Saturday, August 3, 2013









သူတို့ ပခုံးထက်မှာ ထမ်းထားတဲ့ တာဝန်တွေဟာ
သူတို့ မိသားစု တစ်ခုတည်းအတွက်မဟုတ်ပါဘူး
မြန်မာတစ်နိုင်ငံလုံးက ပြည်သူတွေအတွက်တဲ့......

သူတို့ တိုင်းပြည်ကိုဘာလုပ်ပေးမယ် ညာလုပ်ပေးမယ် တစ်ခါမှမကြေငြာခဲ့ဘူး
လက်တွေ့ သာအကောင်ထည်ဖော်ဖို့ သာစိတ်ကူးရှိကြတယ်.....

သူတို့ တွေ တန်းတူညီမျှမှုဆိုတာကိုနားမလည်ကြဘူး
သူတို့ ရှေ့ တန်းမှာ ရိက္ခာပြတ်လို့ ဆန်ပြုတ်သောက်နေရတဲ့အခါ
တစ်နိုင်ငံလုံးက မိသားစုတွေ အေးအေးချမ်းချမ်း ထမင်းစားနိုင်လို့ 
ပီတိဖြစ်ကြတယ်.............

သူတို့ တွေ လူ့ အခွင့်ရေး ဆိုတာကို နားမလည်ကြဘူး
သူတို့ အသက်တွေကို ရင်းပြီး လစာ ၁သိန်းလောက်ဘဲရလို့ 
နိုင်ငံတကာ တပ်မတော်တွေလို လစာမျိုး တိုးပေးပါလို့ 
တစ်ခါမှ ဆန္ဒမပြကြဘူး...............

သူတို့ တွေ စစ်ခွေးခေါ်ခံရတာကို မနာကြဘူး
သူတို့ ရဲ့ မိသားစုတွေကိုတောင် အချိန်မပေးဘဲ
တိုင်းပြည်အတွက် ၂၄ နာရီ တာဝန်ထမ်းဆောင်ရင်း
ဒုက္ခသည်ပြည်သူတွေကို ကယ်တင်ခဲ့ကြတယ်..................

သူတို့ တွေကို လူသတ်သမား လို့ စွတ်စွဲခံရတဲ့အခါ စိတ်မဆိုးကြဘူး
ဒါပေမယ့် မဖော်ပြနိုင်လောက်အောင် ၀မ်းနည်းကြတယ်
စွပ်စွဲတဲ့သူကို အပြစ်မမြင်ဘဲ
ရှေးဘ၀ ၀ဋ်ကြွေးလို့ ဘဲသတ်မှတ်ခဲ့ကြတယ်...................

သူတို့ တွေမှာ ဦးနှောက်မရှိကြဘူး
မျိုးချစ်စိတ်ဆိုတဲ့ နှလုံးသားကလာတဲ့ အမိန့် တစ်ခုကြောင့်
ဝေဖန် ပုတ်ခက်စော်ကားတာတွေကိုခေါင်းငုံ့ ခံပြီး
အသက်တွေကို တိုင်းပြည်အတွက်စတေးခဲ့ကြတယ်...............

သူတို့ ကစစ်ခွေး
သူတို့ ကလူသတ်သမား
သူတို့ က ဦးနှောက်မရှိတဲ့ လူသား

ဒါပေမယ့် သူတို့ က မျိုးချစ်စိတ်တစ်ခုကြောင့် အသက်နဲ့ ရင်းပြီးစွန့် စားနေတဲ့
မြန်မာ့တပ်မတော်က စစ်သားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

0 comments:

Post a Comment