်းရောင်ဆေးများ တွေ့ရှိရသဖြင့် ရေကန်အတွင်း အဆိပ်လာခတ်သည်ဟု ထင်မြင်ပြီး ၎င်းကိုယ်တိုင် ကန်အတွင်းဆင်း၍ အစိမ်းရောင်ရေများကို ခပ်ထုတ်ကာ ပတ်ဝန်းကျင်သို့ အဆိပ်လာခတ်သည်ဟု ရပ်ကွက်ရှိလူများကို ပြောကြားခဲ့ကြောင်း ရပ်ကွက်အတွင်းတွင်လည်း လူစုလူဝေးများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ထိုသို့ လူစုလူဝေး ဖြစ်ပေါ်နေကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ အကြောင်းကြားခဲ့သဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး၊ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူး၊ မြို့နယ်မီးသတ်ဦးစီးမှူး၊ မြို့နယ်ကျန်းမာရေး ဦးစီးမှူးနှင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော အဖွဲ့တို့မှ ယင်းရေကန်သို့ သွားရောက်ပြီး စစ်ဆေးခဲ့ပြီး ရေကန်အတွင်းရှိ ရေနမူနာများကိုယူကာ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှတစ်ဆင့် ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးသွားရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရေကန်အတွင်း အဆိပ်လာခတ်သည်ဟု ထင်မြင်ပြောဆိုသည့် ဦးထွန်းထွန်းအား သာကေတမြို့မ ရဲစခန်းသို့ ခေါ်ယူစစ်ဆေးခဲ့ရာ ၎င်းမှကိုယ်တိုင် မြင်တွေ့ခြင်းမရှိဘဲ ရေများပြာနေကြောင်း အမည်မသိ အမျိုးသမီးကပြော၍ သိရသဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ သွားရောက်သတင်းပို့ခဲ့သည်ဟု ထွက်ဆိုခဲ့သည်။
RSS Feed
Twitter
6:34 AM
Unknown
















Time in Rangoon 