မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့တွင် ဖြစ်ပွားနေသော ပဋိပက္ခဖြစ်စဉ် များကို သတင်းရယူနေသည့် ပြည်တွင်း ပြည်ပသတင်းသမား ၈ ဦး ယနေ့ မနက်ပိုင်းက ဘုန်းကြီးအချို့ပါဝင်သော လူအုပ်စုတခုက သတင်းမယူရန် ခြိမ်းခြောက်မှုများပြုလုပ်ကြောင
ယနေ့ ၈ နာရီဝန်းကျင်တွင် မိတ္ထီလာမြို့ပေါ်ရှိ မီးလောင်ပျက်စီးနေသော အဆောက်အအုံများနှင့် အပျက်အစီး ဓာတ်ပုံရိုက်ကူးနေသော ပြည်တွင်း၊
ပြည်ပသတင်းသမား ၈ ဦးလိုက်ပါသော မော်တော်ယာဉ်ကို ဘုန်းကြီးအချို့ ဦးဆောင်သော လူအုပ်တခုက လမ်းမပေါ်တွင် တားမြစ်ပြီး ဓာတ်ပုံများ ဖျက်ခိုင်းခြင်း၊ ကင်မရာများ သိမ်းဆည်း ရန်ကြိုးပမ်းခြင်းများ ကြုံတွေ့ ရကြောင်းကိုယ်တိုင်ကြုံတွေ့ခဲ့ရ
“ကျနော်တို့က အပျက်အစီးတွေ၊ မီးလောင်နေတဲ့ အိမ်တွေကို ဓာတ်ပုံတွေရိုက်နေတယ်။ အဲဒီအချိန်မှာ လူအုပ်စုတခုက တုတ်တွေ၊ ဓားတွေကိုင်ထားတယ်။ ကျနော်တို့ကားကို တားတယ်။ ပြီးတော့ ဘာလို့ ဓာတ်ပုံရိုက်တာလဲ၊ ဘာတွေရိုက်လဲ မေးတယ်။ ကျနော်တို့ကလည်း သတင်းထောက်ကတ်တွေ ဘာတွေ ထုတ်ပြတယ်။ ကင်မရာကိုသိမ်းတယ်။ အဲဒီတော့ ကင်မရာကိုတော့ မသိမ်းပါနဲ့ ပုံတွေဖျက်ပေးရတယ်။ အခြေအနေက လုံးဝ လုံခြုံမှုမရှိဘူး” ဟု အဆိုပါ သတင်းသမားက ဆိုသည်။
လူအုပ်တွင်ပါဝင်နေသော သံဃာအချို့မှာ ဒေသခံ သံဃာများ မဟုတ်ဘဲ အခြားဒေသများမှ လာရောက် သည့် သံဃာများဖြစ်ပုံရကြောင်း အဆိုပါသတင်းသမားက ဆိုသည်။
ခြိမ်းခြောက်ခံရသည့် သတင်းသမားများကို ဒေသခံ သံဃာတော်အချို့က မြို့ပေါ် ဘုန်းကြီးကျောင်းတခုတွင် ယာယီ စောင့်ရှောက်ပေးထားခဲ့ပြီး လုံခြုံရေးရဲတပ်ဖွဲ့ဝင်များက လာရောက်ခေါ်ဆောင်ပေးခဲ့ကြောင်း၊ အချို့ သတင်းသမားများမှာ လုံခြုံရေးအခြေအနေ စိတ်မချရသည့်အတွက် မိတ္ထီလာမြို့မှ ပြန်လည်ထွက်ခွာလာပြီး အချို့မှာမူ မိတ္ထီလာတွင် ဆက်လက်သတင်းယူနေဆဲဖြစ်ကြောင်း သိရှိရသည်။
သတင်းသမားများ ခြိမ်းခြောက်မှုအတွက် ရန်ကုန်မြို့အခြေစိုက်သတင်းလွတ်
သတင်းလွတ်လပ်ခွင့်ကော်မတီ၏ ပြန်ကြားရေးတာဝန်ခံသတင်းစာဆရာ ဦးဇော်သက်ထွေးက သတင်းသမားများ ခြိမ်းခြောက်ခံရမှုနှင့်ပတ်သက်ပြ
မိတ္ထီလာတွင် မတ် ၂၀ ရက်နေ့က ရွှေဆိုင်တဆိုင်တွင် ဖြစ်ပွားသော ရန်ပွဲတခုကို အကြောင်းပြုကာ ဘာသာရေးနှင့် လူမျိုးရေးပုံစံအဓိကရုဏ်းများဖြ
RSS Feed
Twitter
2:17 AM
Unknown


Posted in

Time in Rangoon 
0 comments:
Post a Comment