Man Partiotism shared MyanmarTodayNews's photo.
အကြမ်းဖက်တိုက်ခိုက်မှု ကာကွယ်ရေးအခုဆိုလျှင် ကျနော် တို့ မြန်မာ နိုင်ငံဟာ အကြမ်းဖက်သမားများရဲ့ ရန်ကို အန္ဒိယနိုင်ငံ က သတိပေးရ တဲ့ အခြေနေတောင် ရောက်နေပါပြီ
ကျနော် တို့ ဟာ အကြမ်းဖက် တိုက်ခိုက်မှု အတော်များများကိုလေ့လာ ခဲ့ပါတယ်။ အမေရိကန် နယူးယောက်မြို့ ၉/၁၁ တိုက်ခိုက်မှု (၂၀၀၁) ၊ လန်ဒန် မြေအောက်ရထား တိုက်ခိုက်မှု (၂၀၀၅)၊ အန္ဒိယ မွန်ဘိုင်းမြို့ တိုက်ခိုက်မှု (၂၀၀၈)
များအရ အကြမ်းဖက် တိုက်ခိုက်သူ များဟာ တွေ့ရာ ခလေး ၊ လူကြီး ၊ ယောက်ျား၊ မိန်းမ မရွေး အညှာအတာ ကင်းမဲ့စွာ ရက်ရက်စက်စက် သတ်ဖြတ် ခဲ့ကြပါတယ်။ အဆိုးဆုံးကတော့ အန္ဒိယ မွန်ဘိုင်းမြို့ တိုက်ခိုက်မှု ပါ။ အခုအချိန်အထိ အကြမ်းဖက် တိုက်ခိုက်မှု သမိုင်းမှာ အကြမ်းဖက်သမားများလက် မှ အသက်ရှင်လျက် လွတ်မြောက်လာသူ တစ်ယောက် မှ မရှိခဲ့ပါဘူး။
အကြမ်းဖက်တိုက်ခိုက်မှု ကာကွယ်ရေး အတွက်သိရှိရန်
(၁) အသွားအလာ သတိရှိပါ။
(၂) လူစည်းကားရာ နေရာများတွင် မင်္သကာဖွယ်ရာ အထုတ်များ ၊ ပစ္စည်းများကို စွန့်ပြစ်ခဲ့လျှင် ၁၉၉ ကို ချက်ချင်း အကြောင်းကြားပါ။ လုံးဝ မကိုင်ပါနှင့်။
(၃) အထုတ်အပိုးများနှင့် မင်္သကာဖွယ်ရာ လူမျိုးခြား ၃ ယောက် ကျော်ထက် တွေ့ရှိပါက ချက်ချင်း အကြောင်းကြားပါ။
(၄) အကြမ်းဖက်သမားများ သည် တွေ့ရာ ခလေး ၊ လူကြီး ၊ ယောက်ျား၊ မိန်းမ မရွေး ကို အချိန်တိုအတွင်းမှာ အကြောင်းမရှိ
သတ်ဖြတ် သောကြောင့် အကြမ်းဖက် စီးနင်း တိုက်ခိုက်မှု နှင့် ကြုံတွေ့ရပါ က လုံခြုံရေးဝန်ထမ်းများ မရောက်သေးခင်
ယောက်ျားများ မိမိ ၏ မိသားစု ကို ကာကွယ်ရန် တညီတညွတ် တည်း ရရာလက်နက် ဖြင့် အသေခံ ပြန်လည် ခုခံတိုက်ခိုက်ပါ။
(၅) အကြမ်းဖက်သမားများလက်မှ အသက်ရှင်လျက် ပြန်လည် လွတ်မြောက်ရန် နည်းလမ်းမှာ အသေခံ ပြန်လည် တိုက်ခိုက်ရန်
မှ တစ်ပါး အခြားနည်းလမ်း မရှိပါ။
ဒီနေရာမှာ United Airlines Flight 93 လေယာဉ် အကြောင်း နည်းနည်း ပြောပြချင်ပါတယ်။ ၉/၁၁ ဖြစ်စဉ်မှာ အဲဒီ လေယာဉ်ဟာ အကြမ်းဖက်သမားများရဲ့ လက်ကို ကျရောက်ခဲ့ပါ။ အကြမ်းဖက်သမားများဟာ အဲဒီ လေယာဉ် ကို အပိုင်းစီးပြီး ဝါရှင်တန်ဒီစီ မှာ ရှိတဲ့ အမေရိကန် သမ္မတ ရဲ့ အိမ်ဖြူတော် ကို ဦးတည် မောင်းနှင် ခဲ့ပါတယ်။ အကြမ်းဖက်သမားများရဲ့ ရည်ရွယ်ချက်ဟာ အိမ်ဖြူတော် ကို အဲဒီ လေယာဉ်နဲ့ ဝင်တိုက်ဖို့ ပါ။ အဲဒီ အချိန်မှာ လေယာဉ် ပေါ်မှာ ရှိတဲ့ လူတွေ အကုန်လုံးက နယူးယောက်မြို့ ကမ္ဘာကုန်သွယ်ရေး အဆောက်အအုံ တိုက်ခိုက်ခံရတဲ့ အကြောင်းကို သိရှိသွားပြီး အားလုံး ဟာ မိမိတို့ အားလုံး သေလူအဖြစ် သတ်မှတ်ကာ အကြမ်းဖက်သမားများ ကို သူသေကိုယ်သေ ပြန်လည် တိုက်ခိုက်ကြပါတယ်။ အကြမ်းဖက်သမားများရဲ့ ရည်ရွယ်ချက်ကို ကိုယ့်အသက်နဲ့ လဲပြီး ဖျက်စီးခဲ့ကြပါတယ်။ ရလာဒ် အနေနဲ့ကတော့ United Airlines Flight 93 ဟာ ပင်ဆဲဗေးနီးယား မှာရှိတဲ့ လယ်ကွင်းတစ်ခုမှာ ပျက်ကျခဲ့ပါတယ်။ အမေရိကန် အစိုးရ က United Airlines Flight 93 မှာ ပါဝင်တဲ့ သူတွေ အားလုံးကို သူရဲကောင်း မှတ်တမ်းဝင်တံဆိပ် ချီးမြှင့်ခဲ့ပါတယ်။ အကြမ်းဖက်သမားများကို အောင်နိုင်ခဲ့တဲ့ တစ်ခုတည်းသော ဖြစ်ရပ်တစ်ခုပါ။
မြန်မာ ယောက်ျား တွေလည်း သွေးမနည်းဘူး ဆိုတာ ကမ္ဘာ က သိအောင် ပြနိုင်ဖို့လိုပါတယ်။
RSS Feed
Twitter
11:15 PM
Unknown

Posted in

Time in Rangoon 
0 comments:
Post a Comment