ကမ္ဘာဂြိုလ်နှင့် အနီးဆုံးဂူဗိမာန် shared Khine Myo Lynn's photo.
စစ်တွေ ဘောဒူဖ ကယ်ဆယ်ရေးစခန်း အနီးရှိ လုံခြုံရေး ရဲကင်းစခန်း တစ်ခုအား ဘင်္ဂါလီများက မီးရှို့ဖျက်ဆီး၊ သေနတ်ပစ်ခတ်ခဲ့သဖြင့် ခုနစ်ဦး ဒဏ်ရာရရှိကြောင်း ပြည်နယ်အစိုးရ အဖွဲ့မှထုတ်ပြန်ဘောဒူဖကယ်ဆယ်ရေး စခန်းအနီးရှိ လုံခြုံရေး ရဲကင်းတွင် ဘင်္ဂါလီများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားနေစဉ်
စစ်တွေမြို့နယ် အတွင်းရှိ ဘောဒူဖ ကယ်ဆယ်ရေးစခန်း အနီးရှိ ဒုက္ခသည်စခန်းတွင် တည်ဆောက်ထားသော လုံခြုံရေး ရဲကင်းစခန်း တစ်ခုအား ဘင်္ဂါလီများက မီးရှို့ဖျက်ဆီးခဲ့မှုတစ်ရပ် သြဂုတ် ၉ ရက်က ဖြစ်ပွားခဲ့သော်လည်း လူအသေအပျောက် မရှိကြောင်း၊ ဒဏ်ရာရရှိသူ ခုနစ်ဦးရှိကြောင်း ပြည်နယ်အစိုးရအဖွဲ့မှ ထုတ်ပြန်ကြေညာခဲ့သည်။
ဖြစ်စဉ်မှာ သြဂုတ် ၉ ရက် နံနက် ၁၀ နာရီက စစ်တွေမြို့နယ်၊ အုန်းတောကြီး ကျေးရွာအနီးရှိ ချောင်းအတွင်း အမျိုးသား အလောင်းတစ်လောင်း တွေ့ရှိခဲ့သဖြင့် သွားရောက်စစ်ဆေးနေစဉ် ဘင်္ဂါလီ ၅၀၀ ဦးခန့် လူစုလူဝေးဖြစ်နေပြီး လာလန်ဆိုသော ဘင်္ဂါလီတစ်ဦးမှ ဒုရဲမှူးဌေးဝင်းအား တုတ်ဖြင့်ဝင်ရောက် ရိုက်နှက်ခြင်းကြောင့် သေနတ်ပစ်ဖောက် လုစုခွဲခဲ့ရာ အုန်းတောကြီး ဒုက္ခသည်စခန်း နေထိုင်သူများဖြစ်သော လာလန် (ဘ) ဆူတန်နာဆောက် (၁၆ နှစ်)၊ မာမက်ရော်ဖိ (ဘ) မာမတ်ဇော်ကော်လီယာ (၂၅ နှစ်)နှင့် ကာမာ (ဘ) မာမတ်ရှုကူ (၂၈ နှစ်)နှင့် အခြားသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထိုနောက် အုန်းတောကြီး ကယ်ဆယ်ရေးစခန်း အနီးမှ ချောင်းဝရဲကင်းစခန်းနှင့် ယခင်နစကများ စခန်းချခဲ့ရာ လူနေအဆောင်သုံးဆောင်ကို ဘင်္ဂါလီများက မီးရှို့ခဲ့ကြောင်း ထိုသို့မီးမရှို့မီ စခန်းရှိ သေတ္တာများကို ထုခွဲကာ အသုံးအဆောင်များအား ယူဆောင်သွားကြောင်းလည်း သိရသည်။ ယင်းနောက်တွင် အုန်းတောကြီးနှင့် ဘောဒူဖ ကယ်ဆယ်ရေး စခန်းအကြားရှိ ကားလမ်းအား ဖြတ်တောက်ခြင်း၊ ကျင်းတူးထားခြင်း၊ ဆူးများထောင်ခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
လုံခြုံရေး တပ်ဖွဲ့ဝင်များအား စနစ်တကျ ချထားခဲ့ကြသော်လည်း အုန်းတောကြီးဘက်သို့ ရောက်ရှိနေသော ရဲတပ်ရင်း (၃၃)နှင့် (၁၂)တို့မှ တပ်ဖွဲ့ဝင်များအား ပြန်လည်ဆုတ်ခွာနိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။ ယင်းနှင့်ပတ်သက်ပြီး အစိုးရအဖွဲ့မှ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေး ဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က "ဘင်္ဂါလီတွေ ဒီလိုလုပ်တာ လုံခြုံရေးအတွက် ပိုဆိုးသွားနိုင်တယ်။ ကင်တားနားလာမယ် ဆိုတာကိုသိလို့ အချိန်ကိုက် လုပ်နေတာ ဖြစ်တယ်လို့ မြင်တယ်။ ရဲလုပ်ငန်းကို သူ့ဟာသူ စစ်တာဆေး တာရန်ရှာဖို့ လိုသလား။ ဒီလိုလုပ်တာ ရခိုင်တွေ လက်မခံနိုင်အောင် လုပ်နေသလိုပဲ။ ရန်မရှာရင် ရခိုင်တွေက လက်ခံမှာပေါ့။ အခု ဒီလိုလုပ်ပြတာ ရခိုင်တိုင်းရင်းသားဘက်က အယုံအကြည် ပိုပျက်လာအောင် လုပ်နေသလို ဖြစ်နေတယ်" ဟု သြဂုတ်လ ၉ ရက် ညနေ ၆ နာရီခန့်က ပြောကြားခဲ့သည်။
လက်ရှိတွင် လုံခြုံရေး တပ်ဖွဲ့များသည် စနစ်တကျ နေရာယူ စောင့်ရှောက်လျက် ရှိသော်လည်း ဘင်္ဂါလီများဘက်မှ ဆူပူသောင်းကျန်းမှုများ ဆက်လက်လုပ်ဆောင်နိုင်ခြေ ရှိသည်ဟုလည်း သံသယဖြစ်နိုင်ခြေများကို တွေ့ရှိနေရဆဲ ဖြစ်သည်ဟု သိရှိရသည်။
RSS Feed
Twitter
12:46 AM
Unknown

Posted in

Time in Rangoon 
0 comments:
Post a Comment