သူတော်ကောင်းနှင့် အသိဥာဏ်
သူတော်ကောင်း ဟုတ်မဟုတ် ချိန်ထိုးသောအခါ ၊ ကိုယ်ချင်းစာတရား မေတ္တာဓါတ်စို
မစို အားဖြင့် ချိန်ထိုးရသကဲ့သို့ ၊ ထို့အတူပင် အသိဥာဏ်ရှိ မရှိ
ချိန်ထိုးသောအခါ ယုတ္တိကင်းမဲ့၍ အဓိပ္ပါယ်မရှိသော အရာများကို ယုံ
မယုံအားဖြင့် ချိန်ထိုးရပေသည် ။
မသင့်မတင့်ဖွယ် နှလုံးသွင်းရှိသော ပုဂ္ဂိုလ်
ရဟန်းတို့ ၊ တစ်ယောက်သော ပုဂ္ဂိုလ်သည် လောကတွင် ဖြစ်ပေါ်လာသော် ၊ လူအများ၏
အကျိုးစီးပွါးမဲ့ခြင်းငှာ ၊ လူအများ၏ ချမ်းသာမဲ့ခြင်းငှာ ၊ လူအများ၏
အကျိုးမဲ့ခြင်းငှာ ၊ နတ်လူတို့၏ ဆင်းရဲခြင်းငှာသာဖြစ်၏ ။ ထိုတစ်ယောက်သော
ပုဂ္ဂိုလ်ဟူသည် ၊ အဘယ်နည်းဟူမူ ဖောက်ပြန်သောအားဖြင့် မြင်တတ်သော ၊ မိစ္ဆာဒိဋ္ဌိ
အယူရှိသော ပုဂ္ဂိုလ်တည်း ။ ထိုပုဂ္ဂိုလ်သည် လူအများကို သူတော်ကောင်းတရားမှ
ကင်းကွာစေ၍ မသူတော်တရားတွင် ၊ တည်စေ၏ ။
0 comments:
Post a Comment