Saturday, August 10, 2013

Community · 11,920 likes
သွေးရောင်လွှမ်းသော ရမန်ဒါခွေးဥပုသ်လ....

အစ်ခ်ပွဲတော်အတွက် ဆုတောင်း ၀တ်ပြုပြီး ဗလီမှ ထွက်လာသော
ဘုရားဖူးများကို သေနတ်သမား တစ်စုက ပစ်ခတ် သတ်ဖြတ်တယ့်
အတွက် လူ ကိုးဦး သေဆုံးပြီး ဆယ်ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။

ပါကစ္စတန်နိုင်ငံ အနောက်တောင်ဖက်ရှိ Quetta မြို့ တွင်ရှိ ဆူနီ ဗလီ
ကျောင်း အပြင်ဖက်မှာ ဖြစ်ပွားခဲ့သော ဘာသာရေး ဂိုဏ်းခွဲများ၏
အဓိကရုဏ်း တိုက်ခိုက်မှု ဖြစ်ပါတယ်၊အဲဒီမြို့ မှာပဲ တစ်ရက်အလိုက
အသေခံ ဗုံးခွဲမှုကြောင့် လူ ၃၈ ယောက် သေဆုံးခဲ့ရသော ဖြစ်ရပ်၏
နောက်ဆက်တွဲ တိုက်ခိုက်မှုဖြစ်ပါတယ်။

အစ္စလာမ် ဘာသာဝင်တို့ ၏ ဥပုတ်သ် ဆောက်တည်ရာ ရမဿွန်လ၏
ကုန်ဆုံးရက် အထိမ်းအမှတ် အစ်ခ်ပွဲတော် စတင်ချိန်မှာ အစပျိုးလိုက်သော
သွေးထွက်သံယို တိုက်ခိုက်မှု ဖြစ်ပါတယ်၊ ဒီနှစ်ထဲမှာ တိုက်ခိုက်မှုပေါင်း
၁၁ ကြိမ် ဖြစ်ပွားခဲ့ပြီး လူပေါင်း ၁၂၀ ထက်မနဲ သေဆုံးခဲ့ပြီ ဖြစ်ပါတယ်။

ဘုရား မတူ၊ ရန်သူ ဖြစ်ရုံသာမက
ဘုရား တူသော်လည်း၊ ဂိုဏ်းမတူလျင် ရန်သူ
ဖြစ်ကြသည့် ဆူနီ၊ရှီဟိုက်ဒ် မွတ်စလင်တို့ ၏
မဆုံးနိုင်သော သတ်ပွဲများကား အခါကြီး ရက်ကြီး
ဗလီ ဘုရားကျောင်းအတွင်းမှာပါ မရှောင်တာကို
တွေ့ လိုက်ရပါတယ်။

0 comments:

Post a Comment