စစ်တွေ မွတ်ဆလင် ဒုက္ခသည် စခန်းတွင် ချာရီယာ ဥပဒေဖြင့် တရားစီရင်မူများ ရှိနေ
စစ်တွေမြို့ မာန်စီ ကျေးရွာ အနီးရှိ မွတ်ဆလင် ဒုက္ခသည် စခန်းတွင် ချာရီယာ ဥပဒေဖြင့် တရားစီရင်မူများ ဖြစ်ပေါ်နေကြောင်း သတင်း ရရှိသည်။

ယခုလက်ရှိ ရရှိသော သတင်းအရ မာန်စီကျေးရွာ အနီးရှိ မွတ်ဆလင် ဒုက္ခသည် စခန်းတွင် သက်ဆိုင်ရာ ဘာသာရေး ခေါင်းဆောင်များက ချာရီယာ ဥပဒေဖြင့် တရားစီရင်မူများ ရှိနေရာ တချို့သူများမှာ သေဒဏ် အထိ အပြစ်ပေးခံနေကြရသည်ဟု ဆိုသည်။
များမကြာမှီက အဆိုပါ စခန်းမှ ဦးအာလီမော် ဆိုသူ မွတ်ဆလင် လူကြီး တစ်ဦးသည် ချာရီယာ ဥပဒေအရ သေဒဏ် အပြစ်ပေးခံခဲ့ရသည် ဆိုသော သတင်းများလည်း ကျယ်ပြန့်စွာ ထွက်ပေါ်နေသည်ဟု ဒေသ အာဏာပိုင် တစ်ဦးက ပြောသည်။
သေဒဏ် အပြစ်ပေးခံရသူမှာ ဦးအာလီမော်ဆိုသူ ဖြစ်ပြီး ၎င်းပုဂ္ဂိုလ်သည် ဦဆော်လီမောက် ဆိုသူထံမှ အကြွေးရရန် ရှိသဖြင့် အကြွေးတောင်းခံရာ မပေးသဖြင့် စစ်တပ်သို့ သွားရောက် တိုင်ကြားရာ စစ်တပ်မှ ဦးဆော်လီမောက်အား ရိုက်ပုတ် ခြိမ်းခြောက်ပြီး အကြွေးပြန်ပေးရန် ပြောဆို မူများ ရှိခဲ့သည်ဟု ဆိုသည်။
ထိုသို့ စစ်တပ်က ခြိမ်းခြောက်ပြောဆိုပြီးနောက် ဦးဆော်လီမောက်မှ မကျေနပ်၍ စခန်းအတွင်းရှိ မော်လ၀ီ လူကြီးအား သွားရောက်တိုင်ကြားရာ မော်လ၀ီ ဆရာကြီးမှ စခန်းတွင်းရှိ မော်လ၀ီ လူကြီးများ ရှိပါလျှက် မတိုင်ကြားဘဲ ဘာသာခြား စစ်တပ်ကို သွားတိုင်ရမလား၊ မင်း ချာရီယာ ဥပေဒကို ဖေါက်ဖျက်သည်ဟု စွပ်စွဲပြီး ဦးအာလီမော်အား သေဒဏ်ပေးခဲ့သည်ဟု ဆိုသည်။
ဦးအာလီမော်အား သေဒဏ်ပေးပြီးနောက် သူ့အား အပိုင်းပိုင်း ခုတ်ဖြတ်ကာ မာန်စီ မွတ်ဆလင် သချိုင်း အနီးတွင် သဂြိုလ်ခွင့်မပေးဘဲ ဂုံနီအိတ်ဖြင့် ထုတ်ကာ လွှင့်ပစ်ထားခဲ့သည်ဟု ဆိုသည်။
ချာရီယာ ဥပဒေအရ မြန်မာနိုင်ငံရှိ ဘာသာရေး ခေါင်းဆောင်များ အနေဖြင့် သေဒဏ် အပြစ်ပေးနိုင်ခြင်း မရှိကြောင်း၊ သို့သော်လည်း ဦးအာလီမော်အား သေဒဏ် ပေးခဲ့သဖြင့် ပြည်ပ တစ်စုံ တစ်ဦးမှ အမိန့် ချမှတ်ခဲ့ဖွယ် ရှိကြောင်း လေ့လာ သုံးသပ်သူများက ပြောဆိုသည်။
မြန်မာ စစ်တပ် အပါအ၀င် လုံခြုံရေး တပ်ဖွဲ့ဝင်များ အနေဖြင့်လည်း ဒုက္ခသည် စခန်း အတွင်းထဲသို့ မသွားရဲကြသဖြင့် မွတ်ဆလင် ဒုက္ခသည် စခန်းတွင် ဘာသာရေး ခေါင်းဆောင်များက ချာရီယာ ဥပဒေဖြင့် တရား စီရင်မူများကို ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ် နေကြသည်ဟု သတင်း ရရှိသည်။
ShareThis

ဆက်စပ်သတင်း
တခြားသတင်းများ
RSS Feed
Twitter
4:59 AM
Unknown

Posted in

Time in Rangoon 
0 comments:
Post a Comment