အစ္စလာမ္မစ် စစ်သွေးကြွများ တိုက်ခိုက်မှုကြောင့် အီဂျစ်ရဲတပ်ဖွဲ့ဝင် ၂၄ ဦးသေဆုံး
အီဂျစ်နိုင်ငံ ဆိုင်းနိုင်းမြောက်ပိုင်း ရာဖာမြို့အနီး၌ ပြီးခဲ့သည့် သြဂုတ် ၁၉ ရက်က အစ္စလာမ္မစ် စစ်သွေးကြွေများ၏ ချုံခိုတိုက်ခိုက်မှုကြောင့် အီဂျစ်ရဲတပ်ဖွဲ့ဝင် အနည်းဆုံး ၂၄ ဦး သေဆုံးခဲ့ရပြီး သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း ကျန်းမာရေးနှင့် လုံခြုံရေးဌာနများက ပြောကြားခဲ့သည်။
အဆိုပါ ရဲတပ်ဖွဲ့ဝင်များသည် အစ္စရေးနယ်စပ် ဒေသအနီး ရာဖာမြို့ရှိ ၄င်းတို့၏ စစ်တန်းလျားသို့ အပြန်ခရီးတွင် စစ်သွေးကြွများက စက်သေနတ်များ၊ ဒုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့ကြခြင်းဖြစ်သည်ဟု ဆိုသည်။ ကနဦး သတင်းများအရ ပစ်ခတ်မှုများကြောင့် အပြစ်မဲ့ ပြည်သူများပါ ထိခိုက်ခဲ့ရသည်ဟု သိရသည်။ ဇူလိုင် ၃ ရက်တွင် စစ်တပ်က သမ္မတ မိုဟာမက်မော်စီကို ဖြုတ်ချချိန်ကတည်းက ယင်းဆိုင်းနိုင်းမြောက်ပိုင်း ဥပဒေအားနည်း ဒေသများ၌ အစ္စလာမ္မစ် စစ်သွေးကြွများသည် တိုက်ခိုက်မှုများ ပိုမိုမြှင့်တင်ခဲ့ကြသည်။
ရိုက်တာ

RSS Feed
Twitter
6:39 AM
Unknown

Posted in

Time in Rangoon 
0 comments:
Post a Comment