မအူပင်ဒေသ လယ်သမားနဲ့ ရဲတပ်ဖွဲ့ဝင်တွေကြား ပဋိပက္ခဖြစ်

ဧရာဝတီတိုင်းမအူပင်မြို့နယ် မလက်တိုကျေးရွာအုပ်စုမှာ
လယ်ယာမြေသိမ်းခံထားရတဲ့ လယ်သမားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကြား
တင်းမာမှုဖြစ်ပြီး လယ်သမားတွေထိခိုက်ဒဏ်ရာ ရခဲ့တဲ့အတွက် မနေ့ညကစပြီး
ပုဒ်မ၁၄၄ ထုတ်ပြန်လိုက်ပါတယ်။ တချို့သတင်းတွေမှာတော့ ရဲ ၂၅ ဦး ဒဏ်ရာရပြီး
လယ်သမား ၆ ယောက် သေဆုံးတယ်လို့ ဖော်ပြထားပါတယ်။
လယ်သမားအယောက် ၅၀၀ ကျော်နဲ့ ရဲတပ်ဖွဲ့ဝင် ၂၀၀ ကြား အငြင်းပွားမှု ဖြစ်ခဲ့ရာက
ရဲတွေက သေနတ်နဲ့ပစ်ခတ်ခဲ့တဲ့အတွက် လယ်သမားတချို့ ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။
မလက်တိုကျေးရွာအုပ်စု ပလောင်ရွာ၊ အဒိတ်ကျေးရွာ၊ ကွန်ဒိုင်းလေးရွာ၊
လက်ပန်ကုန်းကျေးရွာ၊ ပန်ပင်ကျေးရွာက လယ်သမားတွေ ပိုင်တဲ့မြေကို၂၀၀၄
ခုနှစ်ကတည်းက အာဏာပိုင်တွေက သိမ်းဆည်းခဲ့တာဖြစ်ပြီး လယ်မြေတွေ ပြန်ပေးဖို့
လယ်သမားတွေ တောင်းဆိုကြရာက ပဋိပက္ခဖြစ်ပွားခဲ့တာလို့ လယ်သမားတွေကို
အကူအညီပေးနေတဲ့ မစုစုနွေးက အခုလိုပြောပါတယ်။
သူတို့စပစ်တာကတော့ ၆နာရီခွဲကျော်ကျော်လောက်မှာ စပစ်တယ်၊ ဒဏ်ရာရသွား တာကတော့
၆ယောက်ရသွားတယ်၊ အပြင်းထန်ဆုံးကတော့ မိန်ကလေးတယောက် မမူမူရယ်၊
ကိုသန်းရွှေရယ်၊ ကိုဝင်းနိုင်ရယ်က အပြင်းထန်ဆုံးရတယ်၊ ကျန်တဲ့ လူတွေကတော့
ရှပ်ထိသွားတယ်ပေါ့နော်။
မလက်တို ကျေးရွာအုပ်စုက လယ်မြေတွေပြန်ပေးဖို့ လယ်သမားတွေက တပတ်ကျော်ကြာ
တောင်းဆိုလာပြီးနောက် သိမ်းထားတဲ့လယ်မြေတွေပေါ်မှာ လယ်ပြန်လုပ်နေတဲ့အတွက်
ရာနဲ့ချီတဲ့ လယ်သမား တွေကို ဖေဖော်ဝါရီလ ၂၄ရက်နေ့ ကတည်းက ရဲတပ်ဖွဲ့ဝင် ၂၀၀
လောက်က ၀ိုင်းထားခဲ့ကြတာဖြစ်တယ်လို့ ပြောပါတယ်။
အဲလိုဝိုင်းခံထားရတဲ့ အချိန်မှာပဲ လယ်သမား တွေကို လူစုခွဲပေးဖို့နဲ့ ပုဒ်မ
၁၄၄ထုတ်ပြန်လိုက်တဲ့ အကြောင်းကို ကျေညာခဲ့တာဖြစ်တယ်လို့ မစုစုနွေးက
အခုလိုဆက်ပြောပါတယ်။
လယ်သမားတွေက အဲဒီကန်ဘောင်ကြီးပေါ်မှာ ရဲတွေဝိုင်းခံထားရတယ်၊
၂၄ရက်နေ့ညကနေ၀ိုင်းထားတာ ဒီနေ့ ၂၆ရက်နေ့ ညနေ ၅နာရီထိုးလောက်လဲ ကျရော
အော်လံလေးတွေနဲ့အော်တယ်၊ လူစုခွဲပေးပါ ဒီကန်ဘောင်ရိုး ပေါ်ကနေပြီးတော့
ဖယ်ပေးပါဆိုပြီးတော့ လယ်သမားတွေကို ၁၄၄ထုတ်လိုက်ပြီ လူစုမခွဲပေးဘူး၊
ဒီနေရာကနေ မပြန်ဘူးဆိုရင် ပစ်တော့မှာပဲဆိုပြီးတော့ အော်တယ်
၅နာရီထိုးလောက်မှာ။
ထိခိုက်ဒဏ်ရာရတဲ့သူတွေကိုတော့ မအူပင်ဆေးရုံမှာ ဆေးကုသပေးနေပြီး
လောလောဆယ်မှာနောက်ထပ် ရရှိတဲ့ သတင်းတွေအရ ဒဏ်ရရတဲ့
ရွာသားကြောက်ပြီးပုန်းနေတဲ့ သူတွေရှိနေသလို နှစ်ဘက်ထိခိုက် မှုတွေလည်း
ရှိနေတယ် လို့သိရပြီး ဒီထိခိုက်မှုတွေနဲ့ ပတ်သက်ပြီး
တရားဝင်စာရင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။
ပုဒ်မ ၁၄၄ ဟာ ရပ်ကွက်၊ မြို့နယ်၊ တိုင်းပြည် မငြိမ်မသက်ဖြစ်ပြီး အခြေနေတွေ
ထိန်းသိမ်းဖို့ ခက်ခဲတဲ့အခါ ထုတ်ပြန်တဲ့ ဥပဒေဖြစ်ကြောင်း
ရေဒီယိုသြစတြေးလျသတင်းထောက် မြတ်မိုးက သတင်းပေးပို့ခဲ့ပါတယ်။
တခြားဒေသမှာလည်း လယ်သမားတွေက အသိမ်းခံရတဲ့ လယ်မြေတွေမှာ ပြန်လည်
အလုပ်လုပ်ကိုင်ရင်း အာဏာပိုင်တွေနဲ့ တင်းမာမှုတွေဖြစ်ခဲ့ကြောင်း သိရှိရသည်။
RSS Feed
Twitter
2:54 AM
Unknown
Posted in

Time in Rangoon 
0 comments:
Post a Comment