Saturday, December 28, 2013

နေပြည်တော်ထွက် ခရမ်းချဉ်သီးများ အီတလီဝယ်ယူမည်


နယ်ဈေးတစ်ခုအတွင်းမှ ခရမ်းချဉ်သီးဆိုင်တစ်ဆိုင်ကို တွေ့ရစဉ် ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)

ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ စိုက်ပျိုးဖြစ်ထွန်းသော နေပြည်တော်မှ ထွက်ရှိသည့် ခရမ်းချဉ်သီးကို အီတလီနိုင်ငံက ၀ယ်ယူတင်သွင်းမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ထိုကဲ့သို့ ၀ယ်ယူတင်သွင်းရန်အတွက် အီတလီနိုင်ငံ သံအမတ်ကြီးက လယ်/ဆည်ဝန်ကြီးဌာနနှင့် ဆက်သွယ်ညှိနှိုင်းလာခြင်းဖြစ်ပြီး ၄င်းတို့လိုအပ်သော ပမာဏနှင့် အရည်အသွေးရရှိရန်အတွက် မျိုးစေ့ပေးပြီး စိုက်ပျိုးစေမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က ဒီဇင်ဘာ ၂၆ ရက်တွင် ပြောကြားသည်။
““နေ့စဉ် ဧက ၃၆၀ က ထွက်တဲ့ဟာကို နေ့စဉ်အနှစ်ထုတ်၊ ကုန်ချောပြုလုပ်ပြီး ၀ယ်ယူတင်သွင်းဖို့ရှိပါတယ်””ဟု ၀န်ကြီးဌာနတွင်ပြုလုပ်သော လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ ပြောကြားခဲ့ခြင်းဖြစ်သည်။တစ်နိုင်ငံလုံးက လိုက်ပါဆောင်ရွက်နိုင်ရန် စံပြအဖြစ် စိုက်ပျိုးထုတ်လုပ်လျက်ရှိသော နေပြည်တော်ထွက် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကို ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ ရုရှား၊ ယူကရိန်းနိုင်ငံတို့ကလည်း ၀ယ်ယူတင်သွင်းကြမည်ဟုဆိုသည်။
ဂျပန်နိုင်ငံသည် တစ်နှစ်လျှင် အနည်းဆုံး တန် ၅၀၀၀ ၀ယ်ယူရန်ရှိပြီး ၀ယ်ယူလိုသော ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံအမည်များကိုလည်း ပေးပို့ထားပြီးဖြစ်သည်။
““ဂျပန်အကြိုက်ဆုံးကတော့ ပိန်းဥပါ””ဟု စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူက ပြောကြားသည်။

အပြည့်အစုံသို့ --> နေပြည်တော်ထွက် ခရမ်းချဉ်သီးများ အီတလီဝယ်ယူမည် http://www.myanmarcnn.com/2013/12/blog-post_3724.html#ixzz2oqA9C6uB

Cherry QQ ကားများကြောင့်တက္ကစီစလစ်များ ဈေးနှုန်းကျဆင်း


Cherry QQကားများကို အပ်နှံခွင့်ပေးလိုက်ပြီး နောက်တက္ကစီ စလစ်ဈေးနှုန်းများ ကျဆင်းသွားခဲ့ကြောင်း ကားဝယ်/ရောင်းများထံမှ သိရှိရသည်။

ဒီဇင်ဘာလ ဆန်းပိုင်းက Cherry QQ ကားများကို အပ်နှံခွင့်ပေးလိုက်ပြီး နောက်ပိုင်းထိုကားများ၏ ဈေးကွက်မှာ မြင့်တက်သွားခဲ့ပြီး ကကြီးတန်းကားများမှာ ဈေးနှုန်းများကျဆင်းသွားခဲ့သည်။ အလားတူ တက္ကစီစလစ်ဈေးကွက်၌ QQ ကားများပါဝင်လာခြင်းကြောင့် လည်းအငှားယာဉ်စလစ်ဈေးများလည်း ကျဆင်းသွားခဲ့သည်။

ယခုတစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သောစလစ်ဈေးကွက်နှင့်ပတ်သက်၍ကားဝယ်/ရောင်းတစ်ဦးက “လဆန်းပိုင်း လောက်က Cherry QQ တွေကို အပ်နှံခွင့်ပေးတယ်ဆိုတာ အတိအကျမသိကြသေးတဲ့အတွက် စလစ်ဈေးအလှုပ်အခတ်မဖြစ်ခဲ့ပါဘူး၊ ဒါပေမဲ့ Cherry QQ တွေကို တရားဝင်အပ်နှံခွင့်ပြုတယ်ဆိုတဲ့ သတင်း ထွက်ပေါ်လာပြီး နောက်ပိုင်းမှာတော့ တက္ကစီစလစ်ဈေးကွက် ကမောက်ကမ ဖြစ်သွားခဲ့ပါတယ်၊ အရင်ကသိန်းငါးဆယ်ဝန်းကျင်မှာရှိတဲ့ Cherry QQ ကားတွေကသိန်း ခြောက်ဆယ်နားကပ်သွားပြီး ၆၈သိန်းဝန်းကျင်မှာရှိတဲ့ ကကြီးတန်းကားတွေက ၆၃သိန်းနားကပ်သွားခဲ့ပါတယ်၊ မြန်မာနိုင်ငံမှာ Cherry QQ ကားတွေဘယ်လောက်ထိအပ်နှံကြမလဲဆိုတာမသိသေးတဲ့အတွက် တက္ကစီစလစ်ဈေးကခန့်မှန်းလို့မရ ဖြစ်နေပါတယ်” ဟုဆိုခဲ့သည်။
Cherry QQ ကားများအပ်နှံခွင့်ပေးခဲ့ပြီးနောက်ပိုင်း ဖြစ်ပေါ်ခဲ့သော တက္ကစီစလစ်ဈေးများမှာ Cherry QQ ကားသည် ၆၁သိန်းဝန်းကျင်၊ ကကြီးတန်းကားသည် ၆၃သိန်းဝန်းကျင်နှင့် အမည်ပေါက်တက္ကစီစလစ် တစ်စောင်သည် ကျပ် ၆၈သိန်း ၀န်းကျင် ပေါက်ဈေး ရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

အပြည့်အစုံသို့ --> Cherry QQ ကားများကြောင့်တက္ကစီစလစ်များ ဈေးနှုန်းကျဆင်း http://www.myanmarcnn.com/2013/12/cherry-qq.html#ixzz2oq9lUfSd
ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းတစ်ခု စတင်ဖြစ်ပေါ်နေပါပြီ။
Weather News Update
28-12-2013
8;23 pm
ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းတစ်ခု စတင်ဖြစ်ပေါ်နေပါပြီ။ Weather News Update 28-12-2013 8;23 pm လေထုဖိအားတိုင်းတာမှုမှာရော…၊ ပေ(၂၀၀၀)အမြင့်လေထုအတွင်း လေတိုက်ခတ်မှုတိုင်းတာချက်မှာရော…၊ မိုးလေ၀သဂြိုဟ်တုတိမ်ပုံတိုင်းတာချက်မှာရော.. ဘင်္ဂလား ပင်လယ်အော် အရှေ့တောင်ပိုင်းမှာ လေထုမငြိမ်မသက် ဖြစ်ရာကနေ အခုဆိုရင် လေဖိအားနည်းရပ်ဝန်းတစ်ခုစတင်ဖြစ်ပေါ်နေပါပြီ။ မုန်တိုင်းဖြစ်ဖို့ အလားအလာ အနေနဲ့တော့ သင်္ချာပုံစံတွက်ချက်မှုအရ ၁၂% ခန့် ရှိနေတယ်လို့ အဖြေထွက်ပါတယ်။ ဒီနှစ်မှာ မုန်တိုင်းတွေဟာ မိုးရာသီကာလအလွန်မှာ အဖြစ်များနေ ပါတယ်။ မုန်တိုင်းအဆင့်အထိ မသေချာသေးပေမယ့် ရေလုပ်သားများ အနေနဲ့တော့ လှိုင်းနဲ့လေကို သတိပြုဖို့လိုပါလိမ့်မယ်။ ဒေါက်တာထွန်းလွင်

ပဲခူးမြို့ရှိ ဗလီတစ်ခုအား မွတ်စလင်ဘာသာဝင်(၈)ဦး ၀င်ရောက်ဖျက်ဆီး

ပဲခူးမြို့၊ အမှတ်(၂)ရဲစခန်းအပိုင်၊ ဇိုင်ဂနိုင်း မြောက်ပိုင်း ရပ်ကွက်၊ (၅)လမ်းရှိ ဂျာမေဗလီအား(၂၈.၁၂.၂၀၁၃)နေ့ နေ့လည်(၁၂း၀၀)အချိန်ခန့်က မွတ်စလင်ဘာသာဝင်(၈)ဦး လာရောက်ဖျက်ဆီးမှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း Myanmar News Now မှ သတင်းရရှိ ပါတယ်။

အဆိုပါ ဗလီအား ပဲခူးမြို့ မှာ နေထိုင်သူတွေ ဖြစ်တဲ့ အီစွတ်(ခ)အောင်ကိုလတ်၊ ရာဂျဟန်(ခ)ကျော်စိုးမိုး၊ ရှဖီး(ခ)မျိုးဇော်ဝင်း၊ ဘာဘူ(ခ)ကျော်နိုင်၊ စွပ်တန်(ခ)သိန်းတန်၊ လသစ်(ခ)ရဲနောင်၊ ကာစင်(ခ) မင်းအောင်ထွန်းနှင့် စလေမန်(ခ)ဇော်လွင် တို့ က ဖျက်ဆီး ခဲ့တာဖြစ်ပါတယ်။

ဗလီအ၀င် ဘာဂျာတံခါးသော့အား ဖျက်ဆီးခြင်း၊ အလူမီနီယံ မှန်ဘောင် သော့(၂)ချောင်းအား ဖျက်ဆီးခြင်း၊ ဗလီအတွင်းရှိ သုံးထပ်သား သင်ပုန်အား ဖြုတ်ချခြင်း၊ ဗလီရုံးခန်း တံခါးသော့များအား ဖျက်ဆီးခဲ့ခြင်းများ ရှိခဲ့တယ်လို့ ဖျက်ဆီးခံရစဉ်မှာ ကိုယ်တိုင်ရှိနေတဲ့ ဂျာမေဗလီဥက္ကဌ ဦးတင်လှ က ပြောပါတယ်။

ယခုအခါ ဗလီအား လာရောက် ဖျက်ဆီးသူများအား ဦးတင်လှ မှ တရားလိုပြုလုပ်၍ ပဲခူးအမှတ်(၂)စခန်းသို့ တိုင်ကြားခဲ့ရာ စခန်းမှ (ပ)၄၄၆/၂၀၁၃ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ၂၉၅ (ဘာသာ သာသနာ ပစ္စည်းများ ဖျက်ဆီးခြင်း)/၄၄၈ (အဆောက်အဦးအတွင်း ကျူးကျော်ဝင်ရောက်ခြင်း) /၄၂၇(အကျိုးဖျက်ဆီးခြင်း)များ အရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိတယ်။  




Thursday, December 26, 2013


မလေးရှားမှာ မြန်မာတွေ ရန်ပြုခံရတဲ့အတွက် ပုန်းအောင်းနေရ



မလေးရှားနိုင်ငံ အရှေ့ဘက် သင်္ဘောကျင်းတစ်ခုမှာ မြန်မာအလုပ်သမားတွေကို အင်ဒိုနီးရှား အလုပ်သမားတွေက ရန်ပြုဖို့ကြိုးစားနေတဲ့အတွက် မြန်မာ ၉၇ ဦး ပုန်းအောင်းနေရပြီး အကူအညီ စောင့်ဆိုင်းနေကြတယ်လို့ သိရပါတယ်။

ဆာရာဝပ်ပြည်နယ်နဲ့ ဘရူနိုင်းလ်နိုင်ငံနယ်စပ် အာဆီယံတံတားအနီးက ရှင်ယန်းသင်္ဘောကျင်းမှာ အလုပ်လုပ်နေတဲ့ မြန်မာတွေထဲက တချို့ တနင်္လာနေ့ညနေက ဈေးဝယ်ထွက်ချိန်မှာ ရန်ပြုခံရပြီးတဲ့နောက် အခြေအနေပိုဆိုးလာခဲ့ပြီး မနေ့ညကတော့ အဲဒီနေရာက မြန်မာအားလုံး ဂိုဒေါင်တစ်ခုမှာ ပုန်းအောင်းနေရတာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ အဲဒီပုန်းနေတဲ့ မြန်မာတွေထဲက ကိုတင်ဦးကို တယ်လီဖုန်း အဆက်အသွယ်ရပြီး မေးကြည့်တဲ့အခါ သူတို့ဟာ မြန်မာသံရုံး အပါအဝင် အခြားမြန်မာအသိုင်းအဝိုင်းကို ဆက်သွယ်ပြီး အကူအညီ တောင်းထားတယ်လို့ ဆိုပါတယ်။

“မြန်မာ ၉၇ ယောက်ထဲမှာ ကျနော်ပါပါတယ်၊ ကျနော်တို့ ဒုက္ခရောက်နေလို့ပါ၊ အကုန်လုံးလက်နက်ကိုင်တဲ့ ပုံစံမျိုးနဲ့ ခြိမ်းခြောက်ခံနေရတာပါ၊ ကျနော်တို့ ဂိုထောင်တစ်ခုထဲမှာ မြန်မာအကုန်လုံးစုပြီးတော့ နေနေရတဲ့အခြေအနေပါ”

နိုင်ငံတော်သမ္မတရုံးက အရာရှိတစ်ဦးအဖြစ် လူသိများတဲ့ မှူးဇော်အမည်နဲ့ ဖေ့ဆ်ဘွတ်အင်တာနက် စာမျက်နှာမှာ ဒီကိစ္စနဲ့ပတ်သက်လို့ မလေးရှားမှာရှိတဲ့ မြန်မာအလုပ်သမားအရာရှိက အာဘာဖီကုမ္ပဏီနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့အကြောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီးကိုယ်တိုင်ဦးစီးပြီး မလေးနဲ့ ဘရူနိုင်းက မြန်မာသံရုံးတွေ၊ သက်ဆိုင်ရာနိုင်ငံအစိုးရတွေနဲ့ ဆက်သွယ်ပြီး အကာအကွယ်ပေးနိုင်ဖို့ အမြန်ဆုံး ဆောင်ရွက်နေတယ်လို့ ရေးသားဖေါ်ပြထားပါတယ်။ အာဘာဖီကုမ္ပဏီဆိုတာက အဲဒီအလုပ်သမားတွေကို ပို့ပေးတဲ့ကုမ္ပဏီဖြစ်တယ်လို့ ဆိုပါတယ်။

အလုပ်သမားတွေကတော့ သူတို့အတွက် အန္တရာယ်ကြီးနေတဲ့အတွက် အမြန်ဆုံးနေရပ်ပြန်ဖို့ပဲ ဆန္ဒရှိကြတယ်လို့ ပြောပါတယ်။

အပြည့်အစုံသို့ --> မလေးရှားမှာ မြန်မာတွေ ရန်ပြုခံရတဲ့အတွက် ပုန်းအောင်းနေရ http://www.myanmarcnn.com/2013/12/blog-post_2585.html#ixzz2oZESVIw1
ဘန်ကာက်ကနေ မဲဆောက်ကို ပြန်တာပဲဖြစ်ဖြစ်..မဲဆောက်ကနေ ဘန်ကောက်ကိုပြန်တက်တာပဲဖြစ်ဖြစ် ဒီလုထူကားကိုတော့ လုံးဝမစီးကြပါနဲ့..... ကားဒရိုင်ဘာဟာ လမ်းတလျှောက်မှာရှိသမျှ ရဲပုလိပ်ဂိတ်တွေနဲ့ ပေါင်းကြံပီး စာရွက်စာတမ်းစုံလင်စွာပါသူတွေရော မပါသူတွေရောကိုပါ ငွေညှစ်ကောက်ခံခိုင်းသူဖြစ်လို့ပါ...ဒီကားနံပါတ်လေးကို သေချာမှတ်ထားပီး မိမိတို့နဲ့နီးစပ်ရာသူငယ်ချင်းတွေကိုလည်း လက်တို့ပေးကြပါဦး.... (မယုံမရှိနဲ့...ကျနော် ကိုယ်တွေ့ဖြစ်ရပ်လေးပါ..ကျနော်တို့လို အခြားမြန်မာများလည်း ဒီလိုအဖြစ်မျိုး မကြုံရအောင် တဆင့်ပြန်လည် ပြောပြတာပါ)
DKBA ခေါင်းဆောင် ဗိုလ်ချုပ်စောလားပွယ် ရန်ကုန်တွင် ကင်ဆာရောဂါ လာရောက်ကုသ


ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA) ခေါင်းဆောင် ဗိုလ်ချုပ်စောလားပွယ် (ခေါ်) ဗိုလ်နှုတ်ခမ်းမွေးသည် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ ပင်လုံဆေးရုံတွင် ကင်ဆာရောဂါ ဆေးကုသမှု ခံယူနေကြောင်း မြန်မာ ငြိမ်းချမ်းရေးစင်တာ (MPC) မှ ဦးလှမောင်ရွှေက ပြောကြားသည်။

ဗိုလ်ချုပ် စောလားပွယ်သည် ကင်ဆာရောဂါ ကုသရန်အတွက် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ပြည်တွင်းသို့ ရောက်ရှိလာခြင်း ဖြစ်ကြောင်း ၎င်းက ထပ်မံပြောဆိုသည်။

“ဆေးရုံကို ရောက်နေတာ နှစ်ရက်လောက်ရှိပြီ။ ကင်ဆာလို့ပဲ သိပါတယ်။ အသေးစိတ်ကို မသိသေးပါဘူး” ဟု ၎င်းကဆိုသည်။

ယင်းအပြင် ဗိုလ်ချုပ် စောလားပွယ်၏ ကင်ဆာရောဂါကို ပြည်ပသို့ သွားရောက် ကုသရန် လိုအပ်သဖြင့် အစိုးရက နိုင်ငံကူး လက်မှတ် ပြုလုပ်ပေးနေကြောင်း MPC ထံမှ သိရသည်။

ဗိုလ်ချုပ် စောလားပွယ်၏ ရောဂါကို ပြည်ပသို့ သွားရောက် ကုသရန် အစိုးရ အကူအညီ လိုအပ်သောကြောင့် ပြည်တွင်းရှိ


အပြည့်အစုံသို့ --> DKBA ခေါင်းဆောင် ဗိုလ်ချုပ်စောလားပွယ် ရန်ကုန်တွင် ကင်ဆာရောဂါ လာရောက်ကုသ http://www.myanmarcnn.com/2013/12/dkba.html#ixzz2oZ8TAO69



================================================
ယခုသတင်းနှင့်အလားတူ အရေးကြီးသတင်း၊ စိတ်ဝင်စားဖွယ်သတင်း၊ အိုင်တီနည်းပညာများ၊ ကျန်းမာရေးဆောင်းပါးများ၊ နိုင်ငံရေး၊ မှုခင်း၊ အားကစား၊ ထူးဆန်းထွေလာ၊ ရာသီဥတုသတင်း ဟာသများနဲ့ ရသစာပေများကို အချိန်နှင့်တစ်ပြေးညီ လွှင့်တင်ပေးနေပါသည်။ သတင်းအသစ်တင်တိုင်း သိရှိလိုပါက http://www.myanmarcnn.com သို့သွား၍ Follow လုပ်ထားပေးပါ။
================================================

Sunday, December 8, 2013


မိကျောင်းကန် သပိတ်စခန်းအား ဒီဇင်ဘာ ၉ ရက် ညနေ ၆ နာရီ နောက်ဆုံးထား ရုပ်သိမ်းရန် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးနှင့် တပ်မြို့စည်ပင်က အသိပေးချက် ထုတ်ပြန် Sunday, 08 December 2013 02:05 ဒီဇင်ဘာ ၇ ရက် ည ၁၀ နာရီခွဲခန့်က မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တပ်မြို့စည်ပင်တို့၏ အသိပေး ထုတ်ပြန်ချက်များကို သပိတ်စခန်းအနီး ကပ်နေစဉ် မိကျောင်းကန် သပိတ်စခန်းအား ဒီဇင်ဘာ ၉ ရက် ညနေ ၆ နာရီ နောက်ဆုံးထား၍ ဖယ်ရှားရန် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးနှင့် တပ်မြို့စည်ပင်တို့က ဒီဇင်ဘာ ၇ ရက် ည ၁၀ နာရီခွဲ အမိန့်ထုတ်ပြန်ခဲ့သည်။ ယင်းအမိန့်အား သပိတ်စခန်း ဖွင့်လှစ်ရာအနီး ည ၁၀ နာရီခွဲခန့်တွင် လာရောက်ကပ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါအမိန့်စာထဲ၌ "ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန် အပိုင်း(၁) ၊ ဝေဇယန္တာလမ်းရှိ မြစာရံအေး စေတီအနီးတွင် ခွင့်ပြုချက်မဲ့ ဆန္ဒထုတ်ဖော်ခြင်းသည် ရက်ကြာလာသည့်အတွက် ပတ်ဝန်းကျင်ရှိ အများပြည်သူတို့အား စိတ်အနှောင့်အယှက် ဖြစ်ပေါ်စေပြီး ဥပဒေနှင့် မညီညွတ်သော အစုအဝေးဖြစ်ကြောင်း သုံးသပ်ရရှိသဖြင့် ဒီဇင်ဘာ ၉ ရက် ညနေ ၆ နာရီ နောက်ဆုံးထား ဖယ်ရှားပေးရန်နှင့် လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေနှင့် ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်း" ဖော်ပြပါရှိပြီး မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး၏ လက်မှတ်ပါရှိသည်။ အလားတူ တပ်မြို့စည်ပင်သာယာရေး ကော်မတီကလည်း တပ်မတော်ပိုင် ခြံစည်းရိုးရှေ့ဘက်တွင် ဖွင့်လှစ်ထားသည့် သပိတ်စခန်းအား လုံခြုံရေးအရ ဆက်လက်ခွင့် မပြုနိုင်ပါကြောင်းနှင့် ဒီဇင်ဘာ ၉ ရက် ညနေ ၆ နာရီ နောက်ဆုံးထား ဖယ်ရှားပေးရန်နှင့် ဖယ်ရှားခြင်းမပြုပါက ဆန္ဒထုတ်ဖော်သူများအားလုံးကို တည်ဆဲဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း အမိန့်စာ ထုတ်ပြန်ခဲ့ပြီး တပ်မြို့စည်ပင်သာယာရေး အဖွဲ့ရုံး(ရန်ကုန်)၏ အတွင်းရေးမှူးက လက်မှတ်ရေးထိုးထားသည်။ သပိတ်မှောက်သူများဘက်ကမူ ၎င်းတို့အနေဖြင့် ဆက်လက်ဆန္ဒပြသွားမည် ဖြစ်ကြောင်း ပြောကြားကြသည်။ မြေကွက်ပြန်လည်ရရှိရေး ဆန္ဒပြသူတစ်ဦးဖြစ်သည့် ဒေါ်မာချိုက "အန်တီတို့ဘက်ကတော့ နှစ်နဲ့လနဲ့ ချီရင်ချီသွားပါစေ။ ဒီနေရာက မထဘူး။ တကယ်လို့ သူတို့ဘက်က အကြမ်းဖက် ဖြိုခွင်းလာရင်လည်း အသက်အသေခံ တိုက်ပွဲဝင်သွားမယ်"ဟု ဒီဇင်ဘာ ၇ ရက် ည ၁၁ နာရီခန့်က ပြောကြားသည်။ အလားတူ ဆန္ဒပြသူတစ်ဦးဖြစ်သည့် ဒေါ်သောင်းခင်က "အဒေါ်တို့ကတော့ ကိုယ့် မြေပြန်မရမချင်း ဒီနေရာက လုံးဝမထနိုင်ပါဘူး။ သရဏဂုံလည်း တင်ပြီးပါပြီ။ အကြမ်းဖက် ဖြိုခွင်းလာရင်လည်း အသေခံသွားမယ်။ ဒီနေ့လည်း ခြံစည်းရိုးလာခတ်တဲ့သူတွေက တွန်းလို့ အဒေါ်လဲကျသွားပြီး လက်ကျိုးသွားတယ်။ ခုကျောက်ပတ်တီး ကိုင်ထားရတယ်။ မြေပြန် မရမချင်း မထပါဘူး"ဟု ပြောကြားခဲ့သည်။ မိကျောင်းကန် သပိတ်စခန်းကို နိုဝင်ဘာ ၂၆ ရက်က စတင်ဖွင့်လှစ်ဆန္ဒပြခဲ့ပြီး ၁၂ ရက်အကြာ ယခုကဲ့သို့ ဒီဇင်ဘာ ၉ ရက် နောက်ဆုံးထား ရုပ်သိမ်းရန် အမိန့်ထုတ်ခဲ့ခြင်း ဖြစ်သည်။
၁၅၀၀ တန်ဖုန်းကဒ်ဖြင့်အာဆီယံ (၁၀) နိုင်ငံကိုပြည်တွင်း ဖုန်းခေါ်ဆိုခအတိုင်း ခေါ်ဆိုနိုင်ပြီ
************************************************
၁၅၀၀ တန်ဖုန်းကဒ်ဖြင့် အာဆီယံ (၁၀) နိုင်ငံကို ပြည်တွင်းဖုန်းခေါ်ဆိုခအတိုင်း ခေါ်ဆိုနိုင်ပြီဖြစ်ပါသည်။ ယင်းသို့ ခေါ်ဆိုရာတွင်ရိုက်နှိပ်ရမည့် format ပုံစံကိုတော့ သိရှိရန်လိုအပ်ကြောင်းသိရှိရပါတယ်။ သက်ဆိုင်ရာနိုင်ငံ Code ရှေ့မှာ 0100 ကို အရင်ရိုက်ပြီးမှခေါ်ဆိုရမှာဖြစ်ကြောင်းနဲ့ယင်း Code များမှာ...

Singapore –010065,
Malaysia — 010060,
Thailand — 010066,
Brunei — 0100673,
Indonesia — 010062,
Laos –0100856,
Vietnam — 010084,
Cambodia — 0100855,
Philippines — 010063,
တို့ဖြစ်ပါတယ်။

ယင်း 0100 Code နဲ့နိုင်ငံ Code ရိုက်ပြီးလျှင် ခေါ်ဆိုလိုသည့်ဖုန်းနံပါတ်ကို ရိုက်ထည့်ပြီး ဖုန်းပြောနိုင်ပါပြီ။ ဒီလို ပြည်တွင်းဖုန်းခေါ်ဆိုခနဲ့ မြန်မာများအနေများတဲ့ အာဆီယံနိုင်ငံများသို့ ဖုန်းခေါ်ဆိုနိုင်မှာဖြစ်တဲ့အတွက် ကွန်နက်ရှင်မကောင်းပေမယ့် အင်တာနက် ကနေ အခကြေးငွေအနည်းငယ်ဖြင့် ခေါ်ဆိုနိုင်သည့်နည်းလမ်းထက်တော့ ပိုမိုကောင်းမွန်လာစေမှာဖြစ်ပါတယ်။

Ref : Internet
မြို့တော် ရန်ကုန်ရဲ့ သာသနာရေးအခြေအနေ 
ရန်ကုန်မြို့အလယ်မှာဆို ကျောက်တံတားမြို့နယ်၊ ပန်းဘဲတန်းမြို့နယ်၊ လသာမြို့နယ် မြို့နယ်သုံးခုပေါင်းမှ ဘုန်းကြီးကျောင်း တစ်ကျောင်းပဲရှိတယ်။ ဗလီ(၂၂) လုံးရှိတယ်။ ပိုဝမ်းနည်းစရာကောင်းတာက အလောင်းမင်း တရားကြီးက ရန်တွေကုန်သွားလို့ အောင်ပွဲခံတဲ့အနေနဲ့ ဒဂုံဆိုတဲ့အမည်ကို ရန်ကုန်ဆိုပြီး အမည်သစ်ပေး ဆူးလေမှာ နန်းဆိုက်တယ်။ ဆူးလေရဲ့ ဗိုလ်ဆွန်ပက်လမ်း၊ အနော်ရထာလမ်း၊ ကမ်းနားလမ်းတစ်လျှေုာက် ဝါးလုံးတွေကာလိုက်တယ်။ ဝါးလုံးတွေကာပြီးမှ ဦးအောင်ဇေယျ ဘိသိတ်ခံတယ်။ ဘိသိတ်ခံတဲ့ ရန်ကုန်မြို့ကြီးရဲ့ အချက်အချာနေရာက ဘုန်းကြီးကျောင်းတစ်ကျောင်းပဲရှိတယ်။ မြန်မာလူမျိုးတွေ အတွက် ရှက်ဖို့ကောင်းတယ်။ ( မြန်မာပြည်မှာ ဘာသာရေးလွတ်လပ်ခွင့်မရှိပါဘူး မွတ်ဆလင်တွေ ဖိနှိပ်ခံရပါတယ်ပြောတဲ့လူတွေကို နားရင်းပဲ ရိုက်ဖို့ကောင်းတော့တယ်။) “အဟံအဖွဲ့ချုပ် စတင်တည်ထောင်သူ ဦးမင်းလွင်နှင့်

" မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာ တက္ကသိုလ်ကျောင်းသားများ ကွန်ယက်ကို ဖွဲ့စည်းတည်ထောင်ဖို့ သင့်ပါပြီ။ " နောက်မကျသေးပါဘူး။ ၂၀၁၄ ခုနှစ် မတိုင်မီမှာ စည်းကမ်းတကျနဲ့ ဖွဲ့စည်းတည်ထောင်ဖို့ လိုအပ်ပါတယ်။ တက္ကသိုလ် အဖွဲ့အစည်းတွေဟာ အစိုးရကို ဆန္ဒပြဆန့်ကျင်ဖို့သက်သက်လို့ အထင်မှားအမြင်မှားတွေကို ယုံစားပြီး အသင်းအဖွဲ့ကို ဝေးဝေးကရှောင်ရှားတတ်တဲ့စိတ်တွေကို ပယ်ဖျောက်ပစ်ကြပါ။ အခုတော့ တို့မြန်မာနိုင်ငံရဲ့ အထိမ်းအမှတ် နေ့ကြီးရက်ကြီး "အမျိုးသားနေ့" ကို သူတို့ရဲ့ သမိုင်းဝင် နေ့တစ်နေ့အဖြစ် မှတ်တမ်းတင်ပြသွားပါပြီ။ ဒါပေမယ့် ဒါဟာ စိတ်ပျက်စရာတော့ မဟုတ်ပါဘူး။ တက္ကသိုလ်ကျောင်းသားချင်း အတူတူ ဘယ်သူက သွေးပိုစည်းသလဲဆိုတာကို သူတို့ဖော်ပြလိုက်တာဟာ ဗုဒ္ဓဘာသာဝင်တက္ကသိုလ် ကျောင်းသားတွေရဲ့ ဘာသာရေးနဲ့ပတ်သက်ပြီး ချိတ်ဆက်ဆောင်ရွက်ဖို့ အိပ်ပျော်နေကြောင်းကို ဖော်ထုတ်ပြသရုံ သာမက အမျိုးသားရေးမှာ သွေးအေးနေကြောင်းကိုပါ သတိပေးလိုက်တာပါပဲ။ ဒီတော့ တို့တွေလုပ်ဖို့လိုတယ်။ လုပ်ကိုလုပ်ရမယ်။ လုပ်ပြတာမျိုး မဟုတ်ပဲနဲ့ တစ်ကယ် လုပ်တာမျိုး ဖြစ်ဖို့လိုပါတယ်။ ကောက်ရိုးမီးလို ဟုံးကနဲထတောက်တာမျိုး အခုဖွဲ့ နောက်ရက်မေ့လဲ မဖြစ်ဖို့ ဖွဲမီးလို တရဲရဲ တစ်ငွေ့ငွေ့ တောက်လောင်နေမှုမျိုးနဲ့ မမေ့မလျော့ အမြဲရှိနေ ချိတ်ဆက်နေရမှာဖြစ်ပါတယ်။ ကျောင်းပြင်ပရောက်နေလို့ မိမိကိုယ်တိုင် မဖွဲ့စည်းနိုင်ပေမယ့် အကောင်းဆုံးဖွဲ့စည်းပေးနိုင်မယ့် တက္ကသိုလ်ပေါင်းစုံက ကျောင်းသားများကို တိုက်တွန်းအားပေးရင်း မျှော်လင့်ချက် ကြီးကြီးထားမိနေကြောင်းပါ။ အနာဂတ်နိုင်ငံတော်နဲ့ အနာဂတ်သာသနာဟာ တက္ကသိုလ်ကျောင်းသားလူငယ်တွေရဲ့ တစ်ယောက်တစ်လက် ကျောင်းသားလက် အားကို မလွှဲမသွေရယူရမယ်ဆိုတာ အသိပေးရင်း အောင်မြင်စွာ ဆောင်ရွက်နိုင်ကြပါစေလို့ ဆန္ဒပြုလျက်- ကိုသီရိ ™ (8. Dec. 2013. Sunday) ဓာတ်ပုံ- သမ္မတရုံးမှလျှို့ဝှက်သတင်းများ
°°° မင်းကွန်းဆရာတော်ကြီး၏သြဝါဒ °°°
***********************************

ဆရာတော်၏ကျောင်းတိုက်မှရဟန်းငယ်များကဘာသာခြားဆိုင်မှဆောက်လုပ်ရေးပစ္စည်းများကိုဝယ်ယူလာခဲ့သည်ကိုသိရှိရသဖြင့်ဘာဖြစ်လို့အဲဒီဆိုင်ကဝယ်ယူလာရသလဲဟုမေးတော်မူရာထိုဆိုင်မှဈေးသက်သာပြီးဆက်ဆံရေးလဲကောင်းမွန်သောကြောင့်ဝယ်ယူလာရခြင်းဖြစ်ကြောင်းဗုဒ္ဓဘာသာဆိုင်များမှာဈေးကြီးပြီးဆက်ဆံရေးလည်းညံ့ကြောင်းလျှောက်ထားကြသည့်အခါတွင်ဆရာတော်ကြီးကအေးဗုဒ္ဓဘာသာဆိုင်ကတစ်ဆယ်အမြတ်ယူပြီးဘာသာခြားဆိုင်ကတစ်ကျပ်ပဲအမြတ်ယူတယ်ဆိုရင်တောင်ဥူးဇင်းတို့ဟာဗုဒ္ဓဘာသာဆိုင်မှာပဲဈေးဝယ်ရမယ်။ဘာဖြစ်လို့လဲဆိုရင်အဲဒီဗုဒ္ဓဘာသာယူလိုက်တဲ့အမြတ်တစ်ဆယ်ကဗုဒ္ဓဘာသာဘုရားကျောင်းကန်စေတီပုထိုးတွေဆီကိုပဲပြန်ရောက်မှာ၊ဘာသာခြားကယူလိုက်တဲ့အမြတ်တစ်ကျပ်ကျတော့ဥူးဇင်းတို့လည်းပင်းကိုကြိုးကွင်းစွပ်မယ့်နေရာရောက်သွားမှာဟုမိန့်ကြားတော်မူသည်။


မျိုးမြန်မာတို့အသိရှိဖို့နှင့်အထူးသတိထားလိုက်နာကျင့်သုံးသင့်သောလမ်းညွှန်သြဝါဒစကားဖြစ်လို့တင်ပြလိုက်ခြင်းဖြစ်ပါတယ်။


ဓာတ်ပုံ- ကိုဂျွန်
ကဲ ကောင်းကြသေးရဲ့လားဗျာ ။
စီးပွားရေးအဆင်မပြေလို့ KTV တို့ မာဆက်
တို့မှာလုပ်စားနေရတဲ့ ကောင်မလေးတွေကို
အာဏာပိုင်တွေက အတင်းအကျပ် ကြံ့မွတ်ပါတီဝင်ခိုင်းပြီး
မဲရအောင်ယုတ်မာနေကြပြီ ။
ဒါကြောင့်လည်း မသိမသာတစ်မျိုး
သိသိသာသာတစ်မျိုး လွှတ်ထားရတာကိုး။
အနုပညာရှင်တွေ မူးယစ်ဆေးသုံးစွဲရင်
အရေးမယူဘဲ ပေါ်လစီကားတွေ
အကျပ်ကိုင်ပြီး ရိုက်ခိုင်းတယ်ဆိုတာ အခုမှ တကယ်ယုံတော့တယ် ။်
ကေတီဗွီနှင့်မာဆက်မှ မိန်းကလေးအများအပြား ပြည်ခိုင်ဖြိုးပါတီသို့ဝင်ရောက် မုံရွာမြို့ရှိ ကေတီဗွီနှင့်မာဆက်မှ မိန်းကလေးအများအပြား ပြည်ခိုင်ဖြိုးပါတီသို့ ဝင်ရောက်နေလျက်ရှိကြာင်း သတင်းရရှိသည်။ "အာဏာပိုင်တွေနဲ့ပါတီကလူတွေနဲ့ ဆိုင်ကိုလာကြပါတယ်။ ကျွန်တော်တို့ကလည်း ဆိုင်အခြေအနေအရမို့ ဝင်ရောက်ကြရတာပါ။ တော်ကြာ ဆိုင်ကိုတစ်ခုခု လုပ်ပစ်မှာစိုးတယ်လေ။ သူတို့က ပါတီဝင်ကတ်ပြားတွေ ထုတ်ပေးပါတယ်" ဟု မုံရွာမြို့ရှိ ကေတီဗွီမန်နေဂျာတစ်ဦးက ပြောကြားသည်။ "ဟုတ်ပါတယ်။ အခုတစ်လော ကျွန်တော်တို့ဆိုင်ကို ကေတီဗွီဆိုင်က ကောင်မလေးတွေရဲ့ ပြည်ခိုင်ဖြိုးပါတီဝင်ကတ်ပြားတွေကို ပလတ်စတစ်လာလောင်းကြပါတယ်။ အခု ကျွန်တော်ရေတွက်ကြည့်သလောက် နှစ်ရာနီးပါး လောင်းပေးခဲ့ရပြီးပြီ" ဟု မုံရွာမြို့ပေါ်တွင် ကွန်ပျူတာစာစီစာရိုက်ဆိုင် ဖွင့်လှစ်ထားသူတစ်ဦးက ပြောကြားသည်။ "မသိပါဘူး။ ဂျာကြီးက နင်တို့ဝင်လိုက်ဆိုလို့ ဓာတ်ပုံတွေပေး၊ ကိုယ်ရေးအချက်အလက်တွေ ပေးလိုက်တာ။ ညီမတို့ကတော့ ဘာခံယူချက်မှမရှိပါဘူး" ဟု ကေတီဗွီဆိုင်တစ်ခုတွင် အလုပ်လုပ်နေသော မိန်းကလေးငယ်တစ်ဦးမှ ပြောသည်။ ၂၀၁၅ ရွေးကောက်ပွဲနီးလာသောကြောင့် ပြည်ခိုင်ဖြိုးပါတီမှ အာဏာပိုင်များနှင့်ပူးပေါင်းပြီး ယခုကဲ့သို့ နည်းလမ်းပေါင်းစုံဖြင့် ပါတီဝင်အရေအတွက်များစေရန် လုပ်ဆောင်နေခြင်း ဖြစ်နိုင်ကြောင်း၊ ပါတီဝင်တစ်ယောက်ဖြစ်စေရန် မဲဆွယ်စည်းရုံးနိုင်သော်လည်း ယခုကဲ့သို့ စီးပွားရေးသမားများ၏ အကြောက်တရားကို အခွင့်အရေးတစ်ခုအဖွယ်အသုံးချခြင်းမှ မဖြစ်သင့်ကြောင့် မုံရွာမြို့ရှိ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးမှ ပြောကြားသည်။

Tuesday, November 26, 2013

အင်ဂိုလာနိုင်ငံဟာ အစ္စလာမ်ဘာသာကို တားမြစ်ဆန့်ကျင်တဲ့ ကမ္ဘာမှာ ပထမဦးဆုံးသောနိုင်ငံအဖြစ် အခုလို ဗလီတွေကို ဖျက်စီးပစ်ခြင်းဖြင့် ပြသ

လိုက်တာဖြစ်တယ်လို့ ဘာသာရေး ဝက်ဘ်ဆိုဒ်ကြီးတစ်ခုဖြစ်တဲ့ http://www.onislam.net/ အတိအလင်း ဖေါ်ပြလိုက်ပါတယ်။

လူ့ အခွင့်အရေးနှင့် တရားရေးဝန်ကြီးဌာန မှထုတ်ပြန်သည့် နောက်ထပ် အမိန့် မထွက်မချင်း ဗလီတွေအားလုံး ပိတ်ထားရမှာဖြစ်တယ် ဟု အင်ဂိုလာ ယဉ်ကျေးမူ့ ဝန်ကြီး ရိုဆာ ခရုဇ် ဆီလ်ဗာက နိုဝင်ဘာ ၂၂ ရက် သောကြာနေ့ ကပြောကြားလိုက်ပါတယ်။

ဆက်လက်ပြီး ဝန်ကြီးက အင်ဂိုလာနိုင်ငံရဲ့ ယဉ်ကျေးမူ့  ဓလေ့ ထုံးစံနဲ့ ဆန့် ကျင်တဲ့ ဒီလိုဘာသာရေးအဆောက်အုံတွေကို အလျော့မပေးပဲ မဖြစ်မနေ ဖျက်စီးပြစ်ရမှာဖြစ်တယ် လို့ ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။

ပြည်သူလူထု၏ ဆန္ဒအရ “ အင်ဂိုလာနိုင်ငံတွင် အစ္စလာမ်အယူဝါဒ ကို တရားဝင် ပိတ်ပင်ပြီး ၊ နိုင်ငံတစ်ဝှမ်းရှိ ဗလီများအားလုံးကိုလည်း တစ်လုံးမကျန် ဖျက်သိမ်းပစ်တော့မည် ဖြစ်ကြောင်း ” သတင်းရရှိပါတယ်။

အင်ဂိုလာနိုင်ငံ အစိုးရအဖွဲ့၏ ခေါင်းဆောင်ကလည်း ရေဒီယိုမိန့်ခွန်းမှ “ အစ္စလာမ်အယူဝါဒ ဆိုတာဟာ လိုရာဆွဲထားတဲ့ ဥပဒေ တစ်ခုသာဖြစ်ပြီး ၊ ဘာသာတရား တစ်ခုအဖြစ် ၎င်းတို့အနေဖြင့် လုံးဝ လက်မခံနိုင်ပါကြောင်း ” တရားဝင် ပြောကြားလိုက်ပါတယ်။ လုအန်ဒမြို့တော်ရှိ ဗလီနှစ်လုံးကိုလည်း ဖျက်သိမ်းရန် အမိန့်ရထားပြီး ဖြစ်ကြောင်း မြို့တော်ဝန်က
ပြောပါတယ်။

ကျွန်တော်တို့ နိုင်ငံရှိ “ ခွေးလို ဝက်လို သားပေါက်နေသည့် မွတ်ကုလားယုတ်များ၏ မှိုလိုပေါက်နေသော ဗလီများအားလုံး ” ကို အာဖရိကနိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ အင်ဂိုလာနိုင်ငံ လို ယခုချက်ခြင်း တရားဝင် အမြန် မဖျက်သိမ်းနိုင်လျှင်တောင် ပြည်သူလူထု၏ ဆန္ဒအမှန်ကို လွှတ်တော်တွင် တရားဝင်မှတ်တမ်းတင်နိုင်ပြီး အာဏာရ အစိုးရအဖွဲ့မှ လိုအပ်သလို ဆောင်ရွက်ပေးနိုင်ရန်

ကျွန်တော်တို့ ဆန္ဒမဲပေးထားလို့ လွှတ်တော်အမတ်များ ဖြစ်နေသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီးများမှ တဆင့် “ တရားမ၀င် ဆောက်လုပ်ထားသော ဗလီများ နှင့် တရားမ၀င် ဆောက်လုပ်ထားသော အာရေဗျီ စာသင်ကျောင်းများအား ဥပဒေနှင့်အညီ တရားဝင် အမြန်ဖျက်သိမ်းပေးရေး အဆိုအား လွှတ်တော်၌ အဆိုတင်သွင်းပေးပါရန်

” မိမိနေထိုင်ရာ မြို့နယ်၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အမတ်မင်းများ ထံ ဝိုင်းဝန်းတောင်းဆိုကြပါလို့ တိုင်းပြည် ၊ အမျိုး ၊ ဘာသာ ၊ သာသနာတော်ကြီး နှင့် အနာဂတ်မျိုးဆက်သစ်များ အကျိုး မျှော်မှန်း၍ နှိုးဆော်တိုက်တွန်းလိုက်ပါတယ်။

Like · · · 22 hours ago · Edited

Sunday, November 3, 2013

ပဲခူးမြို့၊ ကမ္ဘောဇသာဒီနန်းတော်သို့ အလည်အပတ် ရောက်ရှိလာသည့် ထိုင်းလူမျိုးခရီးသွားအုပ်စု MK Caravan 2013

by CJMyanmar, 3.11.2013

ထိုင်းနိုင်ငံ၊ Transasia Route ကုမ္ပဏီနှင့် မြန်မာနိုင်ငံ၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနတို့၏ ပူးပေါင်းစီစဉ်မှုဖြင် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ခရီးသွားအဖွဲ့ဝင်များကိုယ်တိုင် မောင်းနှင်သော ကားများဖြင့် အုပ်စုလိုက် အလည်အပတ်ခရီး ထွက်ခွာလာသော MK Caravan 2013 ခရီးသွားအုပ်စုသည် (၂၈၊ ၁၀၊ ၂၀၁၃)တွင် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံ မြ၀တီ၊ ဘားအံ၊ မော်လမြိုင်၊ (၂၉၊ ၁၀၊ ၂၀၁၃)တွင် နေပြည်တော်၊ (၃၀၊ ၁၀၊ ၂၀၁၃)တွင် တောင်ကြီး၊ အင်းလေး၊ (၃၁၊ ၁၀၊ ၂၀၁၃)တွင် ပုဂံ၊ (၁၊ ၁၁၊ ၂၀၁၃)နှင့် (၂၊ ၁၁၊ ၂၀၁၃)တွင် ရန်ကုန်သို့ အလည်အပတ်ရောက်ရှိခဲ့ပြီးနောက် ယနေ့ (၃၊ ၁၁၊ ၂၀၁၃)တွင် ပဲခူးမြို့၊ ကမ္ဘောဇသာဒီနန်းတော်သို့ ၀င်ရောက်ခဲ့ကြောင်းသိရသည်။ ပဲခူးမြို့မှတဆင့် ကျိုက်ထိုသို့ ဆက်လက်ထွက်ခွာမည်ဖြစ်ပြီး ကျိုက်ထီးရိုးဘုရားတောင်ပေါ်သို့ နေ့ချင်းပြန်တက်ရောက်မည်ဖြစ်ကာ ကျိုက်ထိုတွင် ညအိပ်ပြီးနောက် (၄၊ ၁၁၊ ၂၀၁၃)တွင် မြ၀တီမှတဆင့် ထိုင်းနိုင်ငံသို့ပြန်လည်ထွက်ခွာမည်ဖြစ်ကြောင်းသိရသည်။

MK Caravan 2013 ခရီးသွားအဖွဲ့နှင့်လိုက်ပါလာသော မြန်မာနိုင်ငံ၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၊ မြန်မာ့ခရီးသွားလုပ်ငန်း (Myanmar Travels & Tours)မှ တာဝန်ရှိသူတစ်ဦးအား CJMyanmar က မေးမြန်းကြည့်ရာ ယခု အုပ်စုလိုက်အလည်အပတ်ခရီးစဉ် (MK Caravan 2013) တွင် ထိုင်းလူမျိုးခရီးသွား၊ အမျိုးသားချည်းသက်သက် (၉၆)ဦးပါဝင်ကြောင်း၊ အမျိုးသမီးခရီးသွားမပါဝင်ကြောင်းနှင့် ကားစုစုပေါင်း (၂၆)စီးပါဝင်ကြောင်း သိရသည်။

CJMyanmar မှ CJ တစ်ဦး
MK Caravan 2013 (From Thailand to Myanmar) (5 photos)
ကမ္ဘာဂြိုလ်နှင့် အနီးဆုံးဂူဗိမာန် shared Chit Thu Sky's photo.
မောင်တောမြို့ တောင်ပြို လက်ဝဲ တွင်မွတ်အကြမ်းဖက်လက်နက်ကိုင် အဖွဲ့  မှ သောင်းကျန်း ------------------ ၂၉.၁၀.၂၀၁၃ နေ့ ညသန်းခေါင်အချိန်တွင်ရခိုင်ပြည်
မောင်တောမြို့  တောင်ပြိုလက်ဝဲ (၁)ရပ်ကွက်သို့ ဘင်္ဂလီမွတ်ဆိုးလက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူဂျီဟတ်ဒီ အဖွဲ့ ဝင်တချို့ သည်တိတ်တဆိတ် ဖြင့်လျှိဝှက်လုပ်ငန်းများလုပ်ဆောင်ရန်အတွက်တဖက်နိုင်ငံနယ်စပ်မှ ခိုးဝင်လာကြပြီးထိုတောင်ပြိုလက်ဝဲ(၁)ရပ်ကွက်တွင်နေထိုင်သူ ဇာဟီအာလာမ် (ဘ) အဒူဟာမတ် ကိုတွေ့ ဆုံခဲ့ကြကာညွှန်ကြားချက်များ ပေးခဲ့ကြပြီးညတွင်းချင်းပင်ရဲတပ်ရင်းထံသတင်းပေါက်ကြားသွားသဖြင့် ပြန်၍ထွက်ခွာသွားခဲ့ကြကြောင်းသိရသည်။ သတင်းပေးများထံမှချက်ချင်းသတင်းရ ရချင်းအမှတ်(၃၂)ရဲတပ်ရင်းမှ လိုက်လံရှာဖွေရာအဆိုပါအကြမ်းဖက်သောင်းကျန်းသူဂျီဟတ်ဒီလက်နက် ကိုင်များနှင့်တွေ့ ဆုံပြီးလမ်းခွဲလာခဲ့သူ ဇာဟီအာလာမ် သည်ရဲတပ်ရင်းကို မြင်သည်နှင့်ညသန်းခေါင်ယံတွင်အမှောင်ထုနှင့်သစ်ပင်များကိုအကာအကွယ် ယူကာပြေးလိုက်၊ပုန်းလိုက်လုပ်နေစဉ် ရဲတပ်ရင်းမှတာဝန်သိရဲဝန်ထမ်းများက သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် အဆိုပါ မွတ်အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ ၏ အမာခံ လူယုံ ယူဂျီ သည်သေနတ်ကျည်ထိမှန်ကာကျည်ဒဏ်ရာဖြင့် သေဆုံးသွားကြောင်းသိရပါသည်။

Saturday, November 2, 2013

* ရန်ကုန်မြို့ မြောက်ဥက္ကလာပ တည်းခိုခန်း တစ်ခုတွင် အမျိုးသမီး တစ်ဦး အသတ်ခံရ *

( နိရဉ္စရာ- ၂ နိုဝင်္ဘာလ ၂၀၁၃) / ခိုင်မောင်ဦး (ရန်ကုန်)
ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာမြို့ နယ်၊ တည်းခိုခန်း တစ်ခုတွင် အောက်တိုဘာလ ၃၁ ရက်နေ့က အသက်၂၆ အရွယ်ရှိ ရခိုင်အ မျိုးသမီးတစ်ဦးအသတ်ခံခဲ့ရသည်။အသတ်ခံရသူ သူအမျိုးသမီးမှာ ရခိုင်ပြည်နယ်၊ မြေပုံမြို့၊ သဲတန်း ရပ်ကွက်မှ ဦးသိန်းထွန်း၏ သမီး မမိမိစံ (၂၆) နှစ် ဖြစ်ကြောင်း သိရသည်။မမိမိစံ အသက်ခံရမူနှင့် ပတ်သက်ပြီး ကိုယ်တိုင်သွားရောက် ကြည့်ခဲ့သူ မြောက်ဥက္ကလာမြို့ နယ် သာရေးနာအသင်းမှ အတွင်းရေးမှူး ဦးသန်းကြည်က နိရဉ္စရာသို့ ယခုလိုပြောသည်။“ အောက်တိုဘာလ ၃၁ ရက်နေ့ ညနေ ၈ နာရီခန့်မှာ အသတ်ခံ ရတယ်လို့ သိရပါတယ်။ ကျွန်တော် တို့ သတင်းရလို့  သွားကြည့်တာက နိုဝင်္ဘာလ ၁ ရက်နေ့ နေ့ လယ် ၃ နာရီလောက်မှာ ဆိုတော့ နည်းနည်း နောက်ကျနေပြီ။ အသက်ခံ ရတဲ့ ပုံစံကတော့ ထိုးသွင်း ဒဏ်ရာ(၁)ချက်၊ ၀ဲပခုံး ထိုးသွင်း ဒဏ်ရာ(၁)ချက်၊ နောက် ၀ဲမျက်ခုံး ဖူးယောင်ဒဏ်ရာ (၁)ချက်နဲ့ သေဆုံး နေတာကို တွေ့ရ ပါတယ်” ဟု ယင်းက ပြောသည်။မြောက်ဥက္ကလာပမြို့ နယ် ကျောက်ရေတွင်း ရပ်ကွက်၊ တိမ်တံခွန် အအေးခန်း ဧည့်ရိပ်မွန်တွင် တည်းခို နေထိုင်စဉ် အသတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း၊ အသတ်ခံရသည့်နေ့က သူမသည် သူမ၏ ချစ်သူနှင့် ချိန်းဆို ထားပြီး ချစ်သူအလာကို စောင့်နေစဉ် အသတ်ခံခဲ့ရသည်ဟု ကြားသိရကြောင်း ဦးသန်းကြည်က ဆိုသည်။သေဆုံးနေသူ မမိမိစံ၏ အနီးတွင် လက်ပတော့ပ် ကွန်ပျူတာ တစ်လုံး၊ လက်ကိုင် ဖုန်းတစ်လုံး၊ သိုးမွှေး အရုပ်ကြီး တစ်ရုပ်နှင့် သူငယ်ချင်းများနှင့် အတူ ရိုတ်ကူးထားတော့ ဓါက်ပုံများကို တွေ့ရှိရပြီး၊ သူမသည် သိုးမွှေး အရုပ်ကြီးကို ပွေ့ဖက်ကာ သေဆုံးနေကြောင်းသာရေး နာအသင်းမှ အတွင်းရေးမှူး ဦးသန်းကြည်မှ အသေးစိတ် သူသိသမျှကို နိရဉ္စရာသို့  ပြောကြားသည်။“ ဘယ်သူ သတ်သွားတယ်ဆိုတာ အတိအကျပြောလို့  မရသေးဘူး ။ ကျွန်တော်တို့လည်း စုံးစမ်းနေတယ်။ အငြိုး ရန်စနဲ့ တစ်ယောက်ယောက် လာပြီး သက်သွားတာလား။ သတ်တဲ့ သူကတော့ ပြတင်းပေါက်ကနေ ထွက်ပြေးသွားတဲ့ ပုံစံမျိုးတွေ့  ရတယ်လို့ ရဲက ပြောပါတယ်” ဟု ၎င်းမှ ဆက်ပြောသည်။မမိမိစံအား အသက်ခံရမူနှင့် ပတ်သက်ပြီး မြောက်ဥက္ကလာပ ဆေးရုံးတွင် စစ်ဆေးမူများ ပြုလုပ်နေပြီး ယင်း၏ မြို့နယ် ရဲစခန်းမှ (ပ)၈၈၉/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားသည်ဟု သိရသည်။တရားခံအား ဖော်ထုတ် ဖမ်းဆီးရမိရေး အတွက် ရဲစခန်းမှ စုံစမ်း ဆောင်ရွက်လျှက်ရှိနေကြောင်း သိရှိ ရသော်လည်း အသေးစိတ် သိရှိနိုင်ရန်အတွက် ရဲစခန်းသို့ ဆက်သွယ်ရာ အဆက်အသွယ် မရရှိခဲ့ပါ။သူမအား သင်္ဂြိုလ်မည့် နေ့ရက်ကိုလည်း လောလောဆယ်တွင် အတိကျ မသိရသေးကြောင်း ဦးသန်းကြည်မှ ပြောသည်။

Credit To > နိရဉ္စရာ

Thursday, October 17, 2013

ကြားရတာ မင်္ဂလာရှိလိုက်တာ
အိန္ဒိယနိုင်ငံ နာဂပူမြို့
လူတစ်သိန်းကျော် ဗုဒ္ဓဘာသာ ခံယူပွဲ ကျင်းပ
================================
အိန္ဒိယနိုင်ငံ ဟိန္ဒူလူမျိုးအများစုနေထိုင်သော နာဂပူမြို့၌ လူတစ်သိန်းကျော်သည် ဟိန္ဒူဘာသာဝင်မှ ဗုဒ္ဓဘာသာဝင်သို့ ကူးပြောင်းခြင်းအခမ်းအနားကို အဆိုပါမြို့ ရှိ ဒေါက်တာအမ်ဘေဒကာ၏ အထိမ်းအမှတ် အဆောက်အဦဝင်းအတွင်း၌ (13 -10 -2013)ရက်က ကျင်းပရာ ဂယာမြို့ မဂဓတက္ကသိုလ်၌ တက်ရောက်နေသော တပည့်ဖြစ်သူ အရှင်ဂုဏိဿရ(သာသနဓဇဓမ္မာစရိယ)အပါအဝင် မြန်မာရဟန်းတော်(၁၅)ပါးထိုင်းရဟန်းတော်(၁၀)ပါး နာဂပူမြို့ခံရဟန်းတော်(၂၀၀)ပါး နှင့်မြို့သူမြို့သားပရိသတ်ရှစ်သိန်းကျော်တက်ရောက်ကြပါသည် ယခင် ပရိသတ်(၁၅)သိန်းခန့်တက်ရောက်ဖို့စီစဉ်ထားသော်လည်း အစ္စလာမ်ဘာသာဝင် အကြမ်းဖက်သမားအချို့က ဗုံးဖေါက်ခွဲမည်ဟု သတင်းလွှင့်မှုကြောင့် ထက်ဝက်ခန့်သာတက်ရောက်ရဲကြောင်းသိရပါသည်
အခမ်းအနားမှာ သရဏဂုံဆောက်တည်ခြင်းဖြင့် ဘာသာခံယူကြပြီး သံဃာတော်များကလည်း ပိဋကသုံးပုံအလှည့်ရွတ်ဆိုကာနာဂပူမြို့တပ်မတော် မှလည်း စစ်တီးဝိုင်းဖြင့်ဂုဏ်ပြုပါသည်
နာဂပူမြို့သည် ရန်ကုန်မြို့ထက်ကြီးမားကြောင်းလည်းသိရှိရပါသည်
(11 photos)

Tuesday, October 15, 2013


Sunday, October 13, 2013

ရန်ကုန်ကို နိုင်ငံတော် အဆင့် လုံခြုံရေး အဖြစ် တိုးမြှင့် ***
===================================
ကျော်မြတ်ဇံ
===============================
ရန်ကုန် ၊ အောက်တိုဘာ ၁၃ ။ ။ ရန် ကုန်တိုင်းဒေသကြီး အင်းစိန်မြို့ နယ်ရှိ ကားမှတ်တိုင်တွင် ဗုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့သဖြင့် ရန် ကုန်မြို့တော်၏ လုံခြုံရေးကို နိုင်ငံတော်အဆင့် လုံခြုံရေးအဖြစ် သတ်မှတ်ပြီး လုံခြုံရေးကိုအဆင့် နှစ်ဆင့်ဖြင့် ဆောင်ရွက်နေပြီဖြစ် ကြောင်း ရန်ကုန်အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ အဆင့်မြင့်အရာ ရှိတစ်ဦးက ရန်ကုန်တိုင်းမ်နေ့စဉ် သို့ ထုတ်ဖော်ပြောသည်။

ယခုအခါ ရန်ကုန်တိုင်းဒေသကြီးအပါအဝင်နှင့် ပဲခူးတိုင်းဒေ သကြီး တောင်ငူတို့တွင် ယခုရက် ပိုင်းအတွင်း ဗုံးပေါက်ကွဲမှုများဖြစ် ပွားခဲ့ပြီး ညောင်လေးပင်၊ ဖြူးမြို့ နယ်တို့တွင် လက်လုပ်မိုင်း၊ ဗုံးများ ဆက်တိုက်နီးပါးတွေ့ရှိနေသဖြင့် ရန်ကုန်ကို ယင်းကဲ့သို့ လုံခြုံရေး ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ဆောင်ရွက်ရာ တွင် ပထမဆင့်အနေဖြင့် မြင် သာမှုရှိသော လှည့်ကင်းရဲကင်း များဖြင့် ဆောင်ရွက်နေပြီး နောက် တစ်ဆင့်အနေဖြင့် လျှို့ဝှက်ကာ စုံစမ်း ထောက်လှမ်းခြင်းများဖြင့် လုံခြုံရေးကို အရေးပေါ်ဆောင် ရွက်လျက်ရှိကြောင်းသိရသည်။

''ဗုံးကွဲတာနဲ့ ပတ်သက်ပြီး မသင်္ကာသူတွေကို စုံစမ်းစစ်ဆေး မှုတွေ ပြု လုပ်နေ ဆဲပါ။ လော လောဆယ်တော့ ဘာမှပြောလို့ မရသေးပါ ဘူး။ လုံခြုံရေးကိုနိုင်ငံ တော်အဆင့်အနေနဲ့ အရေးတ ကြီး ထားပြီး ဆောင်ရွက်နေပါ တယ်။ လုံခြုံရေးလုပ်ငန်းတွေကို လဲ အဆင့်နှစ်ဆင့်နဲ့ ဆောင်ရွက် နေပါတယ်''ဟုပြောသည်။

Read More=>http://goo.gl/LrKOPl

Thursday, October 10, 2013

ဒီလိုပုံတွေကိုမြင်ရင် ခင်ဗျားကို စိတ်နာတယ်

ဒေါ်စု
(ဗိုလ်ချုပ်နာမည်က ခင်ဗျားနဲ့မထိုက်တန်လို့ ဒီနာမည်ပဲခေါ်တာ)

အနှစ် (၂၀) လုံးစာဖတ်ခဲ့တယ်ဆိုတာ ဘယ်လိုစာမျိုးလဲ။ အချစ်ဝတ္တုလား၊
သိုင်းစာအုပ်လား၊ ကုလားစာတွေလား။
အဲဒီစာတွေဖတ်လို့ ခင်ဗျားရလိုက်တဲ့အသိဥာဏ်က ကုလားကိုကိုးကွယ်ဖို့လား။

၂၀၁၂ မှာ ရခိုင်မှာ မသီတာထွေးကို ကုလားတွေက မုဒိန်းကျင့်လူသတ်တာကစလို့
ကုလားတွေပြဿနာရှာလိုက်တာ ရခိုင်တွေ တော်တော်ဒုက္ခရောက်ကြတယ်။ နယ်မြေကိုစွန့်ခွာပြီး နေ့ချင်းညချင်းဒုက္ခသည်ဘ၀ရောက်သွားရတယ်။ ခင်ဗျားကမသိသလိုနေနေတယ် ပြောမယ့်ပြောတော့လည်း ကုလားတွေဘက်က
နာပြပြီး " လူနည်းစု မူဆလင်တွေကို လူများစုဗုဒ္ဓဘာသာတွေက အနိုင်ကျင့်တယ် "
ဆိုပြီး တစ်ထွာတစ်မိုက်သော ရွှေဥာဏ်တော်နဲ့ ဗုဒ္ဓဘာသာတွေရဲ့ တရားမျှတမှု၊
တန်းတူရည်တူရှိမှု၊ ထည်ဝါခမ်းနားမှု စတဲ့ဂုဏ်တွေကို ကမ္ဘာ့အလယ်မှာ အရှက်ခွဲပစ်လိုက်တယ်။

ခင်ဗျားပြောပြီးမကြာဘူး ကမ္ဘာ့မီဒီယာတွေမှာ ဗုဒ္ဓဘာသာက မူဆလင်တွေကို
အနိုင်ကျင့်ကြောင်း မဟုတ်မမှန်ဖွကြတယ်။ ကုလားတွေမာန်တက်ပြီး မိတ္ထိလာ၊
လားရှိုး၊ ရန်ကုန်၊ မန္တလေး ဆက်တိုက်ပြဿနာရှာလာကြတော့တာပဲ။
ဗုဒ္ဓဘာသာဘုန်းကြီးတစ်ပါးကိုတောင် ကမ္ဘာ့အလယ်မှာ အကြမ်းဖက်သမားဆိုပြီး
TIME မဂ္ဂဇင်းမှာ ဖော်ပြလာကြတယ်။ အေးဆေးစွာနေတတ်ပြီး ကူညီတတ်တဲ့
ရခိုင်တိုင်းရင်းသားတွေကလည်း နေ့ချင်းညချင်း အကြမ်းဖက်သမားတွေ ဖြစ်သွား
ရတယ်။

အခုလည်း သံတွဲ၊ ကျောင်းကုန်းတို့မှာ ကုလားတွေပြဿနာရှာတော့ ကမ္ဘာ့နိုင်ငံတွေက ကုလားတွေကိုကိုယ်ချင်းစာကြောင်း ကြေငြာချက်တွေထုတ်
ကြတယ်။ မိအေးနှစ်ခါနာနေတာက မြန်မာတိုင်းရင်းသားတွေပဲ။

တိုင်းရင်းသားတွေကို ကုလားကသတ်လို့ မရှုမလှ သေကြရရင်လည်း ခင်ဗျားရဲ့
ပါးစပ်က ကိုယ်ချင်းစာကြောင်း တစ်ခွန်းမှမထွက်ပဲ ကုလားတွေဖက်ကပဲနာပြနေတယ်။
မလေးရှားမှာ မြန်မာတိုင်းရင်းသားတွေ အသက်ခံရတော့လည်း ခင်ဗျားပါးစပ်က
ဘာဆို့နေလဲမသိဘူး ဘာသံမှထွက်မလာဘူး။ ကုလားတွေကို တိုင်းရင်းသားအ
ဖြစ်အသိအမှတ်ပြုဖို့တောင် ပြောလာသေးတယ်။

မျိုးချစ်စိတ်ဆိုတာဘာလဲမသိ၊ မျိုးနွယ်ကိုစောင့်ထိန်းရမှန်းလည်းမသိ၊ မြန်မာနိုင်ငံလို့
တစ်ကမ္ဘာလုံးကခေါ်နေချိန်မှာ ဗမာလို့ပြောလိုပြော၊ တစ်နိုင်ငံလုံးက ကုလားကို
ကုလားလို့ခေါ်တာကို မိမဆုံးမ ဖမဆုံးမ ဆိုပြီး တစ်နိုင်ငံလုံးကိုစော်ကား------

တကယ်တော့ ခင်ဗျားကိုယ်တိုင်သာ မိဘမဆုံးမတဲ့၊ အမျိုးမသိတဲ့ ကုလားကိုသာလူထင်တဲ့ -----
(ပြောလိုက်ရင်နာတော့မယ်)---------တောက်။
— with ကမ္ဘာဂြိုလ်နှင့် အနီးဆုံးဂူဗိမာန် and 16 others.

Monday, October 7, 2013

 
 http://burmese.voanews.com/content/kaungkong/1764107.html
ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ်တွင်းမှာ လူမျိုးရေးအသွင်ဆောင်တဲ့ အကြမ်း ဖက်မှုတွေ စနေနေ့ညက ဖြစ်ပွားခဲ့ပြီး အိမ်တချို့ ဖျက်ဆီးခံခဲ့ရတာကြောင့် အခြေ အနေကို ထိန်းသိမ်းတဲ့အနေနဲ့ အာဏာပိုင်တွေက အခုအခါ လုံခြုံရေး တိုးမြှင့်ချ ထားတဲ့အကြောင်း ဒေသခံတွေက ပြောပါတယ်။ ကျောင်းကုန်း ဒေသခံ မူဆလင်အမျိုးသားတစ်ဦးကနေ မြန်မာမိန်းကလေးတစ်ဦးကို မတရားပြုကျင့်ခဲ့ တယ်ဆိုတဲ့ သတင်းထွက်လာပြီးတဲ့နောက် အခုလို အကြမ်းဖက်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ထိခိုက်ဒဏ်ရာရမှုတော့ မရှိဘူးလို့ ကျောင်းကုန်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ်တစ်ဦးကလည်း ဗွီအိုအေကို ပြောပြပါတယ်။ လောလောဆယ်မှာတော့ ရဲရော စစ်တပ်ကပါ လုံခြုံရေး တင်းတင်းကျပ်ကျပ် ယူထားတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ဆက်သွယ်စုံစမ်းထားတဲ့ မနန္ဒာချမ်းက ဆက်သွယ်စုံစမ်းတင်ပြပေးထားပါတယ်။

အောက်တိုဘာလ ၅ ရက် စနေနေ့ညနေက ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ်တွင်းမှာ ဒေသခံ မူဆလင် အမျိုးသားတစ်ဦးကနေ အသက်မပြည့်သေးတဲ့ မြန်မာမိန်းကလေးတစ်ဦးကို မတရားပြုကျင့်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မိန်းကလေးရဲ့ မိခင်ဖြစ်သူက ရဲစခန်းကို သွားရောက် တိုင်ကြားရာ ကနေ တဖြည်းဖြည်း သတင်းပျံ့နှံ့ခဲ့ပြီး အခုလို လူမျိုးရေးအသွင်ဆောင်တဲ့ အကြမ်းဖက်မှု စတင်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။ ကျောင်းကုန်းရဲစခန်းက ဒီအမှုကို စစ်ဆေးနေချိန်မှာပဲ ရာနဲ့ချီတဲ့ လူတွေက အစောပိုင်းမှာ ရဲစခန်းရှေ့ စုဝေးခဲ့ကြပြီး နောက်ပိုင်းမှ အဲ့ဒီမူဆလင် အမျိုးသားရဲ့ နေအိမ်အပါအဝင် အိမ်တချို့ကို ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ ကိုယ်တိုင်မြင်တွေ့ခဲ့တဲ့ ၈၈ မျိုးဆက်အဖွဲ့မှ ကိုမျိုးနိုင်ဝင်းက ဗွီအိုအေကို ပြောပြပါတယ်။

“မြို့ခံတွေလည်းပါတယ်၊ လူကြီိးတွေလည်းပါတယ်၊ ကျေးရွာကနေပြီး တို့ဗမာ အမျိုးသမီးကို ထိရင် မခံဘူးကွ-ဆိုပြီး အော်ပြီးတက်လာတဲ့သူတွေလည်း ပါတယ်။ တချို့က ဓားတွေ၊ တုတ်တွေပါတယ်။အရပ်ဘက်လူမှု အဖွဲ့အစည်းတွေ ကလည်း တားပါတယ်။ ၈၈-ကလည်း တားတယ်။ လွှတ်တော်အမတ်တွေ ကလည်း တားတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကလည်း တားတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးတွေကလည်း တားတယ်။ တားလို့ ဘယ်လိုမှ မရဘူး။ လူအုပ်ကနေပြီး အုန်းအုန်း..အုန်း..အုန်းနဲ့ ဖျက်ကြတယ်။ အဲဒီ ကိုလှဝင်းရဲ့အိမ်ကို ဖျက်ကြတယ်။ သူ့ညီရဲ့အိမ်ကို ဖျက်တယ်။ သူ့ညီမအိမ်ကိုဖျက်တယ်။ ဒါပေမဲ့ အဲဒီအချိန်မှာပဲ ကျောင်းကုန်းရဲစခန်းက ရောက်လာတယ်။ ရဲဘော်အင်အားရော၊ အရာရှိအင်အားရော ၁၅ ယောက်လောက် ရှိမယ်။ ရောက်လာပြီးတားတယ်။ ‘မင်းတို့ မလုပ်ကြနဲ့-လူစုခွဲကြ’..နဲ့တားတယ်။ လူစုက ဘယ်လိုမှ ခွဲမရဘူး။ အုန်းအုန်း..အုန်း..အုန်းဖြစ်နေတယ်။ အဲဒီအချိန်မှာ သစ်ဆိမ့်ကုန်း ဆရာတော် ဘုရားကြီးရယ်၊ မော်--- ဆရာတော်ဘုရားကြီးရယ် ရောက်လာပြီးတော့ လူထုကို ထိန်းသွားတယ်ပေါ့။ ဆရာတော်တွေစကားနားထောင်ပြီး လူစုတော့ ကွဲသွားတယ်။”

ဒီအကြမ်းဖက်မှု အဓိကရုဏ်းနဲ့ပတ်သက်ပြီး ထိခိုက်ဒဏ်ရာရသူတွေတော့ မရှိဘူးလို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကျောင်းကုန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်က ပြောပါတယ်။ တိုင်ကြားခံရသူ မူဆလင်အမျိုးသားကို တော့ ကျောင်းကုန်းရဲစခန်းကနေ ပုသိမ်ကို လွှဲပြောင်းပေးလိုက်ပြီဖြစ်တဲ့အကြောင်းနဲ့ အခုလောလောဆယ် အာဏာပိုင်တွေအနေနဲ့ နောက်ထပ် အကြမ်းဖက်မှုတွေ ထပ်မဖြစ်အောင်လို့ လုံခြုံရေးအင်အားကို တိုးမြှင့်ချတယ်လို့ လည်း ဦးသိန်းနိုင်က အခုလို ပြောပြပါတယ်။

“အခုဆို အေးအေးချမ်းချမ်းပါပဲ။ ထိခိုက်ဒဏ်ရာရတာ ဘာမှ မရှိဘူး။ အခုလောလောဆယ်မှာ ရဲအင်အားဆိုလို့ရှိရင် ၁၀၀ ကျော်လောက်ရှိတယ်။ လုံခြုံရေးယူထားတာ၊ တပ်ကလည်း ၃၀ လောက်ရှိတယ်။ တပ်ရင်းတပ်ဖွဲ့မှူးရော၊ နောက်တခါ ခရိုင်အုပ်ချုပ်ရေးမှူးတို့- ဒိပြင် ခရိုင်ရဲတပ်ဖွဲ့မှူးတွေ သုံး-လေးယောက်လောက်ပါတယ်။ ရဲအင်အား  ၈၀ လောက်နဲ့ အခုထက်ထိ လုံခြုံရေး အခိုင်အမာ ချထားတုန်းပဲ။ ..ဆိုတော့ သိပ်တော့ ညက ဘာမှ မဖြစ်သလို ဒီနေ့တော့လည်း မဖြစ်ဘူးထင်တာပဲပေါ့ဗျာ။ ကျနော်တို့တွေကလည်း တတ်နိုင်သလောက်တော့ ဝိုင်းပြီး မြို့မိ မြို့ဖတွေကလည်း ဝိုင်းထိန်းကြရမှာပေါ့။ တရားခံနဲ့ပတ်သက်လို့ကတော့ ဥပဒေကြောင်းအရ သူ့ကိုတော့ အရေးယူမယ်ပေါ့။ မနေ့ကတည်းက အာဏာပိုင်အဖွဲ့အစည်းက ဖမ်းပြီးတော့ ပုသိမ်ကို ပို့ပြီးပြီ။ ဒါကလည်း ဥပဒေနဲ့အညီဖြစ်အောင် မှန်မှန်ကန်ကန် အရေးယူ ဆောင်ရွက်မှာပါ။”

မေး။ ။ ကျမ နောက်ဆုံးသိချင်တာက တချို့အိမ်တွေ အဖျက်ခံရတယ်ဆိုတော့ အဲဒီ အိမ်တွေ ဖျက်တဲ့သူတွေကိုရော အာဏာပိုင်တွေဘက်က အရေးယူဖို့ အစီအစဉ်တွေ ရှိပါလားရှင့်။

“အဲဒါကတော့ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေက စည်းကမ်းဥပဒေနဲ့ ညီအောင်လုပ်ဖို့ သူတို့မှာ အစီအစဉ်ရှိပါတယ်။ လောလောဆယ်မှာတော့ ငြိမ်သွားအောင် လိုက်ထိန်းတဲ့ သဘောမှာရှိတယ်။”

ဒီအခြေအနေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ကျောင်းကုန်းရဲစခန်းကို ဆက်သွယ်ခဲ့ပေမဲ့ မရခဲ့ပါဘူး။ အခြေအနေတွေဟာ လောလောဆယ် တည်ငြိမ်နေတယ်ဆိုပေမဲ့ ဒေသခံတွေကတော့ စိုးရိမ်မှုတွေ ရှိနေကြပြီး သတိထား သွားလာနေကြ တယ်လို့ ကျောင်းကုန်းဒေသခံ ၈၈ မျိုးဆက်အဖွဲ့က ကိုမျိုးနိုင်ဝင်း က အခုလို ပြောပါတယ်။

“အခုက ဘယ်လိုပုံစံဖြစ်နေလဲဆိုတော့ မြို့က ခြောက်ကပ်နေတယ်။ ဆိုင်တွေ၊ ဈေးတွေပိတ်ကုန်ပြီ။ သတိထားနေရတဲ့အနေအထားမှာ ရှိသေးတယ်။”

ပြီးခဲ့တဲ့သီတင်းပတ်တုန်းကလည်း ရခိုင်ပြည်နယ် သံတွဲမြို့မှာ သွေးထွက်သံယို ဆူပူအကြမ်းဖက်မှုတွေ ဒီပဋိပက္ခအတွင်း ထိခိုက်သေဆုံးမှုတွေ၊ နေအိမ် အဆောက်အဦးတွေ၊ ဗလီတွေ မီးရှို့ဖျက်ဆီး ခံခဲ့ရပြီးနောက်မှာတော့ လုံခြုံရေးတွေ ကိုလည်း တိုးမြှင့်ချထားခဲ့တာပါ။ အခြေအနေတွေ အခုအခါ ပြန်လည် တည်ငြိမ်စပြုလာနေပြီလို့ ဆိုပေမဲ့လည်း ဒေသခံတွေကြားမှာတော့ လုံခြုံရေးအတွက် စိုးရိမ်ပူပမ်နေကြဆဲ ဖြစ်ပါတယ်။ မြန်မာအစိုးရ ပြန်ကြားရေး ဝန်ကြီး ဌာနကတော့ လူ ၅ ဦး သေဆုံးပြီး၊ ၅ ဦး ဒဏ်ရာတွေ ရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ထားပြီး၊ ဒီပဋိပက္ခနဲ့ဆက်စပ်ပြီးတော့ မင်္သကာသူ အမျိုးသား ၄၂ ဦး၊ အမျိုးသမီး ၂ ဦး စုစုပေါင်း ၄၄ ဦးကို သံတွဲရဲစခန်းက ဖမ်းဆီးထိန်းသိမ်းထားတယ်လို့လည်း ပြည်နယ်အစိုးရအဖွဲ့ကနေ သတင်း ထုတ်ပြန်ခဲ့ပါတယ်။

Sunday, October 6, 2013





 သစ်ထူးလွင်ဆိုဒ်မှကူးယူဖေါ်ပြသည် 









တစ်နှစ်နီးပါး ငြိမ်သက်နေသော ရခိုင်ပြည်နယ်၏ လူမျိုးရေးအသွင်ဆောင် ပဋိပက္ခသည် အောက်တိုဘာလ အစတွင် သံတွဲမြို့၌ အရှိန်မြင့်တက်လာသည်။ ထိုပဋိပက္ခသည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရခိုင်ပြည်နယ်သို့ ရောက်ရှိနေချိန် ဖြစ်ပွားခဲ့ခြင်းလည်း ဖြစ်သည်။

ပဋိပက္ခအရှိန် မြင့်တက်နေသည့် အောက်တိုဘာလ ၂ ရက်နေ့တွင် နိုင်ငံတော် သမ္မတ သံတွဲမြို့သို့ လာရောက်ခဲ့ပြီး တရားဥပဒေစိုးမိုးရေး၊ လူ့အသိုင်းအဝိုင်း နှစ်ခုကြား ယုံကြည်မှု တည်ဆောက်မှု အခြေအနေများ၊ ပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ်များကို လာရောက် လေ့လာခြင်း ဖြစ်သည်။
ယင်းကဲ့သို့ပဋိပက္ခများ တစ်ကျော့ပြန် လာခြင်းသည် အစိုးရ၏ အောက်ခြေအာဏာ ပိုင်များသည် ကျေးရွာများတွင် အကြမ်းဖက် မှု ဖြစ်စေနိုင်သော လှုံ့ဆော်မှုများကို လျစ်လျူရှုထားခြင်း ကြောင့်လောဟု မေးခွန်း ထုတ်စရာ ဖြစ်လာသည်။

လေ့လာသုံးသပ်သူတို့၏ အဆိုအရမူ သံတွဲပဋိပက္ခသည် ချက်ချင်းထဖြစ်သော ပဋိပက္ခမဟုတ်။ ပြဿနာ ကြီးထွားလာစေရန် အစပျိုးနေသည်မှာ ကြာပြီဟု ဆိုသည်။ ဥပမာ-လူမျိုး မုန်းတီးရေး တရာဟောခွေများ ဖွင့်ပြီး လှုံ့ဆော်ခြင်းမျိုးနှင့် အသေးစား ပြဿနာများ မကြာခဏ ဖြစ်ပွားခဲ့သည်။
ယင်းပဋိပက္ခ ဖြစ်ပွားခဲ့သည့် သုံးရက်အတွင်း သံတွဲမြို့တွင် လူငါးဦး သေဆုံးပြီး လူနှစ်ဦး ပျောက်ဆုံးကာ လေးဦးမှာ အတွင်းလူနာအဖြစ် ဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်း ရဲမှူးကြီးကျော်တင့်က အတည်ပြု ပြောကြားသည်။
သံတွဲတွင် ဘာသာမတူသူ များကြား ရုန်းရင်းဆန်ခတ်မှုများ မကြာခဏဆိုသလို ဖြစ်ပွားနေသော်လည်း လူသေဆုံးသည်ထိ ဖြစ်ပွားခြင်းမှာ ပထမဆုံးဖြစ်ပြီး သေဆုံးသူ များမှာ အစ္စလာမ်ဘာသာဝင်များ ဖြစ်သည်။

တောင်ကုတ်မှ သံတွဲသို့ ဆိုင်ကယ်ကယ်ရီ သုံးစီးဖြင့် ပြန်လာသူ ခြောက်ဦးကို သံတွဲမြို့နယ် ရွှေလှေကျေးရွှာ ရဲစခန်းရှေ့ တွင် လင်းသီကျေးရွာတွင် နေထိုင်သည့် အစ္စလာမ်ဘာသာဝင် များက တိုက်ခိုက်ခြင်းကြောင့် နှစ်ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ပြီး လေးဦးကို အတွင်းလူနာအဖြစ် သံတွဲမြို့ ဆေးရုံတွင် ကုသနေရကြောင်း သံတွဲမြို့ခံ ဦးမြင့်မိုးက ပြောကြားသည်။

သုံးရက်ကြာ သံတွဲပဋိပက္ခ ကြောင့် နေအိမ် ၁၀၂ လုံး ၊ တဲတစ်လုံး၊ ဗလီနှစ်လုံး၊ ဈေးဆိုင်တစ်ဆိုင် ပျက်စီးခဲ့သည့်အပြင် ဒုက္ခသည်အဖြစ် ရောက်ရှိသူ ၄၄ ဦး ရှိကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ စာရင်းများအရ သိရသည်။

သက်ဆိုင်ရာ အာဏာပိုင်နှင့် ဒေသခံတို့၏ အဆိုအရ ပဋိပက္ခအစမှာ စက်တင်ဘာ လ ၂၈ နေ့တွင် ကမန်လူမျိုးတစ်ဦးက ၄င်းအိမ်ရှေ့တွင် ရပ်ထားသည့် သုံးဘီးဆိုင်ကယ်တွင် တပ်ဆင်ထားသည့် သာသနာ့ အလံကို ဖျက်ဆီးရာမှ လူစုလူဝေးဖြင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

စက်တင်ဘာလ ၂၉ ရက်နေ့တွင် ယင်းသို့ ဖျက်ဆီးခဲ့သူ ဦးကျော်ဇံလှကို ရဲတပ်ဖွဲ့က အာမခံဖြင့် ပြန်လွှတ်လိုက်သဖြင့် ဒေသခံများ မကျေနပ်ဖြစ်ကာ လုံခြုံရေး တပ်ဖွဲ့ဝင်များကို ခဲနှင့်ပစ်ပေါက်မှု၊ အစ္စလာမ် ဘာသာဝင်များ နေထိုင်သည့် နေအိမ်ကို ခဲဖြင့်ပစ်ပေါက်မှု၊ မီးရှို့မှု ပြုလုပ်ခဲ့ကြပြီး နေအိမ်နှစ်လုံး မီးရှို့ခံခဲ့ရ သည့်အတွက် ရဲတပ်ဖွဲ့များက သေနတ်ပစ်ဖောက် ဟန့်တားခဲ့ရသည်။

စက်တင်ဘာလ ၃၀ ရက်နေ့တွင်မူ ဗုဒ္ဓဘာသာဝင် အများစု နေထိုင်သော သံတွဲမြို့ အံတော်ရပ်ကွက်ကို အကြမ်းဖက်မည် ဆိုသည့်သတင်းနှင့် ရွှေချောင်းပြင် ကျေးရွာတွင် ဗုဒ္ဓဘာသာဝင်များကို အကြမ်းဖက်မည် ဆိုသည့် သတင်းများကြောင့် ဈေးဆိုင်များ၊ စာသင်ကျောင်းများ ပိတ်ထားလိုက် ရကြောင်း သံတွဲခရိုင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဦးဝင်းနိုင်က ပြောကြားသည်။

အထက်ပါပဋိပက္ခ ဖြစ်စဉ်နှင့် ပတ်သက်၍ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (RNDP) ၏ သံတွဲမြို့နယ် ဥက္ကဋ္ဌ အပါအဝင် အမျိုးဘာသာ သာသနာ ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရေး အဖွဲ့မှ သုံးဦးနှင့် အခြားနှစ်ဦးကို ဖမ်းဆီးထားပြီး ဖမ်းဆီးရသည့် အကြောင်းအရင်းကိုမူ သက်ဆိုင်ရာ အာဏာပိုင်များက ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

ပဋိပက္ခများ အမြန်ဆုံး အဆုံးသတ်နိုင်ရေး၊ ပြစ်မှုကျူးလွန်သူ များအား ဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေးနှင့် မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ရသော နေအိမ်များကို ပြန်လည် တည်ဆောက်ပေး မည်ဖြစ်ပြီး ပြည်သူများအနေနှင့်လည်း ပဋိပက္ခများ ထပ်မံမဖြစ်ပွားရန် တာဝန်ရှိ သူများနှင့် ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းကြောင်း နိုင်ငံတော်သမ္မတရုံးက အောက်တိုဘာလ ၂ ရက်နေ့တွင် တရားဝင် ထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး ကမူ အမေရိကန်ပြည်ထောင်စု အနေနှင့် အကြမ်းဖက်မှုများကို ပြင်းထန်စွာရှုတ်ချပြီး အကြမ်းဖက်ခံနေရသည့် ဒေသခံများကို လျင်မြန်စွာနှင့် တိကျသော မူဝါဒများဖြင့် အကာအကွယ်ပေးရန်၊ အကြမ်းဖက်သူများကို အရေးယူရန်၊ အကြမ်းဖက် ခံရသူများကို အကူအညီပေးရန်၊ အကြမ်းဖက်မှုများ ဆက်မဖြစ်ရန်၊ တင်းမာမှုများ၏ ရင်းမြစ်များကို ဟန့်တားပေးရန် ကြေညာချက် တစ်စောင် ထုတ်ပြန်လိုက်သည်။

ရေရှည်ငြိမ်းချမ်းရေးအတွက် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ လူသားချင်းစာနာမှုများ၊ ပြန်လည်သင့်မြတ်ရေး အခြေအနေများ တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ပေးရန် အစိုးရအဖွဲ့နှင့် ဒေသခံအာဏာပိုင် များကို တိုက်တွန်းထားပြီး မွတ်ဆလင် လူနည်းစုများကို ဦးတည်တိုက်ခိုက်မှု များကို ဆန့်ကျင်ပေးရန် ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ်တွင် ယခင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခနှစ် ကြိမ်ကြောင့် လူပေါင်း ၁၉၀ ကျော်သေဆုံးပြီး လူပေါင်း တစ်သိန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။
တတိယအကြိမ်မြောက် ဖြစ်ပွားခဲ့သော သံတွဲပဋိပက္ခသည် ပဋိပက္ခဖြစ်စေသည့် ဘာသာရေး လှုံ့ဆော်မှုများအပြင် သတင်းမီဒီယာများနှင့် လူမှုကွန်ရက် အင်တာနက်စာမျက်နှာ များတွင် OIC က မြန်မာနိုင်ငံသို့ လာရောက်မည်ကို အကြောင်းပြု၍ ဘက်လိုက်ရေးသားကာ ဝါဒဖြန့်မှုများ ကြောင့် ပဋိပက္ခကို တွန်းအားဖြစ်စေကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသူတစ်ဦး က မှတ်ချက်ပြုသည်။

ပဋိပက္ခများ ဖြစ်ပွားနေခြင်းသည် ပွင့်သစ်စ မြန်မာနိုင်ငံအဖို့ နိုင်ငံတကာ မျက်နှာစာတွင် နာမည်ဆိုး ထွက်သွားပြီ ဖြစ်ပြီး ပဋိပက္ခ ထပ်မံမဖြစ်ပွားရန် ထိန်းသိမ်းသင့်ကြောင်း နိုင်ငံတော်သမ္မတ၏ ရခိုင်ပြည်နယ် ခရီးစဉ်တွင် ပြောဆိုထားသည်။

ဒီမိုကရေစီ တည်ဆောက်ဆဲနိုင်ငံ များတွင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို လိုလားသူ အုပ်စုနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို မလိုလားသော အုပ်စုနှစ်မျိုး ထွက်နေကြမြဲ ဖြစ်သည်။ နိုင်ငံရေး ဖြေလျှော့မှုများနှင့် ပါလာတတ်သော ပဋိပက္ခ သဘောတရားအရ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ဆောင်မှုများ၏ တိုးတက်မှုနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်း ရေးကို လက်မခံဘဲ ဖန်တီးသည့် ပဋိပက္ခများ၏ မြင့်တက်မှုတို့ ဆုံမှတ်ဖြစ်လျှင် နောက်ပြန်လှည့်တတ်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် ရခိုင်ပြည်နယ် အပါအဝင် အခြားနေရာများတွင် လူမျိုးရေး အသွင်ဆောင် ပဋိပက္ခများ ခပ်စိပ်စိပ် ဖြစ်ပွားလာခြင်းသည် နောက်ပြန်သွားလို သူများ စနက်ဖြစ်ကြောင်း ပိုမိုထင်ရှားလာသည့် သဘောလောဟု မေးခွန်းထုတ်စရာ ဖြစ်လာသည်။

Written by  မင်းထက်စံ ၊ အောင်မြင့်ထွန်း
မြန်မာနိုင်ငံက စစ်သား ဘယ်လုပ်ချင်ကြမလဲ
စစ်သားလုပ်နိုင်တဲ့သူတွေကိုလဲ မနာလိုကြမှာပေါ့ ……

စစ်သားဘဝ
အမိန် နဲ့ တာဝန်ကို ငြင်းဆန်ခွင့်မှ မရှိတာ …
နိုင်ငံတော်တွက် 24/7 အလုပ်တာဝန်ထမ်းဆောင်ရတာ …
မိဘအိမ် တစ်နှစ်နေလို့ တစ်ခေါက်ပြန်ခွင့်မရှိ ရင်နာနာနဲ့ ကျောခိုင်းထားရတာ …
ကြင်သူသက်ထား အနားမှာ ယုယခွင့်မှ မပိုင်ဆိုင်တာ
လူအခွင့်ရေးအော်ခွင့်မရှိဘဲ ဖြစ်သမျှနဲ့ ရောင့်ရဲရတာ
ပိုင်ဆိုင်မှုဆိုလို့ ပခုံးပေါ်ကအပွင့် လက်မောင်းပေါ်က အရစ်လောက်ကို ဂုဏ်ယူနေရတာ …
နည်းနည်းလောက် ပိုက်ဆံလေးဝင်ရင် လူတွေရဲ့ ပြစ်တင်စကား တစ်နင့်တစ်ပိုးပြောခံရတာ (စစ်သား ပိုက်ဆံချမ်းသာခွင့်မရှိရ ရှိတာနဲ့ ပြောပီးဘဲ ) …
ကျဉ်ဖူး ကျဉ်ဆန်တွေကြားမှာ အသက်နဲ့ လောင်းကြေးထပ်ထားရတာ …
ရှေ့တန်းမှာ ငှက်ပျောအူစားပီးလဲ စစ်တိုက်ရဲတယ် အငတ်ခံပီးလဲ စစ်တိုက်ရဲတယ် အပင်ပန်းဆင်းရဲခံပီး နိုင်ငံတော်တွက်ပေးဆပ်ထားတာ…
စစ်မြေပြင်မှာ စတေးရတော့လဲ နစ်နာကြေးက မက်လောက်စရာမှ မရှိတာ …
နိုင်ငံနယ်နိမိတ်တွက် အသက်သွေးချွေးနဲ့ အနားသတ်မျဉ်း ရေးဆွဲပေးရတာ …
ကယ်ဆယ်ရေး လူမှုရေး လုပ်အားပေး ဘယ်အရာမှမငြင်း နိုင်ငံတော်တွက် စွမ်းစွမ်းတမံ လုပ်ဆောင်ပေးနေတာ …
ဘယ်လောက်ဘဲ မုန်းကြပါစေ မေတ္တာမပျက် အကူညီလ်ုရင် ချက်ချင်းပြေးသွားတတ်တာ …

ဒီလို ဒီလို စစ်သားတွေပါးစပ်က ဘယ်တော့မှ နိုင်ငံတော်ကို အပြစ်မတင်ဘူး
နိုင်ငံတော်ကို သစ္စာမဖောက်ဘူး
သစ္စာလေးချက်တွက် အသက်စွန်ဖို့ ဝန်မလေးကြဘူး
နိုင်ငံရေးတွက် လူကြားကောင်းအောင် မပြောတတ်ဘဲ နိုင်ငံအရေးတွေကို လက်တွေ့အကောင်ထည်ဖော်နေကြတာလေ
နိုင်ငံတစ်နိုင်ငံတွက် တပ်မတော်ဆိုတာ မရှိမဖြစ်တဲ့ အဖွဲ့စည်းပါဘဲ

 
MyanmarDaily.net shared Eleven Media Group's photo.
နောက်ဆုံးနစ်နာသွားတာက ဒီ တိုင်းပြည် ကြီး နဲ့ ဒီပြည်သူတွေချည်းပဲ
ပြောကိုမပြောချစ်တော့ဘူး မပြောချင်လည်းထပ်ထပ်ပြီးပြောနေရအုံးမယ်။
လေပါတယ်ကွာ ။
တစ်ခါဖြစ် မသိလိုက်လို့ .....
နှစ်ခါဖြစ် သတိမထားမိလို့.....
သုံးကြိမ်မှားတော့ ................။
ပဋိပက္ခ ဖြစ်စဉ်ကြောင့် သံတွဲမြို့နယ် အတွင်းရှိ အခြေခံ ပညာကျောင်း ၃၀ ကျော်မှ ကျောင်းသား၊ ကျောင်းသူဦးရေ ၇၀၂၀ လာရောက် ပညာသင်ကြားနိုင်ခြင်း မရှိ သံတွဲမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခ ဖြစ်စဉ်ကြောင့် မြို့နယ်အတွင်းရှိ အခြေခံ ပညာကျောင်း ၃၄ ကျောင်းတွင် ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူဦးရေ ၇၀၂၀ မှာ လာရောက်ပညာသင်ကြားနိုင်ခြင်း မရှိသေးကြောင်း သံတွဲမြို့နယ် ပညာရေးမှူး ဦးမောင်သိန်းရွှေက အောက်တိုဘာ ၄ ရက် ညနေပိုင်းတွင် ပြောကြားခဲ့သည်။ သံတွဲမြို့၏ ပဋိပက္ခ ဖြစ်စဉ်မှာ စက်တင်ဘာ ၂၉ ရက်တွင် စတင်ဖြစ်ပွားခဲ့ပြီး စက်တင်ဘာ ၃၀ ရက်မှ စတင်ကာ မြို့နယ်အတွင်းရှိ အခြေခံပညာ ၃၄ ကျောင်းမှ ကျောင်းသားကျောင်းသူများ အောက်တိုဘာ ၄ ရက်အထိ လာရောက်ပညာသင်ကြားခြင်း မရှိသေးကြောင်း သိရသည်။ ကျောင်းသူ ကျောင်းသားများ လာရောက်နိုင်ခြင်း မရှိသည့် အခြေခံပညာ ကျောင်းများမှာ မြို့ပေါ်တွင် ရှိသည့် ၁၁ ကျောင်းနှင့် ကျေးရွာများတွင် ရှိသည့် ၂၃ ကျောင်းတို့ဖြစ်ကြောင်း သိရသည်။ "ဒီလို ပဋိပက္ခဖြစ်စဉ် ဖြစ်ပွားနေပေမယ့် သံတွဲမြို့နယ် အတွင်းမှာရှိတဲ့ ကျောင်းတွေကို မပိတ်ခိုင်းထားဘူး။ ဒါပေမဲ့ အခက်အခဲ မျိုးစုံတွေကြောင့် ကျောင်းသားကျောင်းသူတွေ ကျောင်းမတက်နိုင်တဲ့ ကျောင်းအရေအတွက်က ၃၄ ကျောင်း ရှိပါတယ်။ အကယ်၍ ကျောင်းသားကျောင်းသူတွေ နောက်ထပ်ကျောင်း မတက်နိုင်ဘူး ဆိုရင်တော့ ပညာရေးပိုင်းကို ထိခိုက်လာနိုင်တယ်။ ဒါကြောင့် ပညာရေးက တာဝန်ရှိသူတွေက အောက်တိုဘာ ၅ ရက်မှာ ကွင်းဆင်းပြီးတော့ ကျောင်းသားမိဘတွေနဲ့ တွေ့ဆုံဆွေးနွေးမယ်။ ရရှိလာတဲ့ အဖြေကို အမြန်ဆုံး အကောင်အထည် ဖော်ပြီးတော့ ကျောင်းသားကျောင်းသူတွေ အမြန်ဆုံး ကျောင်းပြန်တက်နိုင်အောင် စီစဉ်သွားပါမယ်" ဟု သံတွဲမြို့နယ် ပညာရေးမှူး ဦးမောင်သိန်းရွှေက ဆိုသည်။ ကျောင်းသားကျောင်းသူ အများစု ကျောင်းမတက်နိုင်သည့် အခြေခံပညာ ကျောင်းများမှာ အထက်တန်းကျောင်း လေးကျောင်း၊ အထက်တန်းကျောင်းခွဲ နှစ်ကျောင်းနှင့် အလယ်တန်းကျောင်း ၂၈ ကျောင်းဖြစ်ကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။ သံတွဲမြို့နယ်အတွင်း အခြေခံပညာ ကျောင်းပေါင်း ၁၈၉ ကျောင်းတွင် ကျောင်းသားကျောင်းသူဦးရေ ၂၀၃၃၂ ရှိကာ ဆရာ၊ ဆရာမဦးရေ ၁၀၁၀ ရှိကြောင်း သိရသည်။ သံတွဲမြို့နယ် မြင်းစိုင်းမော်ရွာရှိ ပိတ်ထားသော အခြေခံပညာ မူလတန်းကျောင်းအား တွေ့ရစဉ်

Saturday, October 5, 2013

သတိထားကြဗျာ မလေးရှားက ရွှေမြန်မာ တို့
သံတွဲကိစ္စ မလေးရှားမှာ ရိုက်ခတ် သံတွဲမှာ လတ်တလောဖြစ်ပွားနေတဲ့ အကြမ်းဖက် သတ်ဖြတ်၊ တိုက်ခိုက်မီးရှို့မှုတွေကြောင့် မလေးရှားမှာ လည်း ရိုက်ခတ်လာပြန်ပြီ။ မနေ့က သောကြာနေ့ မွတ်စလင် ဘာသာရေး ၀တ်ပြုပွဲအပြီးမှာ ကွာလာလမ်ပူမြို့မှာ မြန်မာနိုင်ငံက မွတ်စလင်တွေ အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ် ခံနေရတာတွေ ရပ်တန့်ရေး၊ ကန့်ကွက်ဆန္ဒပြကြတာလို့ ယနေ့ ထုတ် ဆော်ဒီဂေဇက် သတင်း တပုဒ်က ဆိုပါတယ်။ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ယမန်နှစ်ကဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေရဲ့ ဆိုးကျိုးအနေနဲ့ လွန်ခဲ့တဲ့ လအနည်း ငယ်ကလည်း မလေးရှားမှာ အလုပ်လုပ်နေထိုင်ကြတဲ့ မြန်မာတချို့ ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ကြပါတယ်။ ရခိုင်ပြည်နယ်က စလိုက်တဲ့ လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် ပြုပြင်ပြောင်း လဲရေးကိုလည်း ထိခိုက်ပြီး ဒေသတွင်းသာမက ပြည်ပ နိုင်ငံတွေထိပါ သက်ရောက်စေတယ်လို့ လွန်ခဲ့တဲ့ ရက်ပိုင်းက ဘရပ်ဆဲလ် အခြေ စိုက် ကမ္ဘာတလွှား ပဋိပက္ခများ လေ့လာစောင့်ကြည့်ရေး လုပ်ဆောင်နေတဲ့ (ICG) အဖွဲ့က အစီရင်ခံစာ ထုတ် ပြန်ခဲ့ပါတယ်။ အခုလည်း မလေးရှားမှာ မြန်မာပြည်က မွတ်စလင်တွေအပေါ် အကြမ်းဖက်တိုက်ခိုက်ခံရတာကို မကျေနပ် လို့ ကန့်ကွက်ဆန္ဒပြမှုတွေနဲ့ တဆက်တည်း မလေးရှားရောက်မြန်မာတွေအတွက် စိုးရိမ်စရာဖြစ်လာရ ပြန်ပြီ လို့ မလေးရှားရောက် မြန်မာတချို့က ပြောကြပါတယ်။ အိမ့်သံစဉ် ~ ကွာလာလမ်ပူတွင် မနေ့က သောကြာနေ့ ၀တ်ပြုအပြီး ဆန္ဒပြ ကြွေးကြော်သံတိုင်ပေးနေတဲ့ မလေးရှားရောက် မြန်မာ မွတ်စလင်တဦး၊ ဓာတ်ပုံ- အေပီ